နွားတွေအကြောင်း သင်မသိသေးတဲ့ အချက် ၁၀ ချက်

Knowledge Nature

နွားတွေဟာ လူသားတွေအပြင် တစ်ခုတည်းသော တွေ့ရအများဆုံးသော နို့တိုက် သတ္တဝါ မျိုးစိတ်တွေ ဖြစ်တာကြောင့် တစ်ခါတစ်ရံ ကျွန် တော်တို့၏ ဘဝ နောက်ကြောင်း ရာဇဝင်တွင် မျိုးသုဉ်း ပျောက်ကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ရီဝေနေသော မျက်လုံးများ၊ နှေးကွေးသော ​ခြေလှမ်းနှင့် ယေဘူယျအားဖြင့် မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် နွားတွေဟာ အသားနှင့် နို့ထွက်ပစ္စည်းများ၏ အရင်းအမြစ်အဖြစ် သူတို့ရဲ့ စီးပွားရေး ကဏ္ဍမှလွဲ၍ များစွာ အသိအမှတ်ပြုခြင်းမခံရပါဘူး။

ဒါပေမယ့် တကယ်တမ်းမှာတော့ သင်ထင်ထားတာထက်ကို နွားတွေအကြောင်း အများကြီးရှိပါသေးတယ်။

သူတို့က ဉာဏ်ရည် ထက်မြက်ပြီး လူမှု ဆက်ဆံရေး ကောင်းမွန်သော တိရစ္ဆာန်တွေ ဖြစ်ကြပြီး ကမ္ဘာ့ နေရာ အချို့တွင် မြင့်မြတ်သောသတ္တဝါတွေအဖြစ်ပင် ဂုဏ်ပြုခံထားရပါတယ်။

ဖော်ပြပါတွေကတော့ သင့်အား ဒီနူးညံ့သိမ်မွေ့သော အကောင်ကြီးတွေကို နောက်တစ်ကြိမ်လောက် တန်ဖိုး ထားစေမယ့် နွားများနှင့် ပတ် သက်သော အချက် ၁၀ ချက်ဖြစ်ပါတယ်။

၁။ နွားတွေက တူရကီတွင် စတင်ဖြစ်ပေါ်လာပါတယ်။

Taurine cows လို့လည်းသိကြသော အိမ်မွေးနွားတွေဟာ aurochs လို့သိကြသော တောရိုင်း နွားများ၏ မျိုးဆက်များဖြစ်ပြီး သူတို့ကို လွန်ခဲ့သောနှစ်ပေါင်း ၁၀,၅၀၀ ခန့်က တူရကီ အရှေ့တောင်ပိုင်းတွင် ပထမဆုံး မွေးမြူခဲ့ကြပါတယ်။

နောက်ပိုင်းတွင် တစ်ခါတစ်ရံ zebu နွားလို့ခေါ်တဲ့ ဒုတိယ မျိုးစိတ်ခွဲတစ်မျိုးကို နှစ်ပေါင်း ၇,၀၀၀ ဝန်းကျင်၌ အိန္ဒိယတွင် သီးခြားဖြစ်ရပ်တစ်ခုမှာ မွေးမြူခဲ့ပါတယ်။

၁၆၂၇ ခုနှစ်တွင် အမဲလိုက်ခြင်းနှင့် ကျက်စားရာ နေရာများ ဆုံးရှုံးခြင်းကြောင့် တောရိုင်း aurochs တွေဟာ မျိုးသုဉ်း သွားခဲ့သော်လည်း သူတို့ရဲ့ မျိုးရိုးဗီဇမှာ ကျွဲများ၊ စာမရီများနှင့် အိမ်မွေးနွားတို့အပါအဝင် သားစဉ်မြေးဆက်တွေအထိ ရှင်သန်နေပါတယ်။

၂။ နွားမတွေကို “cow” လို့ ခေါ်ကြပြီး နွားထီးတွေကို “bull” လို့ ခေါ်ကြပါတယ်။

အင်္ဂလိပ်ဘာသာစကားတွင် ယေဘုယျအားဖြင့် ကျွန်တော်တို့မှာ ကြောင် သို့မဟုတ် ခွေးကဲ့သို့သော မျိုးစိတ်တစ်ခု၏ အထီး၊ အမနှစ်မျိုးလုံးကို ရည်ညွှန်းရာတွင် သုံးနိုင်သော တစ်လုံးတည်းသော စကားလုံးတစ်မျိုးရှိပါတယ်။

သို့သော် အရွယ်ရောက်ပြီးသော နွားမ သို့မဟုတ် နွားထီးကို တန်းတူရည်ညွှန်းသော အနည်းကိန်း နာမ်မရှိတာကြောင့် နွားတွေဟာ ထူးခြားပါတယ်။

ကျွန်တော်တို့မှာ အများကိန်းဖြစ်သော “cattle” ဆိုတဲ့ စကားလုံးသာ ရှိပါတယ်။ စကား အသုံးအနှုန်းတွင် “cattle” တွေကို “cows” လို့ မကြာခဏ ခေါ်ဆိုလေ့ရှိကြပါတယ်။

၃။ နွားတွေဟာ လူမှုဆက်ဆံရေး မြင့်မားသော တိရစ္ဆာန်တွေ ဖြစ်ကြပါတယ်။

နွားတွေက အတူတူ အချိန်ဖြုန်း ရတာကို နှစ်သက်ကြပြီး အချို့သော သုတေသနတွေက နွားတွေမှာ အချစ်ဆုံး သူငယ်ချင်းတွေရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ကွဲကွာတဲ့အခါ စိတ်ဖိစီးမှုတွေ ရှိလာ နိုင်တတ်တာကို ပြသခဲ့ပါတယ်။

အထီးကျန်ခြင်း၊ နှလုံးခုန်နှုန်းနှင့် ကော်တီဆောအဆင့်တွေကို တိုင်းတာသည့် လေ့လာမှုတစ်ခုတွင် သုတေသီ Krista McLennan က နွားမတွေမှာ နှစ်သက်သော အဖော်နှင့် ကြုံရာနွားမနှင့် နှိုင်းယှဉ်လိုက်တဲ့အခါ နှလုံးခုန်နှုန်း နည်းပါးပြီး ကော်တီဆော ပမာဏ နည်းပါးသွားကြောင်း တွေ့ရှိခဲ့ပါတယ်။

နွားဖော်တွေနဲ့ ပေါင်းသင်း ဆက်ဆံရတာကို နှစ်သက်တဲ့အပြင် လူတွေက သူတို့ကို ကောင်းကောင်း ဆက်ဆံတဲ့အခါမှာလည်း သူတို့က ပိုပြီးတော့ ကောင်းကောင်း တိုးတက်လာပါတယ်။

နွားမတစ်ကောင်ကို နာမည်ပေးပြီး သူ့ကို သီးသန့် ဂရုစိုက်ဆက်ဆံပါက သူမဟာ တစ်နှစ်လျှင် နို့ ပိုင့် ၅၀၀ နီးပါးလောက် ထုတ်လုပ်တာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ဒီနွားတွေက ပိုမိုထုတ်လုပ် လာနိုင်ရုံတင် မကပါဘူး။ သူတို့က ပိုပြီးတော့လည်း ပျော်ရွှင်လာပါတယ်။

နို့ထွက်နှုန်းတိုးလာတာက အပျက်သဘောဆောင်တဲ့ ခံစားချက်တွေနဲ့ ဆက်စပ်နေတဲ့ စိတ်ဖိစီးမှုဟော်မုန်း cortisol အဆင့်နည်းပါးမှုနှင့် ဆက်စပ်နေပါတယ်။

၄။ နွားတွေဟာ ရေကူးကောင်းသူတွေ ဖြစ်ကြပါတယ်။

နွားတွေက ရေကူးချင်ပုံမပေါ်ပေမယ့် နွားတွေက ရေကူးနိုင်တယ်လို့ သင့်ကို နွားကျောင်းသား တစ်ယောက်ယောက်က ပြောနိုင်ပါတယ်။

အမှန်တကယ်တော့ မြစ်ကိုဖြတ်ပြီး ရေကူးနေသော နွားတွေဟာ မွေးမြူရေးသမားများနှင့် လယ်သမားတွေ မျိုးဆက်အလိုက် ထိန်းကျောင်းထားသည့် ရိုးရာ အတတ်ပညာတစ်ခု ဖြစ်ပြီး သူတို့က နွားတွေကို ကျက်စားရာ နေရာတွေကြား သို့မဟုတ် နိုင်ငံတစ်ဝှမ်းတွင်ပင် ရွှေ့ပြောင်းနိုင်စေခဲ့ပါတယ်။

လယ်သမားတွေက သူတို့ကို ထိန်းကျောင်းမပေးထားရင်တောင်မှ နွားတွေက နွေမှာ အေးမြစေပြီး အင်းဆက်ပိုးမွှားတွေကနေ လွတ်မြောက်ဖို့ အိုင်တွေနဲ့ ရေကန်တွေထဲ ကူးသွားကြပါတယ်။

၅။ နွား​တွေကို အိပ်နေတဲ့အချိန် တွန်းလှဲလို့ ရတယ်ဆိုတဲ့ အယူအဆအမှား

လူများစွာက နွားတွေကို မတ်တပ် အိပ်နေသည့်အချိန်မှာ တွန်းလှဲလို့ ရတယ်လို့ ရှေးခေတ်ကတည်းက ပြောဆိုနေခဲ့ပေမယ့် အဲဒါဟာ မဟုတ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

၂၀၀၅ ခုနှစ်တွင် British Columbia တက္ကသိုလ်မှ သုတေသီတွေက နွားတွေ တွန်းလှဲဖို့က ခွန်အား ၂,၉၁၀ နယူတန် လိုအပ်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

ဆိုလိုသည်မှာ နွားတစ်ကောင်ကို တွန်းလှဲဖို့က လူသားတွေရဲ့ ခွန်အားထက် ပိုပြီးတော့ စိုက်ထုတ်ရတယ်လို့ ပြောတာပါ။

၆။ နွားတွေက အရမ်းမအိပ်ပါဘူး။

နွားတွေဟာ တစ်နေ့လျှင် ၁၀ နာရီမှ ၁၂ နာရီအထိ လဲလျောင်းနေလေ့ရှိသော်လည်း အများစုမှာ ကောင်းစွာ အနားယူနေတဲ့အချိန်သာဖြစ်ပြီး အိပ်စက်နေတာ မဟုတ်ပါဘူး။

တကယ်တော့ ပျမ်းမျှနွားတစ်ကောင်က တစ်နေ့ကို လေးနာရီခန့်သာ အိပ်လေ့ရှိပြီး တစ်နေ့တာလုံး တိုတောင်းစွာ တိုးမြင့် လာလေ့ ရှိပါတယ်။

အိပ်စက်ခြင်းဆိုင်ရာ လေ့လာမှုတွေက လူသားတွေမှာလိုပဲ အိပ်ရေးပျက်ခြင်းက နွား၏ ကျန်းမာရေး၊ ထုတ်လုပ်မှုစွမ်းအားနှင့် အပြုအမူတို့ကို ထိခိုက်စေနိုင်တာကို ပြသခဲ့ပါတယ်။

အိပ်စက်နေစဉ်တွင် မြင်းတွေနဲ့မတူဘဲ နွားတွေက မတ်တပ်ရပ်ပြီး မအိပ်ဘဲ တစ်မှေးလောက် မအိပ်ခင် အမြဲတမ်း လှဲချပါတယ်။

၇။ နွားတွေဟာ ဟိန္ဒူယဉ်ကျေးမှုတွင် မြင့်မြတ်သော သင်္ကေတတစ်ခု ဖြစ်ပါတယ်။

နွားတွေဟာ ဘဝ၏ မြင့်မြတ်သော သင်္ကေတအဖြစ် သတ်မှတ်ခံရပြီး ဟိန္ဒူ အများစု ယဉ်ကျေးမှုရှိ နွားတွေဟာ လမ်းတွေပေါ်တွင် လွတ်လပ်စွာသွားလာကာ အားလပ်ရက် ဓလေ့ထုံးတမ်းများတွင် ပါဝင်လေ့ရှိကြပါတယ်။

အချို့ကိစ္စတွေမှာ နွားတွေကို အန္တရာယ်မှ ကာကွယ်ရန် ဥပဒေတွေရှိပါတယ်။ ၎င်းတို့အနက်မှ အပြင်းထန်ဆုံးမှာ နွားသတ်ခြင်းအတွက် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခြင်းဖြစ်ပြီး အိန္ဒိယအလယ်ပိုင်း Madhya Pradesh ပြည်နယ်တွင် တွေ့ရှိရပါတယ်။

အိန္ဒိယတွင် တိရစ္ဆာန်တွေရဲ့ ကောင်းကျိုး ချမ်းသာကို အာမခံရန်အတွက် “နွားနှင့်သက်ဆိုင်သည့် cabinet အဖွဲ့” ကို ဖွဲ့စည်းခဲ့ပါတယ်။

၈။ နွားတွေဟာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု၏ အကြီးမားဆုံး အရင်းအမြစ်များထဲမှ တစ်ခုဖြစ်ပါတယ်။

နွားတွေ အစာ​ချေသောအခါတွင် အချဉ်ဖောက်ခြင်းက မီသိန်းပမာဏများစွာကို ဖြစ်ပေါ်စေပါတယ်။

နွားတွေဟာ တစ်နေ့လျှင် ဓာတ်ငွေ့ ၂၅၀ လီတာမှ ၅၀၀ လီတာအထိ ထုတ်ပြီး ၎င်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် ပိုမိုအားကောင်းသော ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းဟာ ဓာတ်ငွေ့ ထုတ်လွှတ်မှုအားလုံး၏ ၁၄.၅ ရာခိုင်နှုန်းအတွက် တာဝန်ရှိပြီး မီသိန်း ထုတ်လွှတ်သူတွေ အဖြစ် အမဲသားနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်တဲ့ နွားတွေဟာ အခြား မွေးမြူရေး တိရစ္ဆာန်တွေထက် သာလွန်ပါတယ်။

ကမ္ဘာပေါ်ရှိ နွား ၁.၄ ဘီလီယံ၏ အများစုကို ခြံမွေးတိရစ္ဆာန်အဖြစ် မွေးမြူထားတာကြောင့် ကျွန်တော်တို့ရဲ့ အသားနှင့် နို့ထွက်ပစ္စည်းတွေ စားသုံးမှုကို လျှော့ချခြင်းအား ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ထိရောက်သေ ာနည်းလမ်းအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။

၉။ နွားတွေက အနီရောင်ကို မမြင်ရပါဘူး။

အနီရောင်ကိုမြင်ရင် နွားခွေတတ်တယ်ဆိုတဲ့ ရှေးဆိုရိုးစကားက မမှန်ပါဘူး။ အရောင်က သူတို့ကို စိတ်ဆိုးစေမှာ မဟုတ်ပါဘူး။

တကယ်တော့ နွားတွေမှာ လူ့စံနှုန်းအရ အရောင်ခွဲခြားသိမြင်နိုင်စွမ်း မရှိပါဘူး။ အနီရောင်အရောင်အဆင်းကို လုပ်ဆောင်နိုင်တဲ့ မျက်စိအာရုံခံလွှာတောင် မရှိပါဘူး။

တဟုန်းဟုန်းတောက်နေသော နွားတစ်ကောင်အတွက် တောက်ပသော အနီရောင်ဝတ်ရုံကြီးက မီးခိုးဝါရောင်နှင့် တူပါတယ်။

နွားရိုင်းကစားသမားက နွားကို လှုံ့ဆော်တဲ့အခါ နွားကို စိတ်ဆိုးစေတာက အရောင်မဟုတ်ဘဲနှင့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေသည့် ဝှေ့ယမ်းနေသော အလံ သို့မဟုတ် ဝတ်ရုံ၏ လှုပ်ရှားမှု ဖြစ်နိုင်ပါတယ်။

၁၀။ နွားတွေမှာ အခန်းလေးခန်းပါဝင်သော အစာအိမ်တစ်လုံးသာ ရှိပါတယ်။

နွားတွေမှာ အစာအိမ်လေးခုပါတယ်လို့ ပြောလေ့ရှိကြပေမယ့် နည်းပညာအရတော့ မမှန်ကန်ပါဘူး။

အမှန်တကယ်တော့ နွားတွေမှာ တစ်ခုချင်းစီအလိုက် မတူညီတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်တဲ့ ကွဲပြားတဲ့ အကန့်လေးခု ပါရှိသည့် အလွန်ကြီးမားသော အစာအိမ်တစ်ခု ရှိတာ ဖြစ်ပါတယ်။

ဒီရှုပ်ထွေးသော အစာခြေ စနစ်က နွားတစ်ကောင်၏ နေ့စဉ် စားသုံးသော မြက် ၃၅ ပေါင်မှ ၅၀ ပေါင် အထိကို ပိုမိုကောင်းမွန်စွာ ချေဖျက်နိုင်စေပါတယ်။

Reticulum လို့ ခေါ်တဲ့ အစာအိမ်ရဲ့ ဒုတိယ အစိတ်အပိုင်းမှာ နွားတွေက လေချဉ်တက်ပြီး သူတို့အစာကုန်အောင် ဆက်လက်ဝါးနေဖို့ရာ စားမြုံ့ကို ထုတ်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.