A-10 Warthog ၏ GAU-8 ထက်ပိုကောင်းသည့် စက် အမြောက် တပ်ဆင်ခဲ့သည့် လေယာဉ်တစင်း

Article Military

A-10 တိုက်လေယာဉ် ကို ပစ်အားကောင်းပြီး စွမ်းဆောင်ရည်မြင့်တဲ့ တင့်ဖျက်စွမ်းရည်ကြောင့် လူသိများပါတယ်။

အထူးသဖြင့် အီရတ် ကန္တာရမုန်တိုင်းစစ်ဆင်ရေးတွင် gau-8 Gun ဖြင့် တင့်ကားပေါင်း ၉၈၇ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး အီရတ်ရဟတ်ယာဉ် အတော် များများကိုပါ ဖျက်ဆီးနိုင်ခဲ့ကာ ရန်သူများကို ထိတ်လန့်စေခဲ့ပါတယ်။

ဒါပေမယ့် A-10 မှာတပ်ဆင်ထားတဲ့ GAU-8 ကြီးနဲ့ယှဉ်ရင်တောင် GAU-8 က သေးငယ်သွားတယ်လို့ ခံစားရအောင်ပင်ကြီးမားလှတဲ့ တင့်ဖျက်လေယာဉ်မျိုးကို အမေရိကန်လေတပ်က ၁၉၄၄ ခုနှစ်များက ထုတ်လုပ်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။

အဲဒါကတော့ Beechcraft XA-38 Grizzly ပဲဖြစ်ပါတယ်။

Beechcraft XA-38 ကို ရန်သူ့တင့်ကားများနှင့်ဘန်ကာများကို ဖျက်ဆီးရန် နှင့် ခြေလျင်တပ်များအတွက် အနီးကပ်ပစ်ကူအဖြစ်အသုံးပြုရန်အတွက် ရည်ရွယ်ခဲ့ပါတယ်။

လေယာဉ်တွင် M2 .50-caliber စက်ကလေး များနှင့် T15E1 75mm အတွဲလိုက်ပစ်အမြောက်များ တပ်ဆင်ထားပြီး အပေါ်နှင့်အောက်တွင် .50-caliber ရှိသည့် twin turrets ပါရှိပါတယ်။

Beechcraft XA-38 Grizzly

ဒါ့အပြင် MilitaryFactory မှ အချက်အလက်များအရ ပေါင် ၂,၀၀၀ ဗုံးများကိုပါ တင်ဆောင် စစ်ဆင်နိုင်တယ် လို့သိရပါတယ်။

75mm ဆီမီးအော်တို စက်အမြှောက်ဟာ B-25 ဗုံးကြဲလေယာဉ်ကြီးတွေမှာ အသုံးပြုလေ့ ရှိတဲ့ စက်အမြှောက်ဖြစ်ပြီး A-10 မှာ တပ်ဆင်ထားတဲ့ GAU-8 ထပ် ၂ ဆခွဲကြီးပါတယ်။

XA-38 ဟာ တစ်နာရီကို ၃၇၆ မိုင်နှင့် ၁၆၂၅ မိုင်အကွာအထိ စစ်ဆင်နိုင်ပြီး crew ၂ ယောက်ဖြင့်မောင်းနှင်နိုင်ပါတယ်။

ပထမဆုံး စတင် ပျံသန်းခဲ့တဲ့ မေလ ၁၉၄၄ နှစ်မှာ XA-38 ကိုအများကြီး မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းတော့ စစ်မြေပြင်ကို ရောက်မလာခဲ့ပါဘူး။

ရှေ့ပြေးပုံစံ ၂ စီးသာ ထုတ်လုပ်ခဲ့ပြီး တကယ် ထုတ်လုပ်မည့် အချိန်မှာ XA-38 မှာ အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ Wright GR-3350-43 အင်ဂျင်များကို ဂျပန်မှာ ဗုံးကြဲဖို့ အသုံးပြုမယ့် ဂန္တဝင် Boeing B-29 Superfortress လေယာဉ်တွေအတွက် ပေးလိုက်ရလို့ပဲဖြစ်ပါတယ်။

XA-38 ၂ စီးထဲက တစ်စီးကို ဖျက်ဆီးခဲ့ပြီး ကျန်တဲ့ တစ်စီးကတော့ မည်သို့ အဆုံးသတ်သွားလဲ မသိရပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *