Microsoft Japan ဟာ တပတ်လျှင် ၄ ရက်တက် အလုပ်မူဝါဒကို ကြိုးပမ်းခဲ့ပြီး ကုန်ထုတ်စွမ်းအား တိုးတက် မြင့်မားစေခဲ့ပါတယ်ဟု ဆိုပါတယ်။
သမားရိုးကျမဟုတ်တဲ့ အလုပ် ရက်သတ္တပတ်တစ်ခုကို ဖန်တီးမည့် စိတ်ကူးဟာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှာ တဖြည်းဖြည်းနဲ့ ဖြစ်ပေါ်လာစေပါတယ်။
ပြင်သစ်နိုင်ငံဟာ ၂၀၀၀ ပြည့်နှစ်တုန်းက အလုပ်ရက်သတ္တပတ်ကို ၃၅ နာရီကြာ လုပ်ဆောင်ရမည်ဟု စတင်ကာ ဦးဆောင်ခဲ့သော်လည်း ယခုအခါ ကပ်ရောဂါကြောင့် ငါးရက်တာ အလုပ်ချိန် ဇယားအတွက် အခြား ရွေးချယ်စရာများကို ပြန်လည်စိတ်ဝင်စားလာစေပါတယ်။

လူမှုကွန်ယက်တွေပေါ်မှာ တပတ်လျှင် ၄ ရက် အလုပ်လုပ်သည့် အကြောင်းနှင့် ပတ်သက်လို့ မျှဝေမှုဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းတွင် သုံးဆတိုးလာခဲ့ပါတယ်။
ပြီးတော့ အဲဒါအတွက် အကြောင်းပြချက်ကောင်းရှိနေပြီး တပတ်တွင် ၄ ရက် အလုပ်လုပ်ခြင်းဟာ အစီရင်ခံစာပါ လုပ်ငန်းတွေရဲ့ သုံးပုံနှစ်ပုံနီးပါးအထိ ပြီးမြောက်ခဲ့ကာ ကုန်ထုတ်စွမ်းအား တိုးတက် ကောင်းမွန် လာတာပဲ ဖြစ်ပါတယ်။
အဆိုပါ တိုတောင်းတဲ့ အလုပ်ချိန် ရွေးချယ်မှုကြောင့် အောင်မြင်မှုရရှိခဲ့တဲ့ ကုမ္ပဏီအချို့ကိုလည်း မြင်တွေ့ရပါတယ်။
Microsoft စမ်းသပ်မှု
၂၀၁၉ ခုနှစ် ဩဂုတ်လတုန်းက Microsoft Japan ဟာ လစာဖြတ်တောက်ခြင်းမရှိဘဲ တစ်ပတ်ကို ၄ ရက်အလုပ်ချိန် နှင့် ၃ ရက် အလုပ် ပိတ်ရက် စနစ်ကို တစ်လကြာ စမ်းသပ်ခဲ့ပါတယ်။
ကုမ္ပဏီဟာ ဝန်ထမ်းတွေရဲ့ မိသားစု အားလပ်ရက်တွေမှာ အသုံးပြုဖို့အတွက် ယန်း ၁ သိန်း အထိ ငွေကြေးဆိုင်ရာ အကူအညီကိုလည်း ပံ့ပိုးပေးထားပြီး၊ မိသားစုတွေ ဆက်လက် ပညာသင်ကြားဖို့ သို့မဟုတ် ကျွမ်းကျင်မှုအသစ်များ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဖြစ်တယ် ဟု သိရပါတယ်။

“Microsoft Japan ရဲ့ဥက္ကဋ္ဌ နဲ့ CEO ဖြစ်သူ Takuya Hirano က အချိန်တိုအတွင်း အလုပ်လုပ်ပါ၊ ကောင်းကောင်းအနားယူပြီး အများကြီးလေ့လာပါ။”
“အလုပ်ချိန် ၂၀% လျှော့နည်းတာဟာ တူညီတဲ့ ရလဒ်တွေနဲ့ ဘယ်လို အောင်မြင်နိုင်သလဲ ဆိုတာကို စဉ်းစားပြီး အတွေ့အကြုံ ရယူဖို့ ဒီ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
“Work-Life Choice Challenge Summer 2019” ဟု ခေါ်တဲ့ တစ်လတာ ပရောဂျက်မှာ ဆိုရင် ဝန်ထမ်းပေါင်း ၂,၃၀၀ ဟာ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း တစ်ပတ်ကို ၅ ရက်ကြာတဲ့ အထိ အလုပ်မလုပ်ခဲ့ကြပါဘူး။
ဒီကာလအတွင်းမှာ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်တဲ့ စွမ်းဆောင်ရည်ဟာ ၃၉.၉ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
၎င်းတို့ရဲ့ အလုပ်ရက်သတ္တပတ်ဟာ ယခင်ကထက် တိုတောင်းတဲ့အတွက်ကြောင့် ဝန်ထမ်းတွေဟာ ၎င်းတို့ရဲ့အလုပ်ကို အချိန်နှင့်အမျှ ပိုမိုထိရောက်ပြီး အကျိုးရှိစွာ လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။
ထို့အပြင် လျှပ်စစ်အသုံးပြုမှုကလည်း ၂၃.၁ ရာခိုင်နှုန်း ကျဆင်းသွားတာကို တွေ့ရပါတယ်။

အခြားစမ်းသပ်မှုများ
ကပ်ရောဂါ ကာလအတွင်း စမ်းသပ်မှု နှစ်ခုမှာ အောင်မြင်မှု ရရှိပြီးနောက် လေးရက်ကြာအလုပ်နဲ့ပတ်သတ်ပြီး တစ်ချို့က လက်ခံခဲ့ကြပါတယ်။
Microsoft စမ်းသပ်မှုကဲ့သို့ တချို့ အလုပ်တွေမှာလည်း ရေရှည် တည်တံ့တဲ့ ကုန်ထုတ်လုပ်အား စွမ်းအင် အဆင့်ကို မြင့်တင် စေခဲ့ပြီး လုပ်ငန်းခွင်ဘဝ ဟန်ချက်ညီမှုကို ပိုမိုကောင်းမွန် စေခဲ့တယ်ဟု အတွင်းပိုင်း စစ်တမ်းများအရ သိရပါတယ်။
မကြာသေးမီ ၂၀၂၁ ခုနှစ် မတ်လတုန်းက နယူးဇီလန်ရှိ Unilever ဟာလည်း ၄ ရက်ကြာ အလုပ်ရက်သတ္တပတ်ကို ကြိုးစားခဲ့ပါတယ်။
“ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်က အချိန်မဟုတ်ဘဲ လုပ်ဆောင်နိုင်တဲ့နှုန်းအပေါ် စွမ်းဆောင်ရည်ကို တိုင်းတာဖို့ဖြစ်တယ်” ဟု ဆိုပါတယ်။ အလုပ်နည်းဟောင်းတွေက ခေတ်နောက်ကျနေပြီဟုလည်း ဆိုပါတယ်။
ကျွန်ုပ်တို့အများစုဟာ အိမ်ထဲကနေ အလုပ်လုပ်နေရတာဟာ တစ်နှစ်ကျော်ကြာပြီဖြစ်တာကြောင့် ကုမ္ပဏီတွေအနေနဲ့ အလုပ်အချိန်ဇယားတွေနှင့်ပတ်သက်လာလျှင် လိုက်လျောညီထွေရှိဖို့ လိုအပ်လာပါတယ်။

ယခုအချိန်ဟာ ၁၉၀၀ ပြည့်လွန်နှစ် အစောပိုင်းတုန်းက တီထွင်ခဲ့တဲ့ ငါးရက်ကြာ အလုပ်ချိန် စနစ်ကို စတင် မေးခွန်းထုတ်ခြင်းနှင့် အောင် မြင်ကြောင်း သက်သေပြနိုင်ခဲ့တဲ့ တခြားရွေးချယ်စရာတွေကို စဥ်းစားဖို့ အမှန်တကယ် ကောင်းမွန်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။