လူတွေဟာ နေ့စဉ် မြင်တွေ့နေရတဲ့ ပုံစံတွေ အပေါ် မူတည်ပြီး အယူအဆတွေ အတွေးအခေါ်တွေ ပြောင်းလဲ တတ်ပါတယ်။
သုတေသီများဟာ မကြာသေးမီကဘဲ Mask တပ်ထားသော အမျိုးသမီးရော အမျိုးသားများပါ (အထူးသဖြင့် surgical Mask တပ်သူများ) ပိုမို ဆွဲဆောင်မှု ရှိလာတယ် ဆိုတာကို တွေ့ရှိခဲ့ရတယ်လို့ The Guardian သတင်းမှာ ဖော်ပြခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ဒီလို ပြောင်းလဲလာမှုဟာ မျက်နှာတွေကို ဖုံးကွယ်ထားတာ နေရာအနှံ့မှာ မြင်နေရလို့လား ဒါမှမဟုတ် Mask အမျိုးအစား အပေါ်မူတည်ပြီး သက်ရောက်မှုလားဆိုတာ သိချင်လို့ ဖြစ်ပါတယ်” လို့

Cognitive Research ဂျာနယ်တွင် ဖော်ပြခဲ့တဲ့ ဒီလေ့လာမှုရဲ့ ပူးတွဲရေးသားသူ Cardiff တက္ကသိုလ်မှ သုတေသီတယောက်ဖြစ်တဲ့ Michael Lewis က ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ လေ့လာမှုအရ ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း (surgical Mask) တပ်ထားတဲ့ မျက်နှာများဟာ ဆွဲဆောင်မှု အရှိဆုံးလို့ ယူဆကြပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။
ဒါဟာ အပြာရောင် နှာခေါင်းစည်းတွေ တပ်ဆင်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကြောင့် ဖြစ်နိုင်ပြီး အကျပ်အတည်း ကာလအတွင်းနှင့်လည်း ဆက်စပ်နေပါတယ်။
“အဲဒီ့တုန်းက ကျွန်တော်တို့ဟာ ထိခိုက်လွယ်တယ်လို့ ခံစားနေရတဲ့ အချိန်မှာ ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်းတွေ တပ်ဆင်ထားတာဟာ ဝတ်ဆင်ထားသူအပေါ် အပြုသဘောဆောင်တယ်လို့ ခံစားရနိုင်တယ်” လို့ Lewis က သတင်းဌာကို ပြောပါတယ်။
ယမန်နှစ် အစောပိုင်းလောက်က ပြုလုပ်ခဲ့သည့် စမ်းသပ်မှု အတွင်းမှာ အမျိုးသမီး ၄၃ ယောက်ကို ပါဝင်စေခဲ့ပါတယ်။
၎င်းတို့ဟာ နှာခေါင်းစည်းမပါသည့် အမျိုးသား၊ စာအုပ် အနက်ရောင်ဖြင့် ကွယ်ထားသည့် အမျိုးသား၊ အဝတ် နှာခေါင်းစည်းနှင့် ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း တို့ တပ်ဆင်ထားသည့် အမျိုးသား ပုံများတွင် အမှတ် ၁ မှ ၁၀ ပေးကာ စွဲဆောင်မှုကို သတ်မှတ်ပေးပါတယ်။

အံ့အားသင့်စရာကောင်းတာက ရလဒ်အနေဖြင့် ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း တပ်ဆင်ထားသည့် အမျိုးသားဟာ ဆွဲဆောင်မှု အရှိဆုံး ဖြစ်ကြောင်းကို တွေ့ရှိခဲ့ရပါတယ်။
အဝတ်နှာခေါင်းစည်း တပ်ဆင်ထားသည့်ပုံက ဒုတိယ ဆွဲဆောင်မှု အဖြစ်ဆုံးဖြစ်ပြီး နှာခေါင်းစည်းမပါသည့် အမျိုးသားပုံက အမှတ် အနည်းဆုံး ရရှိခဲ့ပါတယ်။
ထုတ်ဝေမှု မပြုလုပ်ခဲ့တဲ့ ဒုတိယ လေ့လာမှုမှာတော့ မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးပုံများအား အမျိုးသားများကို ကြည့်ပြီး အမှတ်ပေးစေခဲ့ကာ အလားတူ ရလဒ်မျိုးပဲ ထပ်မံ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ကပ်ရောဂါ စတင်ကတည်းက ဖြစ်လာတဲ့ ထူးဆန်းသည့် အပြောင်းအလဲ ဖြစ်လိမ့်မယ်လို့ Lewis က ဆိုပါတယ်။
“ကပ်ရောဂါဟာ နှာခေါင်းစည်း တပ်သူတွေကို ရှုမြင်ပုံမှာ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲစေခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် “နှာခေါင်းစည်း တပ်ထားတဲ့ လူတယောက်ကို မြင်တာနဲ့ အဲဒီ့လူမှာ ရောဂါရှိတယ် ဝေးဝေး နေရမယ်လို့ မထင်မိတော့ဘူး” လို့ ၎င်းက ဆက်ရှင်းပြပါတယ်။

လူတွေဟာ ၎င်းတို့၏ လက်တွဲဖော်ကို ကျန်းမာရေးကောင်းတဲ့ပုံစံ အရှိဆုံး လူတယောက်ကို ရွေးချယ်လာကြတယ်ဆိုတာ ဒီလို ဆင့်ကဲပြောင်းလဲလာတဲ့ စရိုက်လက္ခဏာများက ပြသနေပါတယ်လို့ သုတေသီများက ဆိုပါတယ်။
ကျွန်တော်တို့ အနေနဲ့ရော ဒီလေ့လာမှုကိုကြည့်ပြီး ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ အမြင်တွေ ပြောင်းနေပြီလားဆိုတာ စဉ်းစား မေးခွန်းထုတ်ကြည့်စရာ ပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။