မိသားစုအတွက် မွေးသင့်သည့် အကောင်းဆုံး ခွေး အမျိုးအစားများ

Knowledge Lifestyle

မတူကွဲပြားတဲ့ ခွေးအမျိုးအစားများစွာရှိပြီး အချို့ အမျိုးအစားတွေ ကတော့ အခြား အမျိုးအစား​တွေထက် ကျွန်ုပ်တို့ မိသားစုတွေနဲ့ ပေါင်းစည်းဖို့ ပိုမိုလွယ်ကူကြပါတယ်။

အချို့မျိုးစိတ်တွေကတော့ လေ့ကျင့်ဖို့ ပိုမိုလွယ်ကူကာ ဖော်ရွေစွာ ကစားတတ်ကြပါတယ်။

ကျွန်ုပ်တို့ဘဝထဲကို ခွေးလေးတစ်ကောင် ယူလာဖို့ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ ဒီအမျိုးအစားတွေဟာ ကျွန်ုပ်တို့ မိသားစုထဲကို ထည့်ဖို့ အလွယ်ဆုံးခွေး ၅ ကောင်ပဲ ဖြစ်ပါတယ်။

(၁) Labrador Retriever

Labrador retriever ဟာဆိုရင် အမေရိကန်မှာ အကျော်ကြားဆုံး ခွေးမျိုးစိတ်ဖြစ်ခဲ့တာဟာ ဆယ်စုနှစ် နှစ်ခုကြာတောင် မကတော့ပါဘူး။

အဆိုပါ  မျိုးစိတ်တွေဟာ အလွန်ဖော်ရွေတတ်ပြီး လူ​တွေနှင့် အခြားခွေး​တွေအနီးမှာ ကောင်းမွန်စွာ နေတတ်ကြပါတယ်။ 

၎င်းတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးက​တော့ မိသားစု အားလုံးနှင့် ရင်းနှီးတတ်ကြတာပဲ ဖြစ်ပါတယ်။

Labrador retriever လေးတွေရဲ့ စိတ်နေစိတ်ထားဟာ ဖော်ရွေတက်တယ်၊ တက်ကြွပြီး အပြင်ထွက်ရတာကို နှစ်သက်ကြပါတယ်။

သူတို့လေးတွေဟာ ချစ်စရာကောင်းပြီး စိတ်အားထက်သန်ကာ ပျော်ပျော်နေတက်တဲ့ ထက်မြက်တဲ့ခွေးလေးတွေ ဖြစ်ကြပါတယ်။

ဒီလိုသဘောကောင်းပြီး ဖော်ရွေတက်တဲ့ခွေး​လေးတွေဟာ အဝါရောင်၊ အနက်ရောင်နှင့် ချောကလက်ဟူ၍ အရောင်သုံးမျိုးရှိပါတယ်။ 

၎င်းတို့ဟာ သန်မာပြီး လေ့ကျင့်ဖို့ကလည်း အတော်လေးလွယ်ကူပါတယ်။ Labs လေးတွေဟာ လေ့ကျင့်ခန်းများများ လုပ်ဖို့ လိုအပ်ပြီး နေ့စဉ်ဂိမ်းများကို အတူတကွ ကစားပေးဖို့ လိုအပ်ပါတယ်။

(၂) Poodle

Poodle လေးတွေဟာ ဉာဏ်ရည်ထက်မြက်​ကြပြီး လေ့ကျင့်ရလွယ်ကူသည့်အပြင် မယုံနိုင်လောက်အောင်လည်း အားကစားလုပ်တဲ့နေရာမှာ ထူးချွန်ကြပါတယ်။

Poodle လေးတွေဟာ ဉာဏ်ကောင်းပြီး စွယ်စုံရဖြစ်တဲ့အတွက်ကြောင့် သွက်လက်မှု၊ အားကစားနှင့် နာခံမှုပြိုင်ပွဲတွေမှာ ထူးချွန်ကြပါတယ်။

Poodle မျိုးကွဲတွေကို standard poodle ၊ miniature poodle နှင့် toy poodle ဆိုပြီး သုံးမျိုးခွဲထားပါတယ်။ ဒါ့ကြောင့် မိသားစုတိုင်းနှင့် လိုက်ဖက်တဲ့ ပုံစံတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

သူတို့လေးတွေရဲ့ ​နာမည်ကြီးတဲ့ အမွှေးကောက်ကောက်ပွပွလေးတွေဟာဆိုရင် အဖြူရောင်၊ အနက်ရောင်နှင့် အညို​ရောင် အပါအဝင် အရောင်မျိုးစုံဖြင့်လာပါတယ်။

Poodles လေးတွေဟာ အမွှေးပွပွ ကောက်ကောက်လေး များကြောင့် ရေပန်းစားပါတယ်။

သူတို့လေးတွေရဲ့ အားနည်းချက်တစ်ခုက ခွေးပေါက်လေးတွေရဲ့အမွှေးကို ပုံမှန်အားဖြင့် လေးပတ်မှ ခြောက်ပတ်တစ်ကြိမ် ရိတ်ပေးဖို့ လိုအပ်ပါတယ်။

(၃) Golden Retriever

၎င်းတို့ရဲ့ဆွေမျိုးဖြစ်တဲ့ Labrador ကဲ့သို့ Golden Retriever လေးတွေကလည်း US မှာ လူကြိုက်အများဆုံးခွေးများထဲမှ တစ်မျိုးလည်းဖြစ်ပါတယ်။

အဆိုပါ မျိုးစိတ်တွေဟာ ၎င်းတို့ရဲ့ ဖော်ရွေမှု၊ ပျော်ရွှင်တက်တဲ့ သဘောသဘာဝနှင့် လေ့ကျင့်တဲ့နေရာမှာ မြန်ဆန်လွယ်ကူမှုတွေကြောင့် လူသိများပါတယ်။

ဒါ့ကြောင့် Golden Retriever လေးတွေဟာ ပြိုင်ပွဲတွေမှာ ကောင်းစွာ လုပ်ဆောင် တတ်ကြပါတယ်။

သူတို့ရဲ့ အပျော်သဘောနဲ့ တက်ကြွတဲ့ သဘာဝကြောင့် သူတို့​လေးတွေကလည်း နေ့စဉ် လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။

ဒီလို သဘောကောင်းတဲ့ ခွေးလေးတွေရဲ့ အားနည်းချက်ရှိမယ်ဆိုရင် အဲဒါက သူတို့ရဲ့ စိတ်သဘောထားပဲ ဖြစ်ပါတယ်။

သူတို့လေးတွေဟာ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အမွှေးလဲလေ့ ရှိကြပြီး အပတ်စဥ် အမွှေးကို သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။

(၄) Shih Tzu

မူလက တရုတ်တော်ဝင်တွေရဲ့ အပေါင်းအဖော်​တွေအဖြစ် မွေးမြူထားကြပြီး ဖော်ရွေတက်တဲ့  Shih Tzu လေးတွေဟာ ပေါ့ပေါ့ပါးပါး ဆော့ကစားရတာ နှစ်သက်ကြပါတယ်။

ပွေ့ဖက်ရတာကို နှစ်သက်ကြပြီး ရင်ခွင်မှာ ငိုက်စိုက်ကျရုံနဲ့ တနေကုန် ကုန်ဆုံးရလည်း ပြဿနာမရှိ​​ကြပါဘူး။

သူတို့လေးတွေဟာ ကလေး​တွေအတွက် အထူးကောင်းမွန်ပြီး ဘယ်လိုအရွယ်အစားပတ်ဝန်းကျင်နှင့်မဆို လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်တဲ့အတွက်ကြောင့် လူသိများပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်း အများအပြား မလိုအပ်သောကြောင့် တိုက်ခန်း သို့မဟုတ် ကွန်ဒိုတွေမှာလည်း နေထိုင်ဖို့က အဆင်ပြေပါတယ်။

(၅) Beagle

အမဲလိုက်အဖော်အဖြစ် အစပိုင်းတုန်းက ရေပန်းစားတဲ့ Beagles လေးတွေဟာ သစ္စာရှိပြီး ဖော်ရွေတတ်တဲ့ မိသားစုအိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်ကြပါတယ်။

အဆိုပါ ခွေးလေးတွေဟာ ပေါင် ၂၀ ဝန်းကျင်သာ အလေးချိန် ရှိပါတယ်။ Beagles လေးတွေဟာ နှစ်လိုဖွယ်စရာကောင်းတဲ့ သဘောသဘာဝရှိပြီး၊ အတော်လေး လေ့ကျင့်တတ်ကြပါတယ်။

အိမ်မွေးတိရိစ္ဆာန်​တွေအဖြစ် မွေးမြူတက်ကြတဲ့ Beagles လေးတွေဟာ လူသားအဖော်​တွေနှင့် အတူ နေထိုင်ရတာကို နှစ်သက်ကြပါတယ်။ ၎င်းတို့နဲ့အတူ နေ့စဉ်လေ့ကျင့်ခန်းနှင့် ကစားချိန်ပေးဖို့ လိုအပ်ပါတယ်။

ဒါတွေအပြင် ၎င်းတို့ရဲ့ ပင်ကိုယ်အမဲလိုက်ခြင်းအပြုအမူကြောင့် beagles လေးတွေကို စိတ်ဝင်စားစရာ ကောင်းတဲ့ ရနံ့နောက်သို့ မပြေးသွားစေဖို့ ကြိုးဖြင့် အမြဲတမ်း လမ်းလျှောက်ဖို့တော့ လိုအပ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.