ရာသီဥတု ပြောင်းလဲမှုကို မရပ်တန့်နိုင်ပါက ၂၀၅၀ မှာ ဖြစ်လာနိုင်မည့် အရာများ

Article Nature

ကပ်ရောဂါ မဖြစ်ခင်ထဲက ကမ္ဘာပေါ်ရှိ ပြဿနာများဟာ လုံလောက်တာထက် ပိုမိုများပြားခဲ့ပြီး ကံမကောင်းစွာနဲ့ အဆိုပါ ပြဿနာလျင်မြန်စွာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ရာသီဥတု ဖောက်ပြန်မှုဟာ ကျွန်ုပ်တို့ ရင်ဆိုင်နေရတဲ့ အဓိက ခြိမ်းခြောက်မှု တစ်ခု အဖြစ် ရှိနေသေးပါတယ်။

ဒါပေမယ့် ကမ္ဘာကြီးပူနွေးလာမှုဟာ မြန်မြန်ဆန်ဆန်ဖြစ်မလာပါဘူး။ ဘာလို့လဲဆိုတော့ နှေးကွေးစွာပဲ ကမ္ဘာကြီး ပူနွေးလာမှုဟာ ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို စစ်မှန်တဲ့ ငရဲ အဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

“that we choose ” စာအုပ်မှာ စာရေးဆရာများက လူသားမျိုးနွယ် အတွက် ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ် နှစ်ခုကို ဖော်ပြထားပါတယ်။

စာအုပ်မှာ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုများအားလုံးကို လာမည့်​ဆယ်စုနှစ်အတွင်း ဓာတ်ငွေ့ထုတ်လွှတ်မှု ထက်ဝက်လျှော့ချဖို့ ရည်ရွယ်ပြီး ဒုတိယမှာ ကျွန်ုပ်တို့ဘာမှမလုပ်ပါက ဘာတွေဖြစ်လာမလဲဆိုတာကို ဖော်ပြထားပါတယ်။

ယခုဆောင်းပါးမှာဆိုရင် စာအုပ်တွင်ဖော်ပြထားသော ဒုတိယ၊ အဆိုးဆုံးဖြစ်ရပ်ကို သုံးသပ်ထားတာဖြစ်ပါတယ်။

မြို့များရဲ့ အနာဂတ်

လက်ရှိ ကပ်ရောဂါဟာ ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင်တဲ့ကမ္ဘာကြီးကို ဘယ်လောက် ပျက်စီးလွယ်သလဲ ဆိုတာ သဘောပေါက်ဖို့ တွန်းအားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တချိန်ချိန်မှာ သန်းပေါင်းများစွာသော လူတွေရဲ့ ဘဝတွေဟာ လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပါတယ်။

ဟုတ်ပါတယ်။ ကပ်ရောဂါဟာ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ကုန်ဆုံးသွားပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့အကျိုးဆက်တွေက ကျွန်ုပ်တို့နဲ့ အချိန်အကြာကြီးရှိနေမှာပါ။

ဒါပေမယ့် ရာသီဥတု ဖောက်ပြန်မှုကို တိုက်ဖျက်ရာမှာ တစ်စုံတစ်ရာ အရေးယူမှု မလုပ်ရင် ကပ်ရောဂါကြောင့် ဖြစ်ခဲ့တာတွေဟာ ဘာမှတောင် မဟုတ်တော့ပါဘူး။

၂၀၁၅ ခုနှစ်နောက်ပိုင်း ဘယ်နိုင်ငံမှ လေထုထဲသို့ အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ခြင်း မရှိပါဘူး။

ဒါ့ကြောင့် ၂၀၅၀ တွင် ကမ္ဘာပေါ်ရှိ နေရာအများအပြားတွင် လေထုဟာ ပူပြင်း၊ လေးလံပြီး ညစ်ပတ်လာမှာ ဖြစ်ပါတယ်။

မြို့နေလူထုဟာ မသန့်ရှင်းတဲ့ လေထုကို နေ့စဥ် ရှူရှိုက်လာကြရမှာဖြစ်ပြီး လေထုညစ်ညမ်းမှုနှင့် အိုဇုန်းအဆင့် မြင့်မားမှုဟာ အထူးအသက်ရှူကိရိယာမပါဘဲ လမ်းပေါ်ထွက်ရင် အန္တရာယ် ဖြစ်စေနိုင်သည့် အထိ မြင့်မားလာမှာ ဖြစ်ပါတယ်။

အမှန်တရား အသစ်

ကမ္ဘာကြီးက ပိုပူလာပေမယ့် လူတွေက ဘာကိုမှ မထိန်းချုပ်နိုင်တော့ပါဘူး။ နေရဲ့ အပူရှိန်ကို ရောင်ပြန်ဟပ်ဖို့ အသုံးပြုတဲ့ အာတိတ်ရေခဲမြစ်များဟာ အရည်ပျော်​နှုန်းဟာ မြင့်တက်နေပြီး ကမ္ဘာပေါ်ရှိ သစ်တောအများစုကလည်း အလွန်အမင်း ခုတ်လှဲခြင်း သို့မဟုတ် မီးဖြင့် ဖျက်ဆီးခြင်း ခံနေရပါတယ်။

ငါးနှစ်မှ ဆယ်နှစ်အတွင်း ကမ္ဘာပေါ်တွင် လူမနေနိုင်သော နေရာများ ပိုများလာမှာ ဖြစ်ပါတယ်။ ထိုအခြေအနေမှာ သြစတြေးလျ၊ မြောက်အာဖရိက၊ ရုရှား၊ အမေရိကန်နှင့် အခြားနိုင်ငံများတွင် နေထိုင်ဖို့ အနာဂတ်တွင် ဖြစ်နိုင်ခြေ ရှိမရှိကို မည်သူမျှ မသိနိုင်မှာ မဟုတ်ပါဘူး။

လေထုညစ်ညမ်းမှုဟာ နှစ်စဉ် သန်းနှင့်ချီ၍ အသက်ဆုံးရှုံးနေတဲ့အကြောင်း

မြင့်မားတဲ့စိုထိုင်းဆ၊ အပူချိန်မြင့်တက်မှု​တွေဟာ ဟာရီကိန်းများနှင့် အပူပိုင်းမုန်တိုင်းများရဲ့ အဓိကအကြောင်းရင်းဖြစ်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ မက္ကဆီကို၊ အမေရိကန်နှင့် အခြားနိုင်ငံများရှိ ကမ်းရိုးတန်းမြို့တွေဟာ ရေလွှမ်းမိုးခြင်းခံခဲ့ရပြီဆိုရင် အခြေခံအဆောက်အအုံများ ပျက်စီးခြင်းနှင့် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးကာ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်စေပါတယ်။

နှစ်စဉ်နှစ်တိုင်း ဒီလို အဖြစ်အပျက်တွေ ပိုများလာတတ်ပါတယ်။ ၂၀၅၀ တွင် တွေ့ကြုံရမည့် သဘာဝ ဘေးအန္တရာယ် အ ကြိမ်ရေအရ အခြေခံစားနပ်ရိက္ခာ ထောက်ပံ့မှုဟာ လုံလောက်တော့မှာ မဟုတ်ဘဲ

ရက်သတ္တပတ်များ သို့မဟုတ် လများအကြာတွင် ဆက်တိုက်ဆိုသလိုပဲ ရေကြီးမှု၊ ဟာရီကိန်းတွေ တွေ့ကြုံရမှာဖြစ်ပြီး မုန် တိုင်းဒဏ်ခံ ဒေသတွေ များပြားလာမှာ ဖြစ်ပါတယ်။

ငှက်ဖျား၊ သွေးလွန်တုတ်ကွေး၊ ကာလဝမ်းရောဂါနှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားမှုကြောင့်လည်း ပြင်းထန်စွာ ထိခိုက်မှုရှိလာနိုင်ပါတယ်။

Permafrost လို့ခေါ်တဲ့ ကမ္ဘာ့အမြဲတမ်း အေးခဲနေတဲ့ နေရာတွေ အရည်ပျော်ခြင်းကြောင့်လည်း ကမ္ဘာတဝှမ်းရှိ ရှေးခေတ် ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို စွန့်ထုတ်ပြီး ကူးစက်ရောဂါများ တိုးပွားများပြားလာစေပါတယ်။

ပြောင်းလဲလာတဲ့ ရာသီဥတုမှာ အဆိုပါ ကူးစက်ရောဂါမျိုးစိတ်များ ရှင်သန်နေနိုင်တာကြောင့် ခြင်နှင့် မှက်များမှ ကူးစက်သောရောဂါများဟာ ဒေသအများစုမှာမကြာခဏ ပေါ်လာတတ်ပါတယ်။

ပိုဆိုးတာက၊ လူတွေ နေထိုင်နိုင်တဲ့ နေရာတွေမှာ လူဦးရေ ပိုထူထပ်လာပြီး ကမ္ဘာကြီးပေါ်မှာ အပူချိန်တွေ တိုးလာတာနဲ့ ဆက်နွယ်နေတဲ့ ပြည်သူ့ကျန်းမာရေး အကျပ်အတည်းဟာလည်း ဆက်ပြီး ကြီးထွားလာမှာ ဖြစ်ပါတယ်။

ဟာရီကိန်းနှင့် ရေလွှမ်းမိုးမှုများရဲ့ သက်ရောက်မှုများ ပိုမိုပြင်းထန်လာမှာ ဖြစ်တဲ့အကြောင်း

ဟာရီကိန်းနှင့် ရေလွှမ်းမိုးမှုများရဲ့ သက်ရောက်မှုများကြောင့် နေ့စဉ်နှင့်အမျှ ရာသီဥတုဆိုင်ရာ ဒုက္ခသည်များရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။ အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုတွေကြောင့် တခြား သွားစရာနေရာမရှိ ဖြစ်လာကြပါတယ်။

စိုစွတ်သောပတ်ဝန်းကျင်တွင် မှိုတက်ခြင်းကြောင့် ကလေးများသည် ချောင်းဆိုးခြင်းများလည်း ကြုံတွေ့ရစေပါတယ်။

တနည်းအားဖြင့် အာမခံကုမ္ပဏီများကလည်း ဒေဝါလီခံကြောင်း ကြေညာပြီး ဘေးအန္တရာယ် တစ်ခုပြီးနောက် အသက်ရှင် ကျန်ရစ်သူများကို ပြန်လည်ရယူဖို့ နည်းလမ်းမရှိဘဲ ထားခဲ့ကြမှာပါ။

သမုဒ္ဒရာများက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူတဲ့အတွက်ကြောင့်လည်း သမုဒ္ဒရာရေတွေမှာ ​အက်စစ်ဓာတ်များလာစေပါတယ်။

ကမ္ဘာ့နိုင်ငံတိုင်းနီးပါးတွင် ငါးဖမ်းခြင်းကို တားမြစ်ထားတဲ့ အတွက်ကြောင့်လည်း ကမ်းရိုးတန်းတွင် ကျန်နေရစ်ပြီး နေထိုင်သူများ နည်းပါးလာစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

သို့သော် သမုဒ္ဒရာများ ဘယ်လောက်ပဲ ပျက်စီးစေကာမူ မိုးခေါင်ရေရှားမှုနှင့် အပူလှိုင်းများ မည်မျှပင်ဖြစ်စေကာမူ သဲကန္တာ ရတွင် စိုးရိမ်စရာ နောက်ထပ်ပြဿနာတစ်ခု ရှိသေးပါတယ်။

Marrakech နှင့် Volgograd ကဲ့သို့သော မြို့များဟာ သဲကန္တာရ အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်လာတော့မှာပါ။

အခြားနိုင်ငံ အများအပြားကလည်း နှစ်ပေါင်းများစွာ ခြောက်သွေ့နေသော ဧရိယာများမှ ရွှေ့ပြောင်း အခြေချသူများရဲ့ အ ဆက် မပြတ်တိုးပွားလာမှုဒဏ်ကို ရင်ဆိုင်ဖို့ အသည်းအသန် ကြိုးစားနေရမှာပါ။

ကမ်းရိုးတန်းဒေသများ ပိုများလာကာ လူသူ မနေထိုင်နိုင်လည်း ဖြစ်လာပါတယ်။ ကမ္ဘာရဲ့ အပူဆုံး ဒေသများမှာ ဆိုရင် အ နည်းဆုံး လူနှစ်ဘီလီယံခန့် နေထိုင်ကြပါတယ်။

ဒီအပူချိန်မှာ လူတွေဟာ ရေနှင့် စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပူပြင်းသောနိုင်ငံနှင့် ဒေသများတွင် လူထု မငြိမ်မသက်မှုများနှင့် အတူ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်း နေထိုင်မှုများ ပုံမှန်ထက် ပိုမိုများပြားလာတာကိုလည်း တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ယခုအချိန်ဟာ ကမ္ဘာကြီးကို ပြန်လည် ကောင်းမွန်လာစေဖို့ဟာ လူသားတိုင်းမှာ တာဝန်အပြည့်အဝ ရှိနေပြီ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *