တရုတ်နိုင်ငံ ခရီးသွားတစ်ယောက်ဟာ မှန်တံတားပေါ်မှာ လည်ပတ်ရင်း ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူသွားလမ်းတစ်လျှောက် မှန်များကွဲကြေပြီး လက်ရန်းပေါ်မှာ အသက်အန္တရာယ်စိုးရိမ် ရသည်အထိ တွယ်ကပ် ပိတ်မိခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာန တစ်ခုဖြစ်တဲ့ Xinhua မှ ကနဦး သတင်းတစ်ရပ် အရ သိရပါတယ်။
အဆိုပါ သောင်တင်နေသူမှာ အသက်ရှင်ခဲ့ကြောင်း တရုတ်အစိုးရပိုင်မီဒီယာက ဖော်ပြထားပါတယ်။
အဆိုပါ မှန်တံတားဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Jilin ပြည်နယ်အနီးရှိ ပီယန်တောင်ရဲ့ ရှုခင်းသာ ပတ်ဝန်းကျင်တွင် ရှိပြီး သောကြာ နေ့က စံချိန်တင် လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
ပျက်စီးသွားတဲ့ တံတားရဲ့ ဓာတ်ပုံကို နိုင်ငံပိုင် မီဒီယာတွင် မျှဝေခဲ့ပြီး လက်ရန်းပေါ်မှာ တွယ်ကပ်နေရတဲ့ လူတစ်ယောက် ကိုပါ တွေ့ရပါတယ်။
ကံကောင်းစွာနဲ့ပဲ အဆိုပါ အမျိုးသားရဲ့ ဉာဏ်ကောင်းမှုကြောင့် ဘေးကင်းရာသို့ တွယ်ကပ်သွားခဲ့ပြီး အသက်အန္တရယ်ကနေ လွတ်မြောက်ခဲ့တယ်ဟု Xinhua သတင်းဖော်ပြချက်အရ သိရပါတယ်။
မှန်တံတားဟာ တစ်နာရီလျှင် လေတိုက်နှုန်း ၇၃ မိုင်မှ ၉၂ မိုင်ကြားမှာ ပျက်စီးသွားတယ်ဟု သိရပြီး ဒါဟာ ဒေသတွင်း စံချိန်တင် အမြင့်ဆုံးနှုန်း ဖြစ်ပါတယ်။
အန္တရာယ်ဇုံကနေ ကံကောင်းထောက်မစွာ ကိုယ်တိုင် ရွှေ့ပြောင်းပြီးနောက်မှာတော့ အဆိုပါ ခရီးသွားဧည့်သည်ကို ကျန်းမာရေး စစ်ဆေးဖို့ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ တည်ငြိမ်မှုရှိနေပုံရကြောင်း တရုတ်အစိုးရပိုင် မီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဘာပဲပြောပြော ဒီ အန္တရာယ်ဇုံကနေ လွတ်မြောက်အောင် ကိုယ်တိုင် ကြိုးစားခဲ့ရတာပါ။
မှန်တံတားဟာ ပီယန်တောင်အထက် လေထဲ ၃၃၀ ပေ (၁၀၀ မီတာ) အကွာမှာ တည်ဆောက် ထားတဲ့ အတွက်ကြောင့် လူပြုတ် ကျပါက အသက်ရှင်ဖို့ လမ်းမမြင်ပါဘူး။
မှန်တံတားတွေဟာ ထူးထူးဆန်းဆန်း ခရီးသွားအများအပြားကို ဆွဲဆောင်ဖို့ တွန်းအားပေးနေပေမဲ့လည်း အန္တရာယ်ကို ကိုယ်တိုင် လက်ယက် ခေါ်သလို ဖြစ်နေတက်ပါတယ်။
ဥပမာအနေနဲ့ ကျွန်ုပ်တို့ နင်းလိုက်တဲ့အခါတိုင်း အချို့သောတံတားတွေမှာဆိုရင် အက်ကြောင်းအတုများ ဖြစ်ပေါ်စေတဲ့ အထူး ပြုလုပ်ထားတဲ့ မြင်ကွင်းများ တွေ့ရပါတယ်။

ကျွန်ုပ်တို့နင်းလိုက်ရင် ကွဲသလိုဖြစ်သွားပြီး အက်ကြောင်းတွေပေါ်လာတက်တဲ့ မှန်တံတားတွေကို တော်တော်များများ မြင်ဖူးသိဖူးကြမှာပါ။
တရုတ်နိုင်ငံရှိ ခရီးသွားတော်တော်များများက အန္တရာယ်ရှိတဲ့ အမြင့်များကို အလွန်နှစ်သက်ကြတဲ့အကြောင်း
ဒီကြောက်စရာကောင်းတဲ့ တံတားများထဲမှ တစ်ခုကတော့ Jilin မှာ ရှိပါတယ်။ အနံ ၈.၂ ပေ (၂.၅ မီတာ) သာရှိပြီး အရှည် ၉၈၄ ပေ (၃၀၀ မီတာ) သာရှိကာ ၂၀၁၈တုန်းက တည်ဆောက်ခဲ့ပြီး ဖြတ်ကူးဖို့ဆိုရင် အကြမ်းဖျင်းအားဖြင့် ၁၆ ဒေါ်လာ ( တရုတ်ယွမ် ၁၀၀)ပေးဆောင်ရပါတယ်။
VICE News အစီရင်ခံစာအရ ခရီးသွားတွေကို “စိတ်ထိတ်လန့်စရာအတွေ့အကြုံ” ကိုရရှိစေသည့်အပြင် “သဘာဝရဲ့ ကောင်းမွန်တဲ့ မြင် ကွင်း နှင့် လူသားများရဲ့ဉာဏ်ရည်ဉာဏ်သွေးတို့ ပြီးပြည့်စုံစွာ ပေါင်းစပ်မှု” ဖြစ်တယ် ဟုဆိုပါတယ်။
တရုတ်နိုင်ငံမှာ အကြမ်းဖျင်းအားဖြင့် မှန်တံတားပေါင်း ၂,၃၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရပြီး အားလုံးဟာဆိုရင် ကမ္ဘာလည် ခရီးသွားများကို ဆွဲဆောင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတယ် ဟုဆိုပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့ကလို အဖြစ်အပျက်တွေ နိုင်ငံတဝှမ်းမှာ အများအပြား ဖြစ်ပွားခဲ့တာပါ။
၂၀၁၈ တုန်းကလည်း တရုတ်နိုင်ငံ Hebei ရှိ ဖန်သားနဲ့မွမ်းမံထားတဲ့ လမ်းတွေ၊ တံတားတွေ နဲ့ ရှုခင်းနေရာတွေ စတဲ့ အထင်ကရနေရာ ၃၂ နေရာကို ဘေးကင်းရေးစစ်ဆေးမှုများ လုပ်ဆောင်ဖို့အတွက် ပိတ်ခဲ့ရတယ် ဟု သိရပါတယ်။
၂၀၁၉ တုန်းက Guangxi ပြည်နယ်ရှိ မှန်လျှောမှပြုတ်ကျမှုကြောင့် လူတစ်ဦး အသက် ဆုံးရှုံးခဲ့ရပြီး လူခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါတွေအပြင် ၂၀၁၆ တုန်းက Zhangjiajie မြို့ရှိ မှန်လူသွားလမ်းကို ခရီးသွားဧည့်သည်တစ်ဦး ဖြတ်၍ လမ်းလျှောက်ရင်း ကျောက်တုံးပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဒီအကြောင်းအရာတွေကြောင့် တစ်ချို့သော ဒေသန္တရအစိုးရများဟာ မှန်ကုန်းပတ် တံတားအသစ်များအတွက် ခွင့်ပြုချက်ကို ရပ်ဆိုင်းထားကြသော်လည်း တရုတ်နိုင်ငံရှိ ခရီးသွားတွေအတွက် သေခြင်းတရားကို ကောင်းမွန်စွာ ကျော်လွှား ရှင်သန်နိုင်ပုံရပါတယ်။
ဘာပဲပြောပြော သွားရောက်လည်ပတ်တဲ့ ခရီးသွားအားလုံး သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးနိုင်ဖို့အတွက် အသက်ရှင်ဘေးကင်းကြဖို့ မျှော်လင့်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။