သန်းပေါင်းများစွာသော အိမ်မွေးတိရစ္ဆာန်များကို ဂေဟာတွေကနေ မွေးစားနိုင်ပါတယ်။
လမ်းဘေး ခွေးလေးတွေ မွေးစားတာကို ပထမဦးစွာ ထောက်ခံပါရစေ။
တကယ်လို့ သင့်အနေနဲ့ မွေးမြူသူတစ်ဦး ထံကနေ အိမ်မွေး တိရစ္ဆာန်တစ်ကောင်ကို ဝယ်ယူမွေးစားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် တာဝန်သိ မွေးမြူသူကို ရွေးချယ်သင့်ပါတယ်။ ခွေးကလေးတွေကို မညှာမတာ မွေးမြူသူတွေကို အမြဲရှောင်ကြဥ်သင့်ပါတယ်။
ကမ္ဘာပေါ်မှာ ဥာဏ်အကောင်းဆုံး ကောင်းကောင်းသင်ယူနိုင်တဲ့ ခွေးလိမ္မာ ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) Border Collie
ကမ္ဘာဉာဏ်အကောင်းဆုံး ခွေး၁၀ မျိုးတွင် Border Collie ကို အထူးချွန်ဆုံး ဉာဏ်အကောင်းဆုံးခွေးအဖြစ် တစ်ညီတစ်ညွတ်ထဲ သတ်မှတ်ထားကြပါတယ်။
Border Collie တွေဟာ အမြဲတမ်းလုပ်စရာ တစ်ခု မဟုတ် တစ်ခု ရှာဖွေနေတက်ကြပါတယ်။
သူတို့လေးတွေရဲ့ အလွန်တက်ကြွတဲ့စိတ်တွေက ဒီခွေးလေးတွေကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော နှစ်ခုစလုံးကို အမြဲလှုံ့ဆော်ပေးဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

ကျွန်ုပ်တို့ အနေနဲ့ Border Collieလေးတွေကို ပျင်းအောင်လုပ်မိမယ်ဆိုရင် သူတို့တွေရဲ့ ဝါသနာအရ ကျွန်ုပ်တို့ရဲ့ ပရိဘောဂတွေကို ဆော့ကစားဖို့ ရှာဖွေကြပါလိမ့်မယ်။
ဒါပေမဲ့ ကျွန်ုပ်တို့ အနေနဲ့ သူတို့လေးတွေရဲ့ ထက်မြက်တဲ့ အသိဉာဏ် ကို အမြင့်ဆုံး အားကစား နှင့် မွေးရာပါ လေ့ကျင့်မှုတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် အဆိုပါခွေးလေးတွေဟာ သွက်လက်ဖြတ်လက်မှုတွေ နာခံမှုတွေ ကနေ Fly ball အထိ ပြိုင်ပွဲအားလုံးမှာ ထူးချွန်တာကို တွေ့ရပါလိမ့်မယ်။
(၂) poodle
Poodle လေးတွေဟာ သူတို့လေးတွေရဲ့ လှပ ကြော့ရှင်းမှုကြောင့် လူသိ များပါတယ်။
သူတို့လေးတွေကို အရွယ်အစားအားဖြင့် standard poodle ၊ medium Poodle ၊ miniature poodle နဲ့ toy poodle ဆိုပြီး ရှိကြပြီး သူတို့လေးတွေတိုင်းမှာ နာမည်ကျော် ရုပ်ရည်ချောမောမှုနဲ့ အတူတူ မြင့်မားတဲ့ အသိဉာဏ်ရှိကြပါတယ်။
Poodles လေးတွေကို သူတို့ရဲ့ ရေကူးစွမ်းရည်ကြောင့်လည်း gundogs အဖြစ်လည်း မွေးမြူကြပါတယ်။

အမှန်တော့ သူတို့လေးတွေရဲ့ နာမည်က ဂျာမန် pudel ကနေ ဆင်းသက်လာတာဖြစ်ပြီး ရေထဲကို ဆင်းသက်ခြင်း ဟု အမည်ရပါတယ်။
ကျွန်ုပ်တို့ အနေနဲ့ သူတို့လေးတွေကို အထင်ကြီးစရာကောင်းလောက်တဲ့ အသိဉာဏ်ကို သင်ကြားပေးမယ်ဆိုရင် ကစားရတာကို နှစ်သက်ပြီး သင်ယူရတာ မြန်တဲ့ခွေးမျိုးကို ရရှိနိုင်ပါတယ်။
ကံမကောင်းစွာနဲ့ အဆိုပါ အရည်အချင်းတွေအတွက် poodle လေးတွေကို ဆပ်ကပ်ပြပွဲများတွင် အတင်းအကျပ် ခိုင်းစေခြင်းကို ခံနေရပါတယ်။
(၃) German Shepherd
မျိုးစိတ်တစ်ခုအနေနှင့် German Shepherd များဟာ သူတို့ရဲ့ သစ္စာရှိမှု ၊ ကာကွယ်ပေးမှု နှင့် အသိဉာဏ်ကြီးမှု စတဲ့ ပင်ကိုယ်စရိုက်များကြောင့် ထင်ထင်ရှားရှားပေါ်လွင်ပါတယ်။
ထိုခွေးလေးတွေဟာ လေ့ကျင့်သင်ကြားပေးပြီးလမ်းညွှန်ချက်များကိုလည်း အလွန်နားလည်လွယ်ပါတယ်။ ထို့အတွက်ကြောင့် German Shepherd တွေဟာ ရည်ရွယ်ချက်မှန်တဲ့ အလုပ်သမားတွေ ဖြစ်လာပါတယ်။

သူတို့လေးတွေဟာ အစောင့်ခွေးတွေ ၊ K-9s နှင့် ရှာဖွေကယ်ဆယ်ရေးခွေးများကဲ့သို့ နှစ်လိုဖွယ်ဖြစ်လာပါတယ်။
ဒါပေမယ့် သူတို့လေးတွေက ချစ်ဖို့ကောင်းတယ်လို့ မဆိုလိုပါဘူး။ German Shepherd တွေဟာ သူတို့ရဲ့ မိသားစု တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပါတယ်။
သူတို့လေးတွေဟာ နူးညံ့သိမ်မွေ့ပြီး ချစ်ခင်ဖော်ရွေတဲ့အပြင် အနုစိတ်အုပ်ထိန်းသူတွေ ဖြစ်ကြပါတယ်။
(၄) Golden Retriever
အမေရိကန်မျိုးနွယ်အမှတ်တံဆိပ်ဖြစ်တဲ့ Golden Retrieverလေးတွေဟာ ဉာဏ်ကောင်းပြီး ပျော်ပျော်နေတက်ကာ ဆော့ကစားတက်ကြပါတယ်။
ဖော်ရွေမှု နှင့် နူးညံ့သိမ်မွေ့မှု တို့ကြောင့် လူသိများပြီး ၎င်းတို့ဟာ အမိန့်များကို သင်ယူတဲ့နေရာမှာလည်း အတက်မြန်ပါတယ်။
Golden Retriever လေးတွေဟာ အမြဲတမ်း တစ်ခုမဟုတ် တစ်ခု လုပ်နေတက်တာကြောင့် အမဲလိုက်ခွေးအဖြစ်လည်း မွေးမြူကြပါတယ်။

၎င်းတို့ဟာ မျက်မမြင် နှင့် အမြင်အာရုံချို့တဲ့သူများအတွက် လမ်းပြခွေးများအဖြစ် လမ်းညွှန်ဖို့ လူကြိုက်အများဆုံးမျိုးစိတ်တစ်ခုလည်း ဖြစ်ပါတယ်။
ဒီမျိုးစိတ်၀င်တွေဟာ လူတွေရဲ့စိတ်ခံစားမှုကို အလွန် အထိခိုက် မခံစေလိုတာကြောင့် ၎င်းတို့ကို လူကြိုက်များတဲ့ စိတ်ပိုင်းဆိုင်ရာအထောက်အကူပြု ခွေးလေးများ အဖြစ် လူကြိုက်များကြပါတယ်။
(၅) Doberman Pinscher
ကြွက်သားတွေ ၊ ပြေးခုန်အားကစားတွေ နဲ့ ဉာဏ်ကောင်းတာတွေကြောင့် Doberman Pinscher တွေဟာ အကောင်းဆုံးကာကွယ်စောင့်ရှောက်မှုပေးတဲ့ ခွေးမျိုးစိတ်တွေအနက်မှ တစ်ခု ဖြစ်ပါတယ်။
အမှတ်မထင်ဘဲ သူ့တို့ရဲ့ မြင့်မြတ်တဲ့ အသွင်အပြင်တွေကြောင့် လူသိများတဲ့ ဒီမျိုးစိတ်တွေဟာ သူ့ရဲ့ပတ်၀န်းကျင်ကို မြန်မြန်လေ့လာသူနိုင်သူတွေ ဖြစ်ကြပါတယ်။
အထူးချွန်ဆုံးခွေးများ ကဲ့သို့ Dobermans လေးတွေဟာ နာခံတက်ခြင်း ၊ ခြေရာခံနိုင်ခြင်း နှင့် သွက်လက်ခြင်းကဲ့သို့ လှုပ်ရှားမှုတွေမှာလည်း ထူးချွန်ပါတယ်။

သို့သော် သူတို့ရဲ့ ဥာဏ်ရည်မြင့်မားမှုက သူတို့ကို သူစိမ်းတွေအပေါ်အလွန်အကြူး သို့မဟုတ် သံသယဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့် သင့်လျော်သောလူမှုဆက်ဆံရေး နှင့် တသမတ်တည်း လေ့ကျင့်မှုတို့ဟာ သူတို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။
(၆) Shetland Sheepdog
Shetland sheepdog သို့မဟုတ် Sheltie လေးတွေဟာ တခြား ထိန်းကျောင်းခွေးအမျိုးအစား တစ်ခု ဖြစ်ပါတယ်။
သူတို့လေးတွေဟာ ဉာဏ်ရည်ထက်မြက်ပြီး စိတ်ကျေနပ်မှုကိုရရှိအောင်လည်း စိတ်အားထက်သန်ကြပါတယ်။
သူတို့လေးတွေဟာ လေ့ကျင့်ရန်လွယ်ကူကြပြီး နာခံမှုမှာလည်း စံပြလောက်စရာ ကောင်းပါတယ်။ ဒါတွေအပြင် သူတို့တွေဟာ သူတို့ ပတ်၀န်းကျင်က လူတွေရဲ့ခံစားချက်တွေကိုလည်း ဖတ်နိုင်ပါတယ်။

Shelties လေးတွေဟာ စိတ်လှုပ်ရှားတာဖြစ်ဖြစ် ၊ ကြောက်တာဖြစ်ဖြစ် ၊ တစ်ခုခုမှားနေတဲ့အခါတွေမှာ ဟောင်တက်ကြပါတယ်။
သတင်းကောင်းကတော့ သူတို့လေးတွေဟာ လုံလုံလောက်လောက် ထက်မြက်ကြပါတယ် ၊ သင့်တော်တဲ့လေ့ကျင့်မှုတွေကို သူတို့ကို ထိန်းချုပ်ဖို့ သင်ယူနိုင်တာကိုလည်း တွေ့ရပါတယ်။
(၇) Labrador Retriever
ဆယ်စုနှစ်များစွာအတွင်း Labrador retriever ဟာ အမေရိကတွင် နာမည်အကြီးဆုံးခွေးမျိုးဖြစ်ခဲ့ပြီး ၎င်းတို့ရဲ့ အသိဥာဏ်ကြီးတာဟာလည်း အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။
ကျွန်ုပ်တို့အနေနဲ့ သူတို့လေးတွေကို ထက်မြက်မှု ၊ နှူးညံ့သိမ်မွေ့တဲ့ သဘောသဘာဝ၊ ချစ်ခင်ကြင်နာမှု နှင့် မြင့်မားတဲ့ လုပ်ဆောင်မှုတွေကို သင်ကြားပြသပေးမယ်ဆိုရင် ပြီးပြည့်စုံတဲ့ မိသားစုအိမ်မွေးတိရစ္ဆာန်တွေ ဖြစ်လာပါလိမ့်မယ်။
သူတို့ရဲ့ အရည်အသွေးတွေ အထူးသဖြင့် ဉာဏ်ရည်ထက်မြက်မှုတွေ နဲ့ အင်အားကြီးတာတွေဟာ Labrador retriever လေးတွေကို အားကစား နဲ့ ဝန်ဆောင်မှုအပိုင်းတွေမှာ တိုးတက်စေပါတယ်။

အဆိုပါခွေးအမျိုးအစားတွေဟာ သွက်လက်မှု နှင့် ယှဉ်ပြိုင်မှုတွေမှာ ထူးချွန်ကြပြီး၊ သူတို့လေးတွေကလည်း မျက်မမြင် နှင့် အမြင်အာရုံချို့တဲ့သူများအတွက် ၀န်ဆောင်မှုခွေးများအဖြစ် အကျော်ကြားဆုံးမျိုးစိတ်များထဲမှ တစ်ခုဖြစ်ကြပါတယ်။
တက်ကြွသော ဦးနှောက်ရှိတဲ့ အခြားလျင်မြန်သော ခွေးများကဲ့သို့ Labrador Retriever တွေဟာလည်း နိုးနိုးကြားကြားရှိနေဖို့ သင်ကြားပေးဖို့လိုပါတယ်၊ မဟုတ်ရင် ပျင်းရိပြီး ထုံထိုင်းသွားစေတက်ပါတယ်။
(၈) Papillon
လိပ်ပြာနားရွက်ပါတဲ့ ဒီခွေးသေးသေးလေးကို အရုပ်မျိုးစိတ်တွေထဲမှာ အထူးချွန်ဆုံး လို့သတ်မှတ်ထားကြပါတယ်။ papillons လေးတွေဟာ ချိုမြိန်ပုံရသော်လည်း ၎င်းတို့ဟာ အလွန်အားကစားလုပ်ကြပါတယ်။
အားကစား တွေအပြင် papillons လေးတွေဟာ လူသားများနှင့် ပေါင်းသင်းဆက်ဆံနိုင်မှုကြောင့် ကုထုံးခွေးများအဖြစ်လည်း ထူးချွန်ကြပါတယ်။

အိမ်ထဲမှာ ဆိုရင်တောင်မှ papillons လေးတွေဟာ ဦးနှောက်နဲ့ ရုပ်ပိုင်းဆိုင်ရာကော နှစ်ခုလုံး တက်ကြွနေဖို့ လိုအပ်ပါတယ်။
ထို့ကြောင့် ဂိမ်းကစားခြင်းကို မဖြစ်မနေ လိုအပ်ပါတယ်။ papillons လေးတွေဟာ တော်တော်လေး အထင်ကြီး တက်ကြပါတယ်၊။
ဒါကြောင့် သူတို့လေးတွေရဲ့ တစ်ခုထည်းသော အသိဉာဏ်ချို့တဲ့တာက သူတို့ကိုယ်သူတို့ ပိုကြီးပြီး ပိုအင်အားကြီးတယ်လို့ ထင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
(၉) Rottweiler
“rotties” ဟု ချစ်စနိုးခေါ်ကြသော rottweilers လေးတွေဟာ ၀န်ဆောင်မှုသမိုင်းကြောင်းမှာ အစွမ်းထက်ခွေးများ ဖြစ်ကြပါတယ်။
ယနေ့ခေတ်တွင် သူတို့လေးတွေကို ရဲ လုပ်ငန်းတွေမှာ အစောင့်ခွေးတွေ အဖြစ် အလုပ်ခန့်ထားကြပါတယ်။
အဆိုပါ မျိုးစိတ်ဟာ အပြင်ပန်းအား ကြောက်စရာ အသွင်အပြင် ရှိကောင်းရှိနိုင်သော်လည်း လက်တွေ့မှာ ၎င်းတို့ဟာ ပျော်ပျော် နေတတ်ပြီး ချစ်စဖွယ်ကောင်းပါတယ်။

Rottweilers တွေဟာ အလျင်အမြန်သင်ယူနိုင်သူတွေ ဖြစ်ကြပြီး နာခံမှု ၊ ထိန်းကျောင်းမှု နှင့်ခြေရာခံမှုတွေမှာ ထူးချွန်ကြပါတယ်။
သူတို့လေးတွေဟာ သင်ယူ တက်မြောက် လွယ်သော်လည်း အမှန်အကန်လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်။
(၁၀) Australian Cattle Dog
Australian Cattle Dog လေးတွေကို ကျွဲနွားများကို တန်းစီစောင့်ရှောက်ဖို့ မွေးမြူထားကြပြီး ၎င်းတို့ဟာ အလုပ်တာဝန်များရှိတဲ့အခါ ပြီးမြောက်အောင် ဆောင်ရွက်တက်ကြပါတယ်။
အဆိုပါ မျိုးစိတ်တွေဟာ လျင်မြန်ဖြတ်လတ်ပြီး ဉာဏ်ထက်မြက်ကြပါတယ်၊သူတို့လေးတွေဟာ သူတို့ပိုင်ရှင်နဲ့ ခိုင်မာတဲ့ နှောင်ကြိုးများ ဖွဲ့တက်တာကြောင့် လူသိများပါတယ်။

ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေအပြင် Australian Cattle Dog လေးတွေဟာ စိတ်ပိုင်းဆိုင်ရာမှာလဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ပါတယ်။
အစာ ပဟေဋ္ဌိတွေ နဲ့ ရနံ့ကစားနည်းတွေဟာ ဉာဏ်ရည်ကို လှုံဆော်ပေးတဲ့ အရာတွေဖြစ်ကြပါတယ်။
ဒီခွေးအမျိုးအစားတွေအတွက် ဟောင်တာက ပျင်းစရာဖြစ်နိုင်ပါတယ် ၊ ဒါကြောင့် သင့်အနေနဲ့ မျက်စိနောက်အောင်လုပ်မယ်ဆိုရင် သူတို့ကို သတိထား အာရုံစိုက်ဖို့တော့ လိုပါလိမ့်မယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။