၈၂ နှစ်အရွယ် အင်ဂျင်နီယာ တယောက်မှ ပါးလွှာတဲ့ လေထုထဲက ရေကို ထုတ်ယူနိုင်တဲ့ စက်တီထွင် ခဲ့တဲ့အကြောင်း

News Science

ဒီနည်းပညာက လေထုထဲက ရေငွေ့တွေကို စိုထိုင်းစေဖို့ လျှပ်စစ်ကို သုံးပါတယ်။

အသက် ၈၂ နှစ်အရွယ် စပိန်အင်ဂျင်နီယာတစ်ဦးဟာ ပါးလွှာသော လေထုမှ ရေကို ထုတ်ယူနိုင်တဲ့စက်ကို တီထွင်ခဲ့ပြီး ဝေးလံသောဒေသတွေရှိ လူတွေ သဲကန္တာရတွေမှာတောင်မှ ကူညီနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

ကမ္ဘာပေါ်တွင် ရေရှားပါးမှုဟာ အဓိက ပြဿနာ တခု ဖြစ်ပါတယ်။

သန့်ရှင်းသောရေကို ရယူခြင်းဟာ ကျွန်တော်တို့ အများစုအတွက် ဘုံဘိုင်ကို ဖွင့်သကဲ့သို့ လွယ်ကူသော်လည်း အခြားသူတွေ အတွက် သောက်ရေ ရရှိရန် မိုင်ပေါင်းများစွာ လမ်းလျှောက်ရန် လိုအပ်ပါတယ်။

ကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းတွေမှာတောင်မှ နိုင်ငံရေးပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ ဒါမှမဟုတ် ရာသီဥတုအပြောင်းအလဲတွေကြောင့် သောက်သုံးရေအတွက် ရုတ်တရက် အကြပ်အတည်းနဲ့ ရင်ဆိုင် ရနိုင်ပါတယ်။

အသက် ၈၂ နှစ်ရှိ Enrique Vega ရဲ့ တီထွင်မှုဟာ ၁၉၉၀ ခုနှစ်များက သူ့ရဲ့ဇာတိနိုင်ငံ စပိန်ကို ရိုက်ခတ်ခဲ့တဲ့ ဘေးဆိုးတစ်ခုရဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်းဆွယ်တစ်ခု ဖြစ်သော်လည်း စပိန်ဟာ မိုးခေါင်လေ့ရှိပြီး ၁၉၉၀ ခုနှစ်များအစောပိုင်းတွေမှာ ငါးနှစ်တာကြာမြင့်ခဲ့တဲ့ ထိုကဲ့သို့ မိုးခေါင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စက်ရဲ့နိယာမဟာ လေအေးပေးစက်နဲ့ တူပါတယ်။

၎င်းသည် ပတ်ဝန်းကျင်လေကို အေးစေရန် လျှပ်စစ်ကို သုံးသော်လည်း ရေခိုးရေငွေ့ကို အောင်အောင်မြင်မြင် စိုထိုင်းစေရန် နောက်ထပ်အဆင့် တစ်ခု လိုအပ်ပါတယ်။

Vega ရဲ့တီထွင်မှုဟာ မြင့်မားတဲ့ ပတ်ဝန်းကျင်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်) အောက်တွင် အလုပ်မလုပ်နိုင်သော်လည်း သဲကန္တာရ ကဲ့သို့ ရေရှားပါးတဲ့ ဒေသတွေမှာ ထိုသို့ အဖြစ်များပါတယ်။

ထို့ကြောင့် သူဟာ စက်ရဲ့ စွမ်းရည်ကို မြှင့်တင်ခဲ့ပြီး အလားအလာရှိတဲ့ အဖြေတစ်ခုအဖြစ် သူ့ရဲ့ဖန်တီးမှုတွေကို ကမ္ဘာကြီးကို ကမ်းလှမ်းရန် ၂၀၀၄ ခုနှစ်တွင် Aquaer ကို တည်ထောင်ခဲ့ပါတယ်။

အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအတွက် ရေပံ့ပိုးပေးတဲ့ ဖြေရှင်းချက်တွေအပြင် ကုမ္ပဏီဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) Water Inception မှတဆင့် ကျေးရွာတွေနဲ့ မြို့ငယ်တွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

ပို၍သေးငယ်တဲ့ ပုံစံငယ်စက်ဟာ တစ်နေ့လျှင် ရေ ၅၀ လီတာမှ ၇၀ လီတာအထိ ပေးနိုင်ပြီး ပိုကြီးသောစက်တွေဟာ တစ်နေ့လျှင် လီတာ ၅၀၀၀ အထိ ထုတ်လုပ်နိုင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ သောက်သုံးရေမရှိတဲ့ဒုက္ခသည်စခန်းတွေလို နေရာတွေကို ရောက်ဖို့ပဲ ဖြစ်တယ်လို့ Vega က ရိုက်တာသို့ ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီဟာ Namib သဲကန္တာရတွင် သူ့ရဲ့ယူနစ်တွေကို တပ်ဆင်ခဲ့ပြီး ဒေသခံတွေကို အံ့အားသင့်စေခဲ့ပါတယ်။

Aquaer ရဲ့ မကြာသေးမီက မော်ဒယ်တွေဟာ လေထုစိုထိုင်းဆ ၁၀ နဲ့ ၁၅ ရာခိုင်နှုန်းကြားတွင် ကောင်းစွာအလုပ်လုပ်နိုင်ကြောင်း ကုမ္ပဏီကပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ စိတ်ကူးဟာ အကျိုးရှိတဲ့ ကိရိယာတစ်ခုပြုလုပ်ရန်သာမက ရေရှိဖို့ မိုင်ပေါင်းများစွာလမ်းလျှောက်ရတဲ့ ဒါမှမဟုတ် ရေတွင်းတွေတူးဖို့ လိုအပ်သူတဲ့ သူတွေ အတွက်ပါ အသုံးဝင်စေရန်ဖြစ်တယ်လို့ Vega က ပြောကြားခဲ့ပါတယ်။

Water Inception နဲ့အတူ ကုမ္ပဏီဟာ လက်ဘနွန်နိုင်ငံ ထရီပိုလီမြို့အနီးရှိ ဒုက္ခသည် စခန်း တစ်ခုတွင် တစ်နေ့လျှင် လီတာ ၅၀၀ ဆံ့ စက်တစ်လုံး တပ်ဆင်ပေးခဲ့ပါတယ်။

NGO ဟာ စက်ပေါ်တွင် ဆိုလာပြားတွေ တပ်ဆင်ရန်နဲ့ လုပ်ငန်းစဉ်ရဲ့ လျှပ်စစ်နဲ့ သဘာဝပ တ်ဝန်းကျင် ကုန်ကျ စရိတ်တွေကို လျှော့ချရန် ယခု ရန်ပုံငွေတွေကို စုဆောင်းနေပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *