ကာကွယ်ဆေးမှ လွတ်မြောက်နိုင်ဖွယ်ရှိသည့် သန္ဓေပြောင်း Corona Virus E484K ကို သိပ္ပံရှင်များ စိုးရိမ်

News

သိပ္ပံပညာရှင်တွေဟာ Covid-19 ကာကွယ်ဆေးတွေရဲ့ အစွမ်းကိုလျော့ကျစေနိုင်တဲ့ လွတ် မြောက်နေတဲ့ သန္ဓေပြောင်း ဗိုင်းရပ်ကို မျိုးကွဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီ E484K လို့အမည် ပေးထားတဲ့ သန္ဓေပြောင်း Corona မျိုးကွဲ ဗိုင်းရပ်သစ်ကို ပထမဆုံး တောင်အာဖရိကနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်လက တွေ့ရှိခဲ့တာဖြစ်ပါတယ်။


ယခုအခါ တခြားနိုင်ငံ ၁၂ နိုင်ငံလောက်ဆီသို့ ပျံ့နှံပြီးနေပါပြီ။ တောင်အာဖရိကရဲ့ National Institute for Communicable Diseases မှာ တွဲဖက်ပါမောက္ခ Penny Moore ကတော့ ဒီသန္ဓေ ပြောင်းခြင်းကို “သတိပေးခြင်း” လို့ခေါ်ဝေါ် နေပါတယ်။ ဘာလို့လဲဆိုတော့ ဒီဗိုင်းရပ် အသစ် ဟာ ကာကွယ်ဆေးကြောင့်ထွက်လာမယ့် antibodies ကိုယ်ခံပဋိပစ္စည်း များဆီကလွတ်မြောက် နိုင်ခြေရှိလို့ပါ။ Moore ပါအဝင် သိပ္ပံပညာရှင်များအနေနဲ့ ဒီဗိုင်းရပ်အသစ်ဟာ ကာကွယ်ဆေး၏ အာနိသင်ကို တကယ်ပဲ လျော့ကျစေလား သိရှိစေဖို့တော့ စမ်းသပ်နေဆဲပါ။

ယခုအချိန်အထိ သုတေသနပြုချက်အရတော့ E484K ဟာ ကာကွယ်ဆေးကို ခံနိုင်ရည်ရှိနိုင်မယ်လို့ သံသယကြီးကြီးမားမား ဝင်စရာရှိနေပါတယ်။ ဗိုင်းရပ်အနေနှင့် သူကိုယ်တိုင် သို့မဟုတ် တခြားသန္ဓေပြောင်းဗိုင်းရပ်များနှင့် ပေါင်းစပ်ကာ ကာကွယ်ဆေးကို အာနိသင်ကျဆင်းစေမှာလည်း စိုးရိမ်နေကြတာပါ။ တကယ်လို့ သန္ဓေပြောင်းမှုဟာ လအနည်းငယ်အကြာမှာသာ ဖြစ်ပျက်ခဲ့ပါက တခြားပြသနာရှိတဲ့ သန္ဓေပြောင်းများပါ နောက်ကလိုက်လာနိုင်ပါတယ်။

သန္ဓေပြောင်းကို ဥပမာပေးရရင် စာသင်ခန်းထဲမှာ ကလေးဆိုးတွေကို စာသင်ပေးနေတဲ့ ဆရာမ နှင့် ကလေးတွေကို ဥပမာပြုနိုင်ပါတယ်။ ဆရာမက ကာကွယ်ဆေး၊ ကလေးတွေက Covid ပေါ့။ စာသင်ခန်းတစ်ခန်းလုံး စကားကိုနားထောင်ဖို့ဆရာမက ကြိုးစားအပြီးမှာ သူမဟာ တတန်းလုံးကို ထိုင်ခိုင်းထားတယ် ဆိုပါစို့။ အဲဒီ့အချိန်မှာ ကလေးတစ်ယောက်က အခန်းထဲကထွက်သွားပြီး အခြားကျောင်းသားကလေး အသစ်ရောက်လာပြီးသူ့နေရာဝင်ထိုင်ပါတယ်။ အဲဒီ့ကလေးကတော့ E484K ပေါ့။ ပြီးတော့ ဒီကလေးက စကားနားမထောင်ဘဲ ထိုင်မနေပါဘူး။ ဆရာမဟာ အရင်ကလေးတွေကို ထိန်းခဲ့တဲ့နည်းနဲ့ ကြိုးစားပေမယ့်မရပါဘူး။

ဒါကတော့ အကြမ်းဖျင်း ဥပမာပါ။ မကြာသေးမီက ကင်ဆာစင်တာတစ်ခုမှ Covid-19 မှသက်သာ လာတဲ့ လူနာရဲ့ သွေးရည်ကြည်ကို စစ်ဆေး ကြည့်တဲ့အခါမှာ E484K ဟာ တချို့ antibodies ကိုယ်ခံအားကို တန်ပြန်စိန်ခေါ်နိုင်တဲ့ အနေအထားကိုတွေ့ခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ E484K ကို အာရုံစိုက်နေတဲ့အချိန်မှာပဲ တခြား သန္ဓေပြောင်းမျိုးကွဲတွေကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ နောက်ထပ်တစ်ဆင့်ကတော့ ကာကွယ်ဆေးကြောင့်ထွက်လာတဲ့ antibodies ကိုယ်ခံပဋိပစ္စည်း စနစ်ဟာ ဒီ သန္ဓေပြောင်းဗိုင်းရပ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာဖြစ်ပြီး နောက် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အဖြေသိရတော့မှာဖြစ်ပါတယ်။

ဒီလို သန္ဓေပြောင်းဗိုင်းရပ်ကိုတွေ့ရှိတာ တောင်အာဖရိက တစ်နိုင်ငံထဲတင်မဟုတ်ပါဘူး။ ဘရာဇီးမှာလဲ မကြာသေးမီက တွေ့ရှိခဲ့ပါသေးတယ်။ Covid ဗိုင်းရပ်တွေရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်နေတဲ့ GISAID လွတ်လပ်တဲ့ အချက်အလက်မျှဝေရေး website အရ တောင်အာဖရိကမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ဒီမျိုးကွဲရဲ့ အချက်အလက်တွေကို နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ မကောက်ယူရသေးပါဘူး။ အဲဒီ့ နိုင်ငံတွေကတော့ ဗြိတိန်၊ ဘော့ဆွာနာ၊ ပြင်သစ်၊ သြစတြေးလျ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဂျပန် ဆွီဒင်နိုင်ငံ၊ တောင်ကိုရီးယား၊ ဖင်လန်၊ အိုင်ယာလန်နှင့်နယ်သာလန် နိုင်ငံတို့ဖြစ်ပါတယ်။

E484K အနေဖြင့် ကိုယ်တိုင်ဖြစ်စေ တခြား သန္ဓေပြောင်းများဖြင့်ဖြစ်စေ ပေါင်းစပ်ဖြစ်ပေါ်လာမည့် မျိုးကွဲဟာ ကာကွယ်ဆေးမှ antibodies ကိုယ်ခံပဋိပစ္စည်းများများ ထုတ်ပေးနိုင်ပါက လွတ်မြောက်နိုင်စရာတော့မရှိပါဘူး။ တကယ်ပူပန်ရတာကတော့ ဆင့်ကဲ ဆင့်ကဲသန္ဓေပြောင်းရင်းနှင့် ဘာဖြစ်သွားမယ်ဆိုတာကိုပါ။


Covid ဟာ လျှင်မြန်စွာ သန္ဓေမပြောင်းနိုင်ပေမယ့် ကူးစက်မြန်ရောဂါပိုးဖြစ်တာကြောင့် လူတွေတစ်ယောက်မှ တစ်ယောက်စီကူးစက်ရင်း သန္ဓေပြောင်းခွင့်တွေရပြီး ကာကွယ်ဆေးကို ခုခံနိုင်တဲ့အနေအထားကို ရောက်အောင်အခွင့်အရေးပေးသလို ဖြစ်မှာတော့ စိတ်ပူရပါတယ်။ Rockefeller တက္ကသိုလ်မှ ဗိုင်းရပ်ဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ paul Bieniasz က “ဒီဗိုင်းရပ်ဟာ တကယ်ပဲ ကျွန်တော်တို့ကို သူ့ရဲ့အလိုက်သင့်ပြောင်းလဲနိုင်မှုနဲ့ လွတ်မြောက်နိုင်ခြေရှိမှုကို ပြသခဲ့ပါတယ်”ဒါ့ကြောင့် ဗိုင်းရပ်ဗေဒရဲ့ ပထမဆုံးစည်းမျဉ်းအရ ” ဘယ်တော့မှဗိုင်းရပ်ကိုလျှော့မတွက်နဲ့” လို့ပြောကြားခဲ့ပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.