သူကတော့ အမေရိကန်ပြည်ထောင်စု၏ (၃၁)ယောက် မြောက် သမ္မတကြီး Herbert C. Hoover ဖြစ်ပါသည်။
Herbert C. Hoover ကို ၁၈၇၄ -ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကပင် မိဘများ ကွယ်လွန်သွားသောကြောင့် ဆွေမျိုးများနှင့် ကြီးပြင်းခဲ့ရသူလဲဖြစ်ပါတယ်။
အစ်ကိုကြီးတစ်ယောက်နှင့် ညီမငယ်တစ်ယောက် ရှိသည်။ သူဟာ မြန်မာနိုင်ငံ၊ မန္တလေးမြို့ မှာ သတ္တုတူးဖော်ရေး ရုံးခန်းခွဲဖွင့်ပြီး စီးပွားရေးလာရောက်လုပ်ကိုင်ခဲ့တာပါ။
ဆန်ဖရန်စစ္စကို (San Francisco)မြို့ တောင်ဘက်မိုင် ၃၀ ခန့်အကွာရှိ Stand ford University စတင် ဖွင့်လှစ်စဉ် ပထမဆုံး ကျောင်းသားအဖြစ် တက်ရောက်ခဲ့ပြီး ဘူမိဗေဒနှင့် အင်ဂျင်နီယာ ဘာသာရပ်များဖြင့် ၁၈၉၅- ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပါတယ်။
သူနှင့် Stand ford University ကျောင်းနေဘက် ဖြစ်တဲ့ Lau Henry ဆိုသူ အမျိုးသမီး နှင့် ၁၈၉၉ -ခုနှစ်တွင် လက်ထပ်ခဲ့ပါတယ်။

တရုတ်၊ သြစတေးလျ စသော နိုင်ငံ အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်တွင် ရှိနေစဉ် တရုတ်ရာဇဝင်မှ ဖော်ပြထားသော ယနေ့ မြန်မာနိုင်ငံ၊ နမ္မတူမြို့အနီးရှိ ဘော်တွင်း(ငွေတွင်း) အကြောင်းကို သိရှိလာခဲ့သည်ဟု ဆိုပါတယ်။
၁၉၀၈-ခုနှစ် အင်္ဂလိပ်တို့ အုပ်ချုပ်စဉ်အခါက မြန်မာနိုင်ငံ ရန်ကုန်မှ တစ်ဆင့် မန္တလေးသို့ လည်းကောင်း၊ မန္တလေးမှ နမ္မတူမြို့ သို့ လည်းကောင်း၊ မြင်း များဖြင့် သွားရောက်ခဲ့ပြီး မန္တလေးတွင် ရုံးဖွင်ခဲ့တာ ဖြစ်ပါတယ်။
ဘော်တွင်းတွင် ရှေးယခင်က တရုတ်တို့ စွန့်ပစ်ထားခဲ့သော ဘော်တွင်းဟောင်းများကို မြင်တွေ့ခဲ့ရသည် ဆိုပါတယ်။
တရုတ်တို့ အဆိုပါ ဘော်တွင်းများအား စွန့်ပစ်သွားရခြင်း အကြောင်းမှာ ပန်းသေး တရုတ်တို့ ဆူပူပုန်ကန်ခြင်း၊ သတ္တုတူးဖော်ရေးနှင့် သန့်စင်မှုနည်းပညာ ချို့တဲ့ခြင်းတို့ကြောင့် ဟုဆိုနိုင်ပါတယ်။
သို့ရာတွင် Stand ford University မှ ဘူမိဗေဒနှင့် အင်ဂျင်နီယာဘာသာရပ်ဖြင့် ကျောင်းဆင်းခဲ့သော Herbert C. Hoover အတွက် မှာကား စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက်ရန်အတွက် အခွင့်ကောင်း၊ အခြေအနေကောင်းများပင် ဖြစ်သည်။
သူပထမဆုံး ရင်ဆိုင်ရသော ပြဿနာမှာ သတ္တုတွင်းဟောင်း များထဲတွင် သားပေါက်နေသော ကျားမိသားစုများကို ရှင်းလင်းရေး ဖြစ်ပါတယ်။

သူဟာ သတ္တုတွင်းဟောင်း အဆာက်အဦးကို သစ်ပင်ပေါ်တွင် လင့်စင်ထိုးပြီး ရက်အနည်းငယ်ကြာ စောင့်နေခဲ့ရပါတယ်။
တစ်နေ့ ကျားထွက်လာသောအခါ ရိုင်ဖယ်ဖြင့် သုတ်သင်ခဲ့ပြီး သတ္တုတွင်းဟောင်းများအား ခေတ်မီစေရန် စနစ်တကျ ပြုပြင်ခဲ့ရာ အရှုံးပေါ်နေသော လုပ်ငန်းမှသည် ကမ္ဘာ့အကြီးဆုံး ငွေတွင်းကြီး ဖြစ်လာခဲ့ပါတယ်။
Hoover သည်လည်း သန်းကြွယ်သူဌေး ဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်တွင် သာမက ကမ္ဘာမှာပါ ကျော်ကြားသူတစ်ဦး ဖြစ်လာသည်။ မန္တလေးတွင် နေထိုင်စဉ် Herbert C. Hoover အား ဒေသနေ မြန်မာများက “ဦးကျော်ကြီး” ဟု ခေါ်ခဲ့သည်ဟု သိရပါတယ်။
Herbert C. Hoover သည် နေရာမျိုးစုံ၊ ဘဝမျိုးစုံ ကြုံတွေ့ခဲ့ရပြီး Stand ford University မှ သင်ယူခဲ့သော ပညာ၊ မြန်မာပြည်တွင် ရှာဖွေခဲ့သော ဥစ္စာနှင့် လုပ်ငန်း အသီးသီးမှ ရခဲ့သော အတွေ့အကြုံတို့ကို အခြေခံပြီး နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံ ပစ်ဝင်ခဲ့ရာ ၁၉၂၉-၁၉၃၃ တွင် အမေရိကန် ပြည်ထောင်စု၏ (၃၁) ယောက်မြောက် သမ္မတ ဖြစ်လာခဲ့ပါတယ်။
သမ္မတ Hoover အုပ်ချုပ်စဉ် အမေရိကန်ပြည်ထောင်စုသည် ကြီးစွာသော အခက်အခဲ ကြုံခဲ့ရပါတယ်။
ယင်းအခက်အခဲမှ လွန်မြောက်ရန် Hoover သည် စီမံကိန်းများစွာ ချမှတ် လုပ်ဆောင်ခဲ့ရာ ကမ္ဘာ့ အကြီးဆုံး ရေကာတာကြီးလည်း အပါ အဝင် ဖြစ်ပါတယ်။

အဆိုပါ ရေကာတာကြီးကို သမ္မတကြီး Hoover အား ဂုဏ်ပြုသောအားဖြင့် Hoover Dam ဟု ယနေ့တိုင် ခေါ်ဆိုနေကြဆဲ ဖြစ်ပါတယ်။
သမ္မတ Hoover ဟာ စီးပွားရေး အခက်အခဲမှ လွတ်မြောက်စေရန်နှင့် အစားအစာ မပြတ်လပ်စေရန် အစားအစာများကို သိုမှီး ထိန်း ချုပ် ဖြန့်ချီပေးခဲ့ရပါတယ်။
နောင်အခါတွင် အစားအသောက်များအား ထိန်းချုပ်သိုမှီးသည် ဟူသော စကားကို Hoover လုပ်သည်ဟု ဗန်း စ ကားအဖြစ် ပြောလာကြတဲ့အထိ ဆောင်ရွက်ခဲ့တာပါ။
နေစကြာဝဠာထဲရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား (Asteroid) တစ်ခုကိုလည်း ၎င်းအား ဂုဏ်ပြုသောအားဖြင့် Hoover ဆိုသည့် အမည်ကို ပေးခဲ့ပါသေးတယ်။
သမ္မတ Hoover ဟာ တက္ကသိုလ်ပေါင်း များစွာမှ ဂုဏ်ထူးဆောင်ဘွဲ့ပေါင်း ၇၅ ခုကို ရရှိခဲ့ပြီး ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါတယ်။
မူရင်း ရေးသားသူ – ဦးမြင့်ဝေ (ကြို့ပင်ကောက်)