ပိုလာဝက်ဝံတွေ နဲ့ ပတ်သက်တဲ့ အချက် (၁၀) ချက်

Knowledge Nature

(၁) ပိုလာဝက်ဝံတွေကို အဏ္ဏဝါ နို့တိုက် သတ္တဝါအုပ်စု အ​ဖြစ်သတ်မှတ်ထားပါတယ်

ပိုလာဝက်ဝံတွေဟာ ၎င်းတို့ရဲ့ ဘဝတစ်လျှောက်လုံးကို အာတိတ်သမုဒ္ဒရာရဲ့ ရေခဲပြင်တွေမှာ အစာရှာရင်း နေထိုင်ကြတဲ့ အတွက်ကြောင့် ၎င်းတို့ကို အဏ္ဏဝါ နို့တိုက်သတ္တဝါများ အဖြစ် သတ်မှတ်ခံရတဲ့ တခုတည်းသော ဝက်ဝံမျိုးစိတ် ဖြစ်ပါတယ်။

(၂) ပိုလာဝက်ဝံတွေဟာ တကယ်တော့ အမဲရောင်တွေပါ ၊ အဖြူရောင်မဟုတ်ပါဘူး

ပိုလာဝက်ဝံအမွှေးတွေဟာ အလင်းရောင် ထိုးဖောက်နိုင်တဲ့ အတွက် မြင်နိုင်တဲ့ အလင်းကိုဘဲ ထင်ဟပ် စေတာကြောင့် အဖြူရောင်အနေနဲ့ မြင်ရခြင်းဖြစ်ပါတယ်။ ထူထဲသော အမွှေးတွေအောက်က သူတို့ရဲ့ အသားအရောင်ဟာ အနက်ရောင် ဖြစ်ပါတယ်။

(၃) ပိုလာဝက်ဝံတွေဟာ တစ်ကြိမ်ထဲနဲ့ ရက်ပေါင်းများစွာ ဆက်တိုက် ကူးခတ်နိုင်ပါတယ်

ရေထဲမှာ တစ်နာရီ ၆မိုင်နှုန်း ကူးခတ်နိုင်တဲ့ ပိုလာဝက်ဝံတွေဟာ ရေခဲပြင်တစ်တုံးနှင့် တစ်တုံး နာရီပေါင်းများစွာကြာအောင် အဆက်မပြတ် ကူးခတ်နိုင်ပါတယ်။

သူတို့ရဲ့ကြီးမားတဲ့ လက်ဖဝါးလေးတွေက ရေကူးဖို့အတွက် အထူးသင့်တော်ပါတယ်။ သူတို့ရဲ့ ခြေထောက်တွေကို တက်မ လိုသဘောထားပြီး ရေထဲမှာ လှော်ခတ်ဖို့ အသုံးပြုပါတယ်။

(၄) ပိုလာဝက်ဝံများ၏ အမဲလိုက်ခြင်းဟာ အောင်မြင်နိုင်​ချေဟာ ၂ ရာခိုင်နှုန်းထက် နည်းပါတယ်

ပိုလာဝက်ဝံတွေရဲ့ ထက်ဝက်ခန့်ဟာ အစာအတွက် အမဲလိုက်နေသော်လည်း သူတို့ရဲ့ အမဲလိုက်မှု​တွေဟာ အောင်မြင်ခဲပါတယ်။

ပိုလာ ဝက်ဝံတွေရဲ့ အဓိကသားကောင်တွေမှာ ဖျံတွေပါဝင်ပါတယ်။ သို့ပေမယ့် ဖမ်းယူအောင်မြင်နိုင်ချေ နည်းတဲ့ အတွက်ကြောင့် အသေကောင်တွေကိုဘဲ ဖြစ်ဖြစ် ၊ နို့တိုက်သတ္တဝါငယ်လေးတွေ ၊ ငှက်တွေ ၊ ဥတွေကို ဖြစ်ဖြစ် စားသုံးကြပါတယ်။

(၅)သိပ္ပံပညာရှင်တွေ ပိုလာဝက်ဝံတွေနဲ့ ခြေရာကနေ ၎င်းတို့ရဲ့ DNAကို ဖော်ထုတ်နိုင်တဲ့အကြောင်း

WWF နှင့် DNA အထူးကု SPYGEN တို့ တီထွင်ထားတဲ့ နည်းပညာအသစ်ဟာ သိပ္ပံပညာရှင်တွေကို နှင်းတွေထဲက ပိုလာဝက်ဝံတွေရဲ့ ခြေရာကနေ
DNA ကို ခွဲခြားနိုင်တယ် ဟုဆိုပါတယ်။

ပိုလာဝက်ဝံလမ်းကြောင်းက ဆီးနှင်းထဲက ခြေရာလေးတွေဟာ ၎င်းရဲ့ DNAကို ခွဲခြား နိုင်သည်မက မကြာသေးမီက စားခဲ့တဲ့ အစာကိုတောင် ခန့်မှန်း ဖော်ထုတ်နိုင်ပါတယ်။

(၆) ပိုလာဝက်ဝံတွေဟာ ရာသီဥတုပြောင်းလဲခြင်းထက် ပိုမိုကြောက်စရာကောင်းတဲ့ အရာတွေ နဲ့ ရင်ဆိုင်နေရကြောင်း

ရာသီဥတုပြောင်းလဲခြင်းဟာ ပိုလာဝက်ဝံတွေရဲ့ ​ရှင်သန်မှုအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်နေသော်လည်း ဒါဟာ သူတို့အတွက် ထင်ထားသလောက်မဟုတ်ပါဘူး။

ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွေဟာ အာတိတ်ဘက်သို့ ဦးတည်နေပါ​ပြီ။ အဆိုပါ ရေနံ နှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေဟာ ဒေသရင်း ပျက်စီးမှုတွေဖြစ်လာဖို့ အလားအလာများလာပါတယ်။

ရေနံယိုဖိတ်မှုများနှင့် ထိတွေ့ခြင်းဟာ ပိုလာဝက်ဝံ​လေးတွေကို နွေးထွေးစေဖို့ လိုအပ်တဲ့ ဝက်ဝံအမွှေးရဲ့ ကာကွယ်ပေးတဲ့ သက်ရောက်မှုတွေကို လျော့ကျစေနိုင်ပြီး စားမိလျှင်လည်း အဆိပ်ဖြစ်စေနိုင်ပါတယ်။

ပိုလာဝက်ဝံတွေဟာ သားကောင်များမှတဆင့် ပိုးသတ်ဆေးကဲ့သို့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းများနှင့်လည်း ထိတွေ့​စေနိုင်ပါတယ်။ ၎င်းဟာ ပိုလာဝက်ဝံတွေရဲ့ ဇီဝလုပ်ငန်းဆောင်တာ နှင့် မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲပင်လယ်တွေ အရည်ပျော်လာတာဟာ နွေရာသီမှာ ဆာလောင်နေတဲ့ ပိုလာဝက်ဝံတွေ အစာရှာထွက်တဲ့အခါ ခက်ခဲမှုတွေကြောင့် လူသား-ပိုလာဝက်ဝံ ပဋိပက္ခတွေဟာ ပိုမိုမြင့်တက်လာစေပါတယ်။

ကံကောင်းထောက်မစွာဖြင့် လူတွေဟာ ပိုလာဝက်ဝံရဲ့တည်ရှိမှုကို လိုက်လျောညီထွေ ဖြစ်အောင်သင်ယူနေပြီး ပဋိပက္ခ ဖြစ်နိုင်ချေကို လျှော့ချဖို့ ကြိုတင် ကာကွယ်မှု အစီအမံတွေ လုပ်ဆောင်နေကြပါတယ်။

(၇) Grizzly လို့ခေါ်တဲ့ မျိုးစပ် ပိုလာဝက်ဝံမျိုးလည်း ရှိနေ

၂၀၀၆ တုန်းက မျိုးရိုးဗီဇစမ်းသပ်မှုများအရ“ grolar bears” သို့မဟုတ်“ pizzly bears” ဟုလူသိများတဲ့ မျိုးစပ် မွဲပြာရောင်ရှိတဲ့ ပိုလာဝက်ဝံများရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

မျိုးစပ်မှုဟာ မျိုးစိတ်နှစ်ခုအကြား ပေါင်းစပ်မှုဖြစ်ပြီး တောရိုင်း မျိုးစပ်တွေဟာ များသောအားဖြင့် ပိုလာဝက်ဝံ မိခင်များမှ ပေါက်ဖွားလေ့ရှိပြီး ပိုလာဝက်ဝံများကဲ့သို့ ပြုမူလေ့ရှိပါတယ်။

ပိုလာဝက်ဝံတွေဟာ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀၀ တုန်းက အညိုရောင် ဝက်ဝံတွေကနေ ဆင့်ကဲ ပြောင်းလဲလာတယ်လို့ ကောက်ချက်ချကြပါတယ်။

(၈) ပိုလာဝက်ဝံလေးတွေမှာ မျိုးနွယ်စု ၁၉စု ရှိပါတယ်

ခန့်မှန်းချေအားဖြင့် ပိုလာဝက်ဝံ ၂၆၀၀၀ ခန့်ကို မျိုးနွယ်စု ၁၉ စုအဖြစ် သတ်မှတ်ထားပါတယ်။

မျိုးနွယ်စု ၁ စု သာတိုးလာပြီး ၅ စု ကတည်ငြိမ်နေကာ ၄ စု ကတော့ပျောက်ကွယ်သွားပါပြီ။ ကျန် မျိုးနွယ်စု ၉ စု ကတော့အချက်အလက်အားနည်းသောကြောင့် အကဲဖြတ်နိုင်စွမ်း မရှိသေးပါဘူး။

(၉) ပိုလာဝက်ဝံအထီးတွေရဲ့ အလေးချိန်က ယောကျာ်း ၁၀ ယောက် အလေးချိန်လောက်ရှိပါတယ်

ပိုလာဝက်ဝံအထီးများဟာ ၈၀၀ ကီလိုဂရမ်အထိ အလေးချိန်ရှိပြီး အမများထက် နှစ်ဆကြီးပါတယ်။

၎င်းတို့ဟာ ၃ မီတာနဲ့အထက် ရှည်နိုင်တယ် ဟူသောအချက်တွေ အပြင် ပိုလာဝက်ဝံများဟာ ကမ္ဘာ့အကြီးဆုံး ကုန်းမြေ အသားစားသတ္တဝါတွေ ဖြစ်ကြပါတယ်။

(၁၀) ပိုလာဝက်ဝံတွေဟာ ကီလိုမီတာတစ်ခုအထိ အနံ့ခံနိုင်​ကြပါတယ်

ပိုလာဝက်ဝံတွေမှာ အလွန် ကောင်းမွန်တဲ့ အနံ့ခံအာရုံရှိပြီး ရေခဲထဲက ပင်လယ်ဖျံ တွင်းလေးတွေကို အနံ့ခံဖို့ အသုံးပြုပါတယ်။

အဆိုပါ ပင်လယ်ဖျံတွေကို တွေ့တာနဲ့ ပိုလာဝက်ဝံလေးတွေဟာ ဖမ်းယူတိုက်ခိုက်ဖို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလေ့ရှိပါတယ်။

၎င်းတို့ဟာ ကျစ်လစ် သိပ်သည်းသော နှင်းတွေရဲ့အောက် တစ်မီတာမှာရှိတဲ့ ပင်လယ်ဖျံတွေ ကိုတောင် အနံ့ခံနိုင်ပါတယ်။

WWF က သုတေသီတွေဟာ အာတိတ်ဒေသရှိ ပိုလာဝက်ဝံတွေကို ခြေရာခံစောင့်ကြည့်နေကြပါတယ်။

ဒါဟာ ရာသီဥတုဖောက်ပြန်မှု နှင့်အခြား ခြိမ်းခြောက်မှု တွေက ၎င်းတို့အပေါ် သက်ရောက်မှု ရှိတဲ့အတွက်ကြောင့် ၎င်းတို့ရဲ့ ကျန်းမာရေးကို စောင့်ကြည့် နိုင်ဖို့ ကူညီပေးတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.