အပင်တွေကို ဆက်သွယ်မှုရှိသော သို့မဟုတ် လှုပ်ရှားမှုရှိသော သက်ရှိတွေ အဖြစ် သင်မတွေးမိနိုင်လောက်ပါဘူး။
သို့သော် သူတို့က တွေ့မြင်ရသလို မလှုပ်မယှက် ရှိနေတာ မဟုတ်ပါဘူး။
Alberta တက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပင်ဂေဟဗေဒပညာရှင် James Cahill က PBS မှပြသသည့် NATURE မှတ်တမ်းရုပ်ရှင် “What Plants Talk About” တွင် ရှင်းပြထားသလိုပဲ အပင်တွေဟာ မပြေးနိုင်တာကြောင့် သူတို့ ရှင်သန်နေရန် အခြားနည်းဗျူဟာတွေကို တီထွင်ကြရပါတယ်။
သူတို့က ကြီးထွားရှင်သန်ရန်အတွက် အင်းဆက်တွေနှင့် အချင်းချင်း ဆက်သွယ်ရန် ဓာတုပစ္စည်းတွေ အသုံးပြုမှုကို မြှင့်တင်ခဲ့ကြပါတယ်။
ဤသည်မှာ အပင်တွေ မည်ကဲ့သို့ လုပ်ဆောင်နေနိုင်သည်ကို ပြသသည့် အပြုအမူ ၅ ခု ဖြစ်ပါတယ်။
၁။ အပင်တွေက အကူအညီတောင်းနိုင်ပါတယ်။
လတ်လတ်ဆတ်ဆတ် နှုတ်ထားသော မြက်ပင် သို့မဟုတ် ခူးထားသော ပန်း၏အနံ့ကို ရှူရှိုက်မိသောအခါ သင်တကယ်အနံ့ရလိုက်သော အရာက အပင်၏ အကူညီတောင်းခြင်းပင် ဖြစ်ပါတယ်။
“ဒါဟာ အပင်ရဲ့ အကူအညီကို အော်ဟစ်တောင်းဆိုတဲ့နည်းပဲ” လို့ Cahill က ဆိုပါတယ်။ အနံ့က သူတို့ရဲ့ အပင်ကိုယ်တွေပေါ်မှာ မြုံ့နေသော ပိုးမွှားတွေကို စားမယ့် အင်းဆက်တွေကို ဆွဲဆောင်ပါတယ်။
ဥပမာအားဖြင့် တောရိုင်း ဆေးရွက်ကြီးပင်ဟာ သူတို့ရဲ့ တံတွေးဖြင့် ခူကောင်ကို ဖယ်ရှားနိုင်ခဲ့ပါတယ်။
ဤပိုးမွှား တိုက်ခိုက်ခံရသောအခါ ဆေးရွက်ကြီးပင်က အင်းဆက်၏ ရန်သူတွေကို ဆွဲဆောင်နိုင်သော ဓာတု အချက်ပြမှုတစ်ခု ထုတ်လွှတ်ပါတယ်။
နာရီပိုင်းအတွင်းတွင် ပိုးကောင်စားသည့် အခြားပိုးတွေ ရောက်ရှိ လာပြီး ပိုးမွှားတွေကို ဖယ်ရှားပါတယ်။

၂။ အပင်တွေက ခိုးနားထောင်နိုင်ပါတယ်။
အပင်တွေဟာ သူတို့ရဲ့ ညီနောင်တွေရဲ့ ဓာတုအချက်ပြမှုတွေကို ခိုးနားထောင်နိုင်ပြီး တစ်ခါတစ်ရံတွင် အနီးနားတွင် ဆာလောင်နေသော အင်းဆက်ပိုးတွေ ရှိနေတာကို သိလျက် သူတို့ရဲ့ ခုခံကာကွယ်မှုကို တက်ကြွစွာ မြှင့်တင်ခြင်းဖြင့် အခြားအပင်၏ SOS အော်ဟစ်သံကို တုံ့ပြန်နိုင်ပါတယ်။
၂၀၁၃ ခုနှစ် သုံးသပ်ချက်တစ်ခုတွင် လေ့လာမှု ၄၈ ခုဟာ အပင်တွေဟာ သူတို့ရဲ့အိမ်နီးနားချင်းတွေ တိုက်ခိုက်ခံရပြီးနောက် သူတို့ရဲ့ခုခံအားကို တိုးမြင့်လိုက်တယ်ဆိုတဲ့ အယူအဆကို ထောက်ခံနေတာကို တွေ့ရှိခဲ့ပါတယ်။
ဥပမာအားဖြင့် sagebrush ပင်ကို ခူကောင် တိုက်ခိုက်ခံရတဲ့အခါ ပိုးမွှားတွေကို ပရိုတင်းတွေ စားသုံးတာကို တားဆီးပြီး သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားသည့် trypsin proteinase inhibitors (TPIs) လို့ခေါ်တဲ့ ခုခံကာကွယ်သည့် ပရိုတင်းတွေကို ထုတ်ပေးပါတယ်။
အိမ်နီးနားချင်းအပင်တွေ၊ အခြားအပင်မျိုးစိတ်တွေ တောင်မှ တိုက်ခိုက်ခံရသော sagebrush ၏ ဓာတုအချက်ပြမှု များနှင့် ထိတွေ့သောအခါတွင် သူတို့ရဲ့ ခုခံကာကွယ်မှုတွေကို စတင်ပြင်ဆင်ကြပါတယ်။
သိပ္ပံပညာရှင်တွေ တွေ့ရှိချက်အရ တောရိုင်းဆေးရွက်ကြီး အပင်တွေဟာ sagebrush ထံမှ အကူညီခေါ်သံကို ခံစားသိရှိ လာသောအခါတွင် သူတို့က ဒီ TPIs တွေ ပြုလုပ်ရန် စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
၃။ အပင်တွေက သူတို့ရဲ့ နယ်မြေကို ကာကွယ်နိုင်ပါတယ်။
အပင်တွေက နေရောင်ခြည်အတွက် အချင်းချင်း ပြိုင်ဆိုင်ကြပြီး အိမ်နီးနားချင်းတွေကြား နေရာအတွက် တိုးဝှေ့နေကြပါတယ်။
ပြိုင်ဆိုင်မှုတွေကို တခြားနည်းလမ်းတွေနဲ့လည်း ထုတ်လွှတ်နိုင်ပါတယ်။

အရှေ့ဥရောပတွင် ပေါက်ဖွားသော်လည်း အမေရိကန် မြက်ခင်းပြင်တွေပေါ်မှာ အကြီးအကျယ် ပျက်ဆီးယိုယွင်းစေသော အန္တရာယ်ဖြစ် knapweed အပင်ဟာ မြေဆီလွှာမှ အာဟာရတွေရယူရာတွင် အထောက်အကူဖြစ်စေရန်အတွက် အချို့သော ဓာတုပစ္စည်းတွေကို ထုတ်လွှတ်သည့် အမြစ်တွေ ရှိပါတယ်။
အလားတူ ထိုဓာတုပစ္စည်းတွေဟာ ဇာတိမြက်တွေကို မျိုးသုဉ်း စေပါတယ်။
ထို့ကြောင့် knapweed က ကြီးမားသော နယ်မြေတွေကို သိမ်းပိုက်ထားပြီး အချို့တိရစ္ဆာန်တွေကဲ့သို့ပင် သူ့ရဲ့ ပြိုင်ဘက်တွေကို သုတ်သင်ပစ်ပါတယ်။
သို့ရာတွင် အချို့အပင်တွေက ကာကွယ်ရေးကို ထူထောင်ကြပါတယ်။
Lupine အမြစ်တွေဟာ knapweed မှ ထုတ်လွှတ်သော အဆိပ်သင့်ဓာတုပစ္စည်းတွေကို အကာအကွယ်ပေးသည့် oxalic acid ကို ထုတ်ပေးပါတယ်။
Lupin က သူ့ရဲ့အနီးတစ်ဝိုက်ရှိ အခြားအပင်တွေကိုပင် သားကောင်တွေကျရောက်ခြင်းမှ အန္တရာယ်ဖြစ်စေသော မျိုးစိတ်တွေအထိ ကာကွယ်ပေးနိုင်ပါတယ်။

၄။ အပင်တွေက သူတို့ရဲ့ မွေးချင်းတွေကို မှတ်မိနိုင်ပါတယ်။
အပင်တွေက သူတို့ပတ်ဝန်းကျင်တွင် အခြားအပင်တွေ ကြီးထွားလာသောအခါတွင် အာရုံခံစားနိုင်ပါတယ်။ အဲ့တာဟာ သူတို့ကို နေရောင် ခြည် ကဲ့သို့သော အရင်းအမြစ်တွေကို ယှဉ်ပြိုင်ရန် ကူညီပေးပါတယ်။
ဥပမာ အခြားအပင်များက သူတို့ကို အရိပ်ကျရောက် နေတယ်ဆိုပါက ပိုမိုကြီးထွားလာစေပါတယ်။
ဒါပေမယ့် တိရစ္ဆာန်တွေလိုပဲ သူတို့ဟာ သူတို့ရဲ့ ဆွေမျိုးတွေကို အသိအမှတ်ပြုပြီး ထောက်ပံ့ လေ့ရှိပါတယ်။
Sea Rocket အပင် ဖြင့် စမ်းသပ်မှုတစ်ခုတွင် မွေးချင်းများနှင့် ရင်းနှီးစွာ ပေါက်ရောက်လေ့ရှိသော အပင်တစ်ပင်၊ ဆွေမျိုးများနှင့် အိုးတွေမှာ အတူတကွ စိုက်ပျိုးထားသော အပင်တွေက သူစိမ်းများနှင့် ကြုံရာကျပန်း စိုက်ပျိုးထားသည့် အပင်တွေထက် အမြစ်ကြီးထွားမှုကို ပိုမိုတောင့်တင်းစေပါတယ်။
စိမ်းသောအခြေနေရှိ အပင်တွေဟာ အစားအစာအတွက် ပိုမိုကောင်းမွန်စွာယှဉ်ပြိုင်ရန်အတွက် အမြစ်တွေ ပိုမိုကြီးထွားလာသော်လည်း ပေါက်ဖော် အပင်တွေက အချင်းချင်းရဲ့ လိုအပ်ချက်ကို ပို၍အလေးထားကြပါတယ်။

နောက်ထပ် စမ်းသပ်ချက်တွေအရ ပေါက်ဖော်အပင်တွေက ဓာတုအချက်ပြမှု များမှတစ်ဆင့် အချင်းချင်း မှတ်မိကြောင်း ပြသခဲ့ပါတယ်။
၅။ အပင်တွေဟာ နို့တိုက်သတ္တဝါများနှင့် ဆက်သွယ်နိုင်ပါတယ်။
အပင်တွေဟာ အင်းဆက်တွေထက် ပိုမို ဆွဲဆောင်ရန် သူတို့လမ်းမှ ထွက်ခွာကြပါတယ်။
ဘော်နီယိုတွင် ပေါက်ဖွားသည့် carnivorous pitcher ပင်ဟာ လင်းနို့ဆက်သွယ်ရေးစနစ်တွေကို အပိုင်စီးကာ လင်းနို့တွေရဲ့ ပဲ့တင်သံဖြင့် တည်နေရာရှာခြင်း (echolocation) ကို သူ့ရဲ့အားသာချက်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
Current Biology တွင် လေ့လာမှု အသစ်တစ်ခုအရ ရေတကောင်းပင်မှာ လင်းနို့တွေရဲ့ echolocation ကို ထင်ဟပ်ရန် အထူးသင့်လျော်ပြီး လင်းနို့တွေကို အပင်ကိုရှာတွေ့ရန် ကူညီပေးသည့် အပေါက်ပုံစံ တစ်ခု ရှိပါတယ်။

လင်းနို့တွေဟာ ရေတကောင်းပင်အတွင်း အိပ်စက်အနားယူကြပြီး အနီးနားရှိ မြေဆီလွှာတွင် ဖြန့်ဝေပေးသည့် လင်းနို့ချေးဖြင့် အရေးပါသော အာဟာရတွေကို ပေးပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။