ဒါဟာ သူ့ရဲ့ တတိယမြောက် ပါရဂူဘွဲ့ပါ။
ဗီယက်နမ်မြို့ဖွား Manfred Steiner ဟာ သာမန်ကျောင်းသားတစ်ဦးမဟုတ်ပါဘူး။
အသက်၈၉ နှစ်ရောက်မှ သူဟာ ရူပဗေဒ ပါရဂူဘွဲ့ကို ပြီးမြောက်ခဲ့ရုံသာမက Brown University တွင် ရူပဗေဒဘာသာရပ်ဖြင့် ယခုအခါ သူ့ရဲ့ စာမျက်နှာ ၁၅၀ ပါ စာတမ်းကို အခြေခံ၍ ထုတ်ဝေမှုတစ်ခု လုပ်ဆောင်နေတယ်ဟု သိရပါတယ်။
စက်တင်ဘာလတုန်းက Manfred Steiner ဟာ သူရဲ့ ပါရဂူဘွဲ့ကို ‘Corrections to the Geometrical Interpretation of Bosonization’ ခေါင်းစဥ်ဖြင့် ပြီးမြောက်အောင်မြင်ခဲ့ကြောင်း တက္ကသိုလ်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်ဖို့က Steiner ရဲ့ ငယ်ဘဝအိပ်မက်တစ်ခုဖြစ်ပါတယ်။
ကြောက်စရာကောင်းတဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း သြစတေးလျမှာ ကြီးပြင်း လာတဲ့ Steiner ကို မိခင် ဖြစ်သူနဲ့ ဦးလေး တို့က ဆေးတက္ကသိုလ်တက်ဖို့ အကြံပေးခဲ့ပါတယ်။

Steiner ဟာ ၁၉၅၅ ခုနှစ်တုန်းက ဗီယက်နမ်တက္ကသိုလ်မှ ဆေးပညာပါရဂူဘွဲ့ကို ပြီးဆုံးခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီသို့ သွားရောက်ကာ အတွင်းပိုင်းဆေးပညာကို လေ့လာဖို့ နဲ့ သွေးနှင့်ပတ်သက်တဲ့ ရောဂါများကို လေ့လာဖို့အတွက် သွေးနှင့်ပတ်သက်တဲ့ ချို့ယွင်းမှုဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကို တက်ရောက်ခဲ့ပါတယ်။
Massachusetts Institute of Technology တွင် သုံးနှစ်ကြာ သင်တန်းတက်ပြီးနောက် Steiner ဟာ Ph.D ကိုရရှိခဲ့ကြောင်း ၁၉၆၇ ခုနှစ် ဇီဝဓာတုဗေဒဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
Steiner ဟာ ဆယ်စုနှစ်အတွင်း သွေးအထူးကုဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး ဆေးသုတေသနလုပ်ငန်းများကို အငြိမ်းစားမယူမီ Brown University မှာ ကွမ်တမ် ရူပဗေဒဆိုင်ရာ ဟောပြောပွဲများကို တက်ရောက်ခဲ့ပြီး ရူပဗေဒဘာသာရပ်ကို ဆက်လက်လေ့လာခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာကနေ အငြိမ်းစားယူပြီးနောက်မှာတော့ Steiner ဟာ ရူပဗေဒကို လေ့လာဖို့ အချိန်ပိုပေးနိုင်လာပါတယ်။ အသက် ၇၀ မှာ Brown University ရဲ့ ရူပဗေဒဘွဲ့ကြိုပရိုဂရမ်မှာ အထူးကျောင်းသားအဖြစ် စာရင်းသွင်းခဲ့ပါတယ်။
Steiner ဟာ စာသင်ချိန်တိုင်းတွင် တစ်ကြိမ် နှစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ ပြသနာတစ်ချို့ကိုပါ ရင်ဆိုင်ဖြေရှင်းနေတဲ့အတွက်ကြောင့် Steiner ရဲ့တိုးတက်မှုက ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။
သို့သော်လည်း ၂၀၀၇မှာ သူဟာ ဘွဲ့လွန်ပရိုဂရမ်တွင် စာရင်းသွင်းဖို့ လုံလောက်တဲ့ အချက်အလက်များကိုစုဆောင်းခဲ့ပြီး Ph.D ကို ရရှိဖို့ကြိုးစားခဲ့ပါတယ်။

Steinerဟာ Brad Marston နဲ့ တွဲဖက်ဟာ သုတေသနဆိုင်ရာ ပြသာနာတွေကို ဖြေရှင်းခဲ့တယ်ဟုလည်း သိရပါတယ်။
Steiner ဟာ သူရဲ့သုတေသနစာတမ်းကို ထုတ်ဝေဖို့ ကြိုးစားနေပြီး သူရဲ့ ဦးနှောက်ကို အမြဲထက်မြက်နေစေဖို့ သုတေသနတွေဆက်လက်ပြုလုပ်လိုတယ်ဟု ဆိုပါတယ်။
Steiner ဟာ ဆေးပညာအတွက် ကုန်ဆုံးခဲ့သည့်အချိန်ကို နောင်တမရဘူးဟု ဆိုပြီး ရူပဗေဒပညာရှင်တစ်ဦးဖြစ်ဖို့က သူရဲ့ငယ်ဘဝအိပ်မက်ဖြစ်တာကြောင့် ယခုအခါ သူအောင်မြင်ပြီးသည့်တိုင်အောင် ကမ္ဘာ့ထိပ်တန်းရောက်နေပြီ ဖြစ်ပါတယ်။
ဒါကြောင့် “သင့်မှာ အိမ်မက်ရှိတယ်ဆိုရင် အိမ်မက်နောက်လိုက်ပါ ၊ အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေနဲ့ ကြုံတွေ့ရမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။”
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။