ဆင်တွေနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာ အချက် (၁၀) ချက်

Knowledge Nature

(၁) ဆင်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးကုန်းမြေ တိရစ္ဆာန်များ ဖြစ်ကြပါတယ်

တော်တော်များများ သိကြတဲ့အတိုင်း အာဖရိကဆင်တွေဟာ ကမ္ဘာ့အကြီးဆုံး မြေပြင်နို့တိုက်သတ္တဝါများဖြစ်​ကြပါတယ်။

အထီးတွေဟာ ပျမ်းမျှအားဖြင့် ၃ မီတာ အမြင့် အထိရှိကြပြီး အလေးချိန်ဟာ ၆ တန်အထိ ရှိပါတယ်။

အထီးတွေဟာ သူတို့ဘဝသက်တမ်းရဲ့ တစ်ဝက်ခန့်ဖြစ်တဲ့ အသက် ၃၅ -၄၀ အတွင်းရောက်မှသာ အရွယ်ရောက်ကြပြီး တောရိုင်းဆင်များ ကဲ့သို့ နှစ်ပေါင်း ၆၀ -၇၀ အထိ ရှင်သန်နိုင်ကြပါတယ်။

မွေးကင်းစ ဆင်ပေါက်လေးတွေဟာ ၁၂၀ ကီလိုဂရမ် အလေးချိန်အထိ ရှိကြပါတယ်။

(၂) ဆင်တွေရဲ့ နားရွက်ကိုကြည့်ပြီး သူတို့ရဲ့ မျိုးစိတ်နှစ်ခုကို ခွဲခြားနိုင်ပါတယ်

အာဖရိကဆင် နဲ့ အာရှဆင် ဆိုပြီး ဆင်မျိုးစိတ်နှစ်မျိုးရှိပါတယ်။

အာဖရိကဆင်တွေရဲ့ နားရွက်ဟာ သူတို့ရဲ့မျိုးကွဲများထက် များစွာပိုကြီးပြီး အာဖရိကတိုက် ကဲ့သို့ ပုံသဏ္ဍာန် ရှိပါတယ်။

အာရှဆင်တွေရဲ့ ​နားရွက်တွေကတော့ အိန္ဒိယတိုက်ငယ်ကဲ့သို့ ပုံသဏ္ဍန်ရှိတာကို တွေ့ရပါတယ်။

နှာမောင်း ပုံသဏ္ဍာန် ခြားနားချက်လည်း ရှိပါတယ်၊၊ အာဖရိကဆင်တွေဟာ ၎င်းတို့ရဲ့ နှာမောင်းထိပ်မှာ လက်ချောင်းတွေလို ဆုပ်ကိုင်နိုင်တဲ့အရာ နှစ်ခုပါပြီး အာရှဆင်တွေဟာ တစ်ခုဘဲ ပါကြပါတယ်။

အာဖရိကဆင် (ဘယ်) အာရှဆင် (ညာ)

(၃)ဆင်တွေရဲ့ နှာမောင်းတွေဟာ ကျွမ်းကျင်တဲ့ အရည်အချင်းတွေ ရှိပါတယ်

ဆင်တွေရဲ့ နှာမောင်းထဲမှာ ကြွက်သားပေါင်း ၁၅၀၀၀၀ ခန့်ရှိပါတယ်။ အာရှဆင်တွေဟာ အခွံမာသီးကို ကောက်ယူဖို့ ၊ အခွံကိုခွာပြီး အစေ့ကို စားရဖို့အတွက် နှာမောင်းကို အသုံးပြုလေ့ရှိပါတယ်။

ဆင်တွေဟာ ရေသောက်ဖို့အတွက်လည်း သူတို့ရဲ့ နှာမောင်းကို အသုံးပြုလေ့ရှိပါတယ်၊ သူတို့နှာမောင်းဟာ ရေ ၈ လီတာအထိဆန့်ပါတယ်။ ရေကူးတဲ့အခါမှာလည်း သူတို့ရဲ့နှာမောင်းတွေကို snorkel အဖြစ် သုံးကြပါတယ်။

(၄) ဆင်စွယ်တွေဟာ တကယ်တော့ သွားတွေဖြစ်ကြပါတယ်

အမှန်တကယ်တော့ ဆင်စွယ်တွေဟာ ကြီးမားတဲ့ အံသွားများ ဖြစ်ကြပြီး သူတို့အသက် ၂ နှစ် ၀န်းကျင်မှာ ပထမဆုံး ပေါက်လာတာဖြစ်ပါတယ်။

ဆင်​တွေရဲ့အစွယ်ဟာ သူတို့ရဲ့ဘဝတစ်လျှောက်လုံး ဆက်လက်ကြီးထွားနေကြတာပါ။

ဆင်တွေဟာ သူတို့ရဲ့ အစွယ်ကို အစာစားဖို့ ၊ သစ်ခေါက်တွေခွါဖို့ ၊ သစ်မြစ်တွေကို အပေါ်လှန်ဖို့ နှင့် ကာကွယ်တိုက်ခိုက်ဖို့ အသုံးပြုကြပါတယ်။

ဒါပေမယ့် ဒီလှပတဲ့ဆင်စွယ်တွေက ဆင်တွေကို အန္တရာယ်ဖြစ်​စေ​ပါတယ်။

(၅) ဆင်တွေရဲ့ အရေပြားဟာ အလွန်ကိုထူပါတယ်

ဆင်တစ်ကောင်လုံးရဲ့ နေရာတော်တော်များများက အရေပြားဟာ ၂.၅ စင်တီမီတာ ထူပါတယ်။

သူတို့ရဲ့ အရေပြား​ပေါ်က အခေါက်​တွေ နှင့်အရေးအကြောင်းတွေဟာ ပြားချပ်တဲ့ အသားအရေထက် ရေကို ၁၀ ဆ ပိုမိုသိုလှောင်နိုင်ပြီး ဒါဟာ ၎င်းတို့ကို အေးမြစေပါတယ်။

ဆင်တွေဟာ သူတို့အရေပြားကို သန့်ရှင်းစေဖို့ နှင့် နေလောင်ဒဏ်တွေကနေ ကာကွယ်နိုင်ဖို့ ရွှံ့တွေ ဗွက်တွေ နှင့် ရေချိုးလေ့ရှိပါတယ်။

(၆) ဆင်တွေဟာ အမြဲလိုလိုဘဲ စားနေလေ့ရှိပါတယ်

ဆင်တွေဟာ တစ်နေ့လျှင် အစာ ၁၅၀ ကီလိုဂရမ်အထိ လိုအပ်ပါတယ်၊ ဒါဟာ မီးဖုတ်ထားတဲ့ ပဲ ၃၇၅ ဗူးခန့်ရှိပြီး တစ်ဝက်ခန့်ဟာ ခန္ဓာကိုယ်ကို အစာမကြေဖြစ်စေနိုင်ပါတယ်။

သူတို့ဟာ အလွန်စားကြပြီး သူတို့တစ်နေ့တာရဲ့ လေးပုံသုံးပုံကို စားသုံးရင်း ကုန်ဆုံးကြပါတယ်။

(၇) ဆင်တွေဟာ တုန်ခါသံများဖြင့်လည်း ဆက်သွယ်ကြပါတယ်

ဆင်တွေဟာ တံပိုးမှုတ်ခေါ်သံ ကဲ့သို့ အသံများအပါအ၀င် ခန္ဓာဘာသာစကား ၊ ထိတွေ့မှု နှင့် အနံ့စတဲ့ နည်းလမ်းအမျိုးမျိုးဖြင့်လည်း ဆက်သွယ်ကြပါတယ် (တစ်ချို့အသံတွေ လူတွေမကြားနိုင်လောက်အောင် တိုးပါတယ်)။

ဆင်တွေကို မြေပြင်တုန်ခါမှုကို ဖြစ်စေတဲ့ ငလျင်အချက်ပြအသံများဖြင့်လည်း ဆက်သွယ်နိုင်ပြီး သူတို့ရဲ့ အရိုးတွေကနေ တစ်ဆင့် ထောက်လှန်းနိုင်ပါတယ်။

(၈)ဆင်ပေါက်လေးတွေဟာ မွေးပြီး မိနစ်၂၀ အတွင်း မတ်တပ်ရပ်နိုင်ပါတယ်

အံ့သြစရာကောင်းတာက ဆင်ပေါက်လေးတွေဟာ မွေးဖွားပြီး မိနစ် ၂၀ အတွင်း မတ်တပ်ရပ်နိုင်ပြီး ၁ နာရီ အတွင်း လမ်းလျှောက်နိုင်ပါတယ်။နှစ်ရက်ကြာပြီးနောက် သူတို့​လေးတွေဟာ နွားအုပ်ကို အမီလိုက်နိုင်ကြပါတယ်။

ဒီမယုံနိုင်စရာကောင်းတဲ့ ရှင်သန်မှု နည်းစနစ်ဟာ ဆင်ပေါက်လေးတွေကို ရှင်သန်ကြီးထွားဖို့ အစာနဲ့ရေကို ရှာဖွေတဲ့နေရာမှာ ရွှေပြောင်းနိုင်ဖို့ ကူညီပေးပါတယ်။

(၉) ဆင်တွေဟာ ဘယ်တော့မှ မမေ့တက်ကြပါဘူ

ဆင်တွေရဲ့ မှတ်ဥာဏ်နှင့် ဆက်စပ်နေသော ဦးနှောက်အစိတ်အပိုင်းဟာ လူတွေထက်ပိုကြီးပြီး ပိုထူပါတယ်။ ဒါကြောင့် ဆင်တွေဟာ ဘယ်တော့မှ မမေ့တက်ကြပါဘူး။

(၁၀) အာဖရိက ဆင်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပြီးခဲ့တဲ့ရာစုနှစ်အတွင်း သုတ်သင်ခံခဲ့ရကြောင်း

ဆင်စွယ်ရောင်းဝယ်ဖောက်ကားမှုကြောင့် အာဖရိက ဆင်ကောင်ရေ ၉၀ ရာခိုင်နှုန်းခန့်ဟာ ပြီးခဲ့တဲ့ရာစုနှစ်အတွင်း သုတ်သင်ခံခဲ့ရပြီး ယနေ့တွင် ခန့်မှန်း​ချေ ဆင်ရိုင်းပေါင်း ၄၁၅၀၀၀ ခန့်သာ ကျန်ရစ်ပါတော့တယ်။

အာရှဆင်တွေရဲ့ နောက်ဆုံးမျိုးဆက်သုံးဆက်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပြီး ခြိမ်းခြောက်မှုတွေနှင့် ရင်ဆိုင်နေရပါတယ်။

ယခုဆိုရင် တောထဲမှာ ၄၅၀၀၀ လောက်ပဲ ကျန်ပါတော့တယ်။

၎င်းတို့ရဲ့ နေထိုင်ကျက်စားရာ နေရာများ နည်းပါးခြင်း၊ လူသားအခြေချနေထိုင်မှုများ နှင့် စားကျက်မြေများ ဆုံးရှုံးလာခြင်းတို့ကြောင့် အာရှဆင်တွေဟာ အစာရေစာရှာဖွေဖို့ ၎င်းတို့ရဲ့ အစဥ်အလာ ရွှေ့ပြောင်း သွားလာခြင်း လမ်းကြောင်းကို လိုက်ဖို့ ပိုမို ခက်ခဲလာပါတယ်။

ဒါကြောင့် သူတို့လေးတွေဟာ လူတွေနှင့်မကြာခဏဆိုသလိုဘဲ အန္တရာယ်ရှိတဲ့ ထိတွေ့မှုသို့ ရောက်လာကြပါတယ်။

ဆင်တွေ လုံခြုံစွာ ရွှေ့ပြောင်း နိုင်ဖို့ အတွက် ကျွန်ုပ်တို့ရဲ့ အရှေ့ အာဖရိက နှင့် အာရှ တစ်လွှားမှာ ဆင်​တွေ အန္တရာယ်ကင်းစွာ သွားလာ ကျက် စား နိုင်ဖို့ ကာကွယ်ပေးထားပါတယ်။

နေရောင်ခြည်သုံး လျှပ်စစ်ခြံစည်းရိုးများ တပ်ဆင်ခြင်း နှင့် ပျားအိမ်များကို နေရာချထားခြင်းတို့ဟာ လယ်ကွင်းများကို တိရစ္ဆာန်များရန်မှကာကွယ်ပေးပြီး ဆင်တွေ နဲ့ လယ်သမားတွေအကြား ပဋိပက္ခမဖြစ်အောင် ကူညီပေးပါတယ်။ (ဆင်တွေဟာ ပျားတွေကို မုန်းကြပါတယ်)

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.