သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှုကို နှိမ်နှင်းခြင်းက ပိုမိုလွယ်ကူနိုင်ပါတယ်။
သစ်တောလုပ်ငန်းနှင့် နည်းပညာပေါင်းစပ်လိုက်တဲ့အခါ Flash Forest လို့ခေါ်သည့် Toronto အခြေစိုက် startup တစ်ခုဟာ ပေါက်တူးနှင့် အပင်စိုက်သည့် အလုပ်သမားတစ်ဦးထက် ၁၀ ဆ ပိုမိုလျင်မြန်စွာ သစ်ပင်စိုက်ပျိုးရန် ဒရုန်းတွေကို အသုံးပြုနေပြီး ၂၀၂၈ ခုနှစ်တွင် သစ်ပင် တစ်ဘီလီယံ အပြည့် စိုက်ပျိုးနိုင်ရန် ရည်မှန်းထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ သစ်ပင်စိုက်ပျိုးခြင်းကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ရန် လိုအပ်နေသည့်အချိန်တွင် ကုမ္ပဏီဟာ မိရိုးဖလာသစ်ပင်စိုက်ပျိုးမှုအား ပိုမိုကောင်းမွန်စေရန် နည်းပညာ၊ ဆော့ဖ်ဝဲလ်နှင့် ဂေဟသိပ္ပံတို့ကို ပေါင်းစပ်ကာ သစ်ပင်မျိုးစေ့များကို မြေဆီလွှာထဲတွင် စိုက်ပျိုးပြီး လျင်မြန်စွာပေါက်စေရန် ဒရုန်းတွေကို ပြုပြင်မွမ်းမံထားပါတယ်။
ထို့အပြင် ဤနည်းပညာက သမားရိုးကျသစ်ပင်စိုက်ပျိုးနည်းတွေထက် ၈၀ ရာခိုင်နှုန်း သက်သာသော ကုန်ကျစရိတ်ဖြင့် အလုပ်ဖြစ်စေပါတယ်။

ထိုအရာရဲ့ အလုပ်လုပ်ပုံ
စိုက်ပျိုးပင်တွေကို မြေကြီးထဲသို့ အသင့်တော်ဆုံး အတိမ်အနက်တွင် နေရာချ နိုင်စေမည့် pneumatic firing စနစ်ဖြင့် ဒရုန်းတွေကို တပ်ဆင်ထားပါတယ်။
ဤအရာက အဖွဲ့အား လူသား စိုက်ပျိုးသူတွေ မဝင်ရောက်နိုင်သည့် ခက်ခဲသော ဧရိယာတွေထဲသို့ ဝင်ရောက်နိုင်စေပါတယ်။
မျိုးစေ့တောင့်တစ်ခုစီကို လက်ဖြင့် ပြုလုပ်ထားပြီး အနည်းဆုံး အပင်မပေါက်သေးသော အစေ့သုံးမျိုး၊ mycorrhizae၊ ဓာတ်မြေသြဇာများနှင့် အဖွဲ့မှ ထုတ်ဖော်မပြထားသော အပင်များ နှစ်သက်သည့် အခြားပါဝင်ပစ္စည်းတွေ ပါဝင်ပါတယ်။
ဧရိယာ သတ်မှတ်ရန် အတွက် ပုံစံဆွဲ ဒရုန်းတွေကို စတင် အသုံးပြုခြင်းဖြင့် သစ်ပင် စိုက်ပျိုးရေး လုပ်ငန်းစဉ် စတင်ပါတယ်။
မြေဆီလွှာနှင့် ရှိပြီးသားအပင်တွေကို အခြေခံ၍ စိုက်ပျိုးရန် စံပြနေရာတွေကို ဆော့ဖ်ဝဲလ်အသုံးပြု၍ ရှာဖွေတွေ့ရှိသည်နှင့် တပြိုင်နက် ဒရုန်းအုပ်စုဟာ မျိုးစေ့တွေကို တိကျစွာ စတင်ကြဲပါတယ်။
Pneumatic firing ကိရိယာဟာ မတ်စောက်သော မြေပြင်အခြေအနေ သို့မဟုတ် လမု သစ်တောများတွင် အသုံးဝင်ပြီး ဒရုန်းတွေအား မျိုးစေ့တွေကို မြေကြီးထဲသို့ ပိုမိုနက်ရှိုင်းစွာ တွန်းပို့နိုင်စေပါတယ်။
စိုက်ပျိုးပြီးသောအခါ အဖွဲ့က လုပ်ငန်းစဉ်ကို ခြေရာခံပြီး ပျိုးပင်တွေကို အာဟာရပေးရန်အတွက် ဆေးဖြန်းဒရုန်းတွေကို ဖြန့်ကျက်ပြီး အပင်ကြီးထွားမှုဖြစ်စဉ်ကို စောင့်ကြည့်ရန် အခြားဒရုန်းတွေကို အသုံးပြုပါတယ်။

ထို့အပြင် မျိုးစေ့တွေကို မစိုက်ပျိုးမီ အညှောက်ပေါက်စေပြီး ပိုမိုထိရောက်သော ကြီးထွားမှုနှင့် အမြစ်စနစ်ကို ခိုင်မာစေပါတယ်။
ရှေ့ပြေးပုံစံစက်တွေကို စမ်းသပ်ပြီးနောက် startup ဟာ ကနေဒါနိုင်ငံ၊ Ontario တစ်ခွင်၌ သစ်ပင်တွေ စိုက်ပျိုးနေပြီဖြစ်ပါတယ်။
ကုမ္ပဏီက မျိုးစေ့တစ်တောင့်လျှင် ၅၀ ဆင့်နှုန်းဖြင့် ကုန်ကျစရိတ် လျှော့ချစေချင်နေပါတယ်။
၂၀၂၀ ခုနှစ်အထိ Flash Forest ၏ နည်းပညာဟာ တစ်ရက်လျှင် အစေ့ပေါင်း ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ စိုက်ပျိုးနိုင်တယ်လို့ Fast Company မှ သိရပါတယ်။
တစ်နေ့ကျရင်တော့ ဒရုန်းတစ်စုံလျှင် နေ့စဉ် သစ်ပင်ပေါင်း တစ်သိန်းခန့် စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။
ဤသည်မှာ ကျွန်တော်တို့ရဲ့ သစ်တောတွေကို ပြန်လည်ရှာဖွေဖို့ နည်းပညာကိုအသုံးပြုသည့် တစ်ခုတည်းသော ဥပမာမဟုတ်ပါဘူး။
ဘရာဇီးနိုင်ငံရှိ အမေဇုန် သစ်တောရဲ့ Uru-Eu-Wau-Wau မျိုးနွယ်စုဒေသကို သွားရောက် လည်ပတ်ခဲ့မယ်ဆိုရင် တရားမဝင် သစ်တောပြုန်းတီး စေခြင်းကို စောင့်ကြည့်ရန် ဒေသခံတွေ အသုံးပြုသည့် အံ့အားသင့်ဖွယ် ကိရိယာတစ်ခုကို သတိပြုမိလိမ့်မှာ ဖြစ်ပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။