ဗိသုကာ ပညာရှင်များဟာ ဆန်းပြားသည့် ဒီဇိုင်းနှင့် ဒီအဆောက်အဦးသစ်များတွင် နေထိုင်သူများ ပတ်ဝန်းကျင်နှင့် မြေအနေအထား သဘာဝကို အလေ့အကျင့်ရစေရန် လှေကားများ ထည့်သွင်း တည်ဆောက်ခြင်း မရှိပါဘူး။
MASK မှ ဗိသုကာ ပညာရှင်များဟာ ကမ္ဘာ့ပထမဆုံး သံမဏိကို 3D printer ဖြင့် ပုံဖော်ကာ မော်လ်ကျူလာ နည်းဖြင့် လူနေအိမ်များကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီ့ ဒီဇိုင်း အဆန်းနှင့် အိမ်များဟာ အလွန်ကြည့်ကောင်းပြီး အီတလီနိုင်ငံ Sardinia ကျွန်းရှိ Orani မှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
ဗိသုကာ ပညာရှင်များဖြစ်တဲ့ Öznur Pınar Çer နှင့် Danilo Petta တို့ဟာ အနုပညာရှင် Costantino Nivola ပြုလုပ်ခဲ့သည့် ရုပ်ထုများထဲက တခုဖြစ်သည့် “La Madre” ၏ စိတ်ကူးကို ယူပြီး ဒီအိမ်များကို တည်ဆောက်ခဲ့တာပါ။

အိမ်များဟာ ရုတ်တရက် ကြည့်လိုက်ပါက တောက်ပနေသည့် လိပ်ပြာလေးများပုံစံ ဖြစ်နေပါတယ်။
သဘာဝ ရှုခင်းများနှင့် ဝန်းရံထားသည့် ဒီ အိမ်ယာတည်ဆောက်ရေးဟာ ရေရှည် တည်တံ့ဖို့နှင့် သဘာဝနှင့် လိုက်ရောညီထွေ ရှိဖို့ ဖြစ်တယ်လို့ စီမံကိန်း၏ ဝက်ဘ်ဆိုက်ဒ်တွင် ဖော်ပြထားပါတယ်။
အီတလီ၏ လေအတိုက်ဆုံး ဒေသတခု ဖြစ်သည့် အတွက် ရေရှည် ခိုင်ခံ့စေရန် အိမ်များကို လေဝင်လေထွက် ကောင်းစေအောင် ဖန်တီးထားပါတယ်။
ဒါ့အပြင် အိမ်များဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များကို ၎င်းတို့၏ ကိုယ်ပိုင် လျှပ်စစ်အသုံးပြုနိုင်ဖို့အတွက် အပြင် ဓာတ်အားလိုင်များကိုတောင် ပြန်လည် ထောက်ပံ့နိုင်မယ်လို့ ဆိုပါတယ်။
အဆောက်အုံတခုစီ၏ အလယ်ဗဟိုတွင် နေရောင်ခြည် ဆိုလာစွမ်းအင်နှင့် လေမှ စွမ်းအင်တို့ကို စုဆောင်းနိုင်သည့် တာဝါတခု တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

အဲဒီ့တာဝါကို ဆိုလာပြားများဖြင့် ဖုံးအုပ်ထားပြီး လေအားသုံး တာဘိုင်များကို စွမ်းအင်ပေးနိုင်ရန် ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်ပါတယ်။
အိမ်များကို သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရန် စမတ်ကင်မရာများနှင့် မီးခိုး ရှာဖွေရေး ကိရိယာများကို တပ်ဆင်ထားပါတယ်။
ဒီ တည်ဆောက်ရေးမှာ စိတ်ဝင်စားစရာ အချက်တခုကတော့ အဆောက်အအုံများအတွက် အတွင်းပိုင်းမှာ လှေကားများ မပါဝင်တာ ဖြစ်ပါတယ်။
အဲဒီလို အတွင်းပိုင်းတွင် လှေကားတွေ မထည့်သွင်းထားတဲ့အတွက် အိမ်တွေကို အောက်ပါ ပုံစံ အတိုင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။

စီမံကိန်းကို “Madre Natura” လို့ အီတလီလို အမည်ပေးထားတာ ဖြစ်ပြီး အင်္ဂလိပ်လို “Mother Nature” ဆိုပြီး မိခင် သဘာဝကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။
ဒီလို အဆောက်အအုံများဟာ သဘာဝနှင့် လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ထားပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ ရှိစေမှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် သဘာဝနှင့် အတူ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တွေပါ ထောက်ပံ့နိုင်ပြီး လူသားများ၏ အနာဂါတ်ကို အကျိုး ဖြစ်ထွန်းစေမယ့် MASK ၏ အိမ်ယာ ဒီဇိုင်းအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။