နိုင်ငံတော်က ဇန်နဝါရီလထဲတွင် ငွေကျပ် ၂ သောင်းကျပ်ထက်မနည်းတဲ့ ထောက်ပံ့ကြေးများထပ်မံ ပေးသွားမည်
နိုင်ငံတော်မှ ယခုလအတွင်း အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကြေးများကို ထပ်မံပေးသွားမည်လို့သိရှိရပါတယ်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောကြားထားတာဖြစ်ပါတယ်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပေးမှာပေါ့။နှုန်းတော့ အတိအကျမသိသေးဘူး။ နှစ်သောင်းထက်တော့မနည်းတာသေချာတယ်။ဒီတစ်ခါတော့ ထောက်ပံ့ကြေးတွေကို အပြည့်အဝရမှာပါ။ဒီလထဲပဲပေးမှာပါ” လို့ ဒေါ်ချိုချိုကပြောကြားခဲ့တာပါ။

နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ကြေးပံ့ပိုးရန်အတွက် Stay Home သတ်မှတ်ထားတာ ဧရိယာပြင်ပတွင်နေထိုင်သော အိမ်ထောင်စု ၁ ခုလျှင် ၂ သောင်းကျပ်နှုန်း၊ Stay Home သတ်မှတ်ထားသော ဧရိယာအတွင်းတွင်နေထိုင်သော အိမ်ထောင်စု ၁ စုလျှင် ၄ သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၆.၁ သန်းခန့်အတွက် ကျပ် ၁၆၃.၉၀၅ ဘီလီယံကို နိုင်ငံတော်အစိုးရက နိုဝင်ဘာလအတွင်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
ထိုကဲ့သို့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ၂ သောင်းကျပ်စီ ထောက်ပံ့ခြင်းအား ၂၀၂၀ ခုနှစ် အတွင်း ဇူလိုင်လတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ် နှင့် စက်တင်ဘာလတွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ထောင်စုပေါင်း ၅.၇ သန်းအတွက် စုစုပေါင်း ကျပ် ၄၀၄.၇၃၅ ဘီလီယံကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
Zaw Gyi
ႏိုင္ငံေတာ္က ဇန္နဝါရီလထဲတြင္ ေငြက်ပ္ ၂ ေသာင္းက်ပ္ထက္မနည္းတဲ့ ေထာက္ပံ့ေၾကးမ်ားထပ္မံ ေပးသြားမည္
ႏိုင္ငံေတာ္မွ ယခုလအတြင္း အေျခခံလူတန္းစားမ်ားအတြက္ ေထာက္ပံ့ေၾကးမ်ားကို ထပ္မံေပးသြားမည္လို႔သိရွိရပါတယ္။ အဆိုပါသတင္းႏွင့္ပတ္သက္ၿပီး ဇန္နဝါရီလ ၁၂ ရက္ေန႔ အုတ္တြင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳက ေျပာၾကားထားတာျဖစ္ပါတယ္။
“တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ေပးမွာေပါ့။ႏႈန္းေတာ့ အတိအက်မသိေသးဘူး။ ႏွစ္ေသာင္းထက္ေတာ့မနည္းတာေသခ်ာတယ္။ဒီတစ္ခါေတာ့ ေထာက္ပံ့ေၾကးေတြကို အျပည့္အဝရမွာပါ။ဒီလထဲပဲေပးမွာပါ” လို႔ ေဒၚခ်ိဳခ်ိဳကေျပာၾကားခဲ့တာပါ။
ႏိုင္ငံေတာ္မွ စတုတၳအႀကိမ္ ေထာက္ပံ့ေၾကးပံ့ပိုးရန္အတြက္ Stay Home သတ္မွတ္ထားတာ ဧရိယာျပင္ပတြင္ေနထိုင္ေသာ အိမ္ေထာင္စု ၁ ခုလွ်င္ ၂ ေသာင္းက်ပ္ႏႈန္း၊ Stay Home သတ္မွတ္ထားေသာ ဧရိယာအတြင္းတြင္ေနထိုင္ေသာ အိမ္ေထာင္စု ၁ စုလွ်င္ ၄ ေသာင္းက်ပ္ႏႈန္းျဖင့္ အိမ္ေထာင္စုေပါင္း ၆.၁ သန္းခန႔္အတြက္ က်ပ္ ၁၆၃.၉၀၅ ဘီလီယံကို ႏိုင္ငံေတာ္အစိုးရက ႏိုဝင္ဘာလအတြင္း ေထာက္ပံ့ေပးအပ္ခဲ့ျခင္းျဖစ္ပါတယ္။
ထိုကဲ့သို႔ ပုံမွန္ဝင္ေငြမရွိေသာ အေျခခံလူတန္းစား အိမ္ေထာင္စုမ်ားအတြက္ ၂ ေသာင္းက်ပ္စီ ေထာက္ပံ့ျခင္းအား ၂၀၂၀ ခုႏွစ္ အတြင္း ဇူလိုင္လတြင္ တစ္ႀကိမ္၊ ဩဂုတ္လတြင္ တစ္ႀကိမ္ ႏွင့္ စက္တင္ဘာလတြင္ တစ္ႀကိမ္ စုစုေပါင္း ၃ ႀကိမ္ေဆာင္႐ြက္ခဲ့ရာ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အိမ္ေထာင္စုေပါင္း ၅.၇ သန္းအတြက္ စုစုေပါင္း က်ပ္ ၄၀၄.၇၃၅ ဘီလီယံကို ေထာက္ပံ့ေပးႏိုင္ခဲ့ပါတယ္။