ဒီအသက် ၁၀ နှစ်အရွယ် ဉာဏ်ကြီးရှင်လေးဟာ နာမည်ကြီး လူသိများ လာတော့မှာ ဖြစ်ပါတယ်။
Adhara PerezSanchez သည် IQ 162 ရှိတဲ့ မက္ကဆီကန်သမီးငယ်လေးတစ်ဦး ဖြစ်ပြီး သူမ၏ IQ ဟာ Albert Einstein နှင့် Stephen Hawking တို့ထက် နှစ်မှတ်ပိုမြင့်ပါတယ်။
NBC San Diego မှာ ပြောကြားချက်အရ သူမရဲ့အိမ်မက်က ကမ္ဘာကြီးကိုပြောင်းလဲဖို့ ၊ အာကာသထဲသွားဖို့ နဲ့ Mars ဂြိုလ်ထိ နယ်ချဲ့နိုင်တဲ့ အာကာသယာဥ်မှူး တစ်ယောက် ဖြစ်ချင်တယ် ဟု ဆိုပါတယ်။
သူမဟာ သူမရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လမ်းစကောင်းကောင်းပေါ် ရောက်နေပါပြီ။ သူမဟာ အသက်သုံးနှစ်ကတည်းက စာဖတ်တာကို သင်ယူခဲ့ပါတယ်။
အပိုင်း ၁၀၀ ပဟေဋ္ဌိ အရုပ်ဆက်တာကိုလည်း ဆက်နိုင်ခဲ့ပြီး အက္ခရာသင်္ချာကို စတင်လေ့လာနိုင်ခဲ့ပါတယ်။ သူမဟာ ယခုအခါ မက္ကဆီကိုတွင် ဒီဂရီနှစ်ခုကို လေ့လာဆည်းပူးနေပါတယ်။
တစ်ခုက Universidad CNCI တွင် system အင်ဂျင်နီယာဘွဲ့ နှင့် နောက်တစ်ခုက UNITEC တွင် သင်္ချာကို အဓိကထားသည့် အခြားစက်မှုအင်ဂျင်နီယာဘွဲ့ တို့ ဖြစ်ပါတယ်။
ဒါပေမယ့် သူမဘဝက ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ Perez Sanchez ဟာ Autism spectrum ပေါ် အခြေခံတဲ့ Asperger’s syndrome လို့ခေါ်တဲ့ လူမှုဆက်ဆံရေး နှင့် ပြောဆိုဆက်ဆံနိုင်မှု စွမ်းရည်ကို ထိခိုက်စေသော ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်ရှိတဲ့ ရှားပါးရောဂါမျိုး ခံစားခဲ့ရပါတယ်။
ဒါဟာ သုံးနှစ်သမီးအရွယ်လေးအတွက် လူမှုဆက်ဆံရေး ခက်ခဲစေခဲ့ပြီး ကျောင်းတက်ရမှာတွင်လည်း ရုန်းကန်ခဲ့ရပါတယ်။

သူမဟာ ရွယ်တူသူများရဲ့အနိုင်ကျင့်ခြင်းခံရပြီး တစ်ခါတစ်ရံ သူမအား လူထူးလူဆန်း သို့မဟုတ် ငကြောင် ကဲ့သို့ နာမည်များခေါ်ဝေါ်ခဲ့ကြပါတယ်။
သူမရဲ့ဆရာအချို့ပြောကြားချက်အရ သူမဟာ အတန်းချိန်မှာ အိပ်အိပ်နေပြီး ပစ္စည်းကိရိယာတွေကိုလည်း နည်းနည်းဘဲ စိတ်ဝင်စားကြောင်း ဒီလိုအကျင့်စရိုက်မျိုးဟာ မကောင်းကြောင်း သူမရဲ့အမေ Nallely Sanchez ၏ စကားတွေအရ သိရပါတယ်။
ကလေးမလေးက အိမ်မှာဘဲ အချိန်ဇယားကို လေ့လာခြင်းဖြင့် အချိန်ကို ကုန်လွန်စေလိုသဖြင့် သူမအမေက သူမ စိတ်ဓာတ်ကျပြီး ကျောင်းမတက်ချင် တော့သည့်အခါ တခြားပညာရေး အစီအစဉ်အတွက် အကူအညီကို ရယူရန် ဆုံးဖြတ်ခဲ့ပါတယ်။
သူမမှာ ထူးထူးခြားခြား IQ 162 ပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်လိုက်ထဲက ဒါဟာ သူမမိသားစုအတွက် သမိုင်းဝင်တဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ IQ 130 ရှိတဲ့ လူတစ်ယောက်ကို ပါရမီရှင် ဟု သတ်မှတ်ထားပါတယ်။
ထိုနောက် ဉာဏ်ကြီးရှင်ကလေးမလေးဟာ သူမ၏ ထူးခြားသောလိုအပ်ချက်များ နှင့်အံဝင်ခွင်ကျဖြစ်တဲ့ ပတ်ဝန်းကျင်မှာ လေ့လာသင်ယူနိုင်ခဲ့ပြီး သူမဟာ အသက်ငါးနှစ်အရွယ်မှာ မူလတန်း ၊ အသက်ခြောက်နှစ်အရွယ်မှာ အလယ်တန်းကျောင်း နှင့် အသက်ရှစ်နှစ် အရွယ်မှာ အထက်တန်းကျောင်း ပြီးဆုံးခဲ့ပါတယ်။
ယနေ့မှာတော့ သူမဟာ ဘွဲ့နှစ်ခု အပြင် သူမဟာ Tijuana’s Art and Culture Institute ကကျင်းပသောပွဲတစ်ခုတွင် black hole များအကြောင်း သူမ၏တက္ကသိုလ်ဖြစ်တဲ့ Universidad CNCI ကို ကိုယ်စားပြု၍ ပြောဆိုခဲ့ပါသေးတယ်။
သူမဟာ သူမရဲ့ အာကာသစူးစမ်းလေ့လာရေးအစီအစဉ်အတွက် NASA ရဲ့ အသိအမှတ်ပြုခံရပြီး ကတည်းက သူမရဲ့ စိတ်ကူးယဉ်ကျောင်း ဖြစ်တဲ့ Arizona တက္ကသိုလ်ကို တက်ရောက်လေ့လာချင်နေတာဘဲ ဖြစ်ပါတယ်။
သူမကို Arizona တက္ကသိုလ် ဥက္ကဌ Robert C. Robbins က ထိုနေရာသို့ လေ့လာရန် ဖိတ်ကြားထားပြီးဖြစ်၍ ဒါဟာ တက်သစ်စအာကာသယာဉ်မှူးများ အတွက် စံပြနေရာတစ်ခုဖြစ်သည်မှာ သေချာပါတယ်။
ဉာဏ်ကြီးရှင်ကလေးမလေးဟာ ကြယ်တွေကို ကြည့်နိုင်တဲ့ အာကာသယာဉ်မှူးတစ်ယောက် ဖြစ်လာဖို့ လမ်းစလျှောက်နေရင်း သူမဟာ autism spectrum ဖြစ်နေတဲ့ တခြားကလေးတွေဆီကို သူမရဲ့ လူမှုမီဒီယာပလက်ဖောင်းတွေကိုသုံးပြီး သူတို့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့လည်း လှုံ့ဆော်ပြောကြားပေးပါတယ်။
သူမဟာ အဲ့ဒီအကြောင်းနဲ့ ပတ်သတ်ပြီး စာအုပ်တောင် ရေးခဲ့ပါသေးတယ်။ ” လက်မလျော့ပါနဲ့ ၊ သင်ရောက်နေတဲ့နေရာကို မကြိုက်ဘူးဆိုရင် သင်အလိုရှိတဲ့ နေရာကိုသွားဖို့ စီစဥ်သင့်တယ် ” ဟု သူမက ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။