ဇောက်ထိုးတွဲလောင်းနေခြင်းက သင့်ကိုအနည်းငယ် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရစေပါသလား။ သင့်ရဲ့ ခေါင်းကို ပေါက်ကွဲတော့လိုမျိုး၊ သင့်ရဲ့ တံတွေးတွေက နှာခေါင်းထဲ လျှံပြီး မွန်းသလိုမျိုး ခံစားရစေသလား။
ဒါမှမဟုတ် သင့်မျက်လုံးတွေက မျက်လုံးအိမ်ကနေ ကြမ်းပြင်ပေါ်ကို ပလုံကနဲ ထွက်ကျလာမှာလား။
စိတ်ပူစရာပါနဲ့။ ဒီလိုအကြောင်းအရာတွေက ဖြစ်လာမှာမဟုတ်ပါဘူး။
သို့သော်လည်း ခေါင်းအောက်စိုက် အနေအထားနဲ့ တွဲလောင်းနေခြင်းဟာ လုံးဝ အန္တရာယ်မရှိဘူး ရယ်တော့ မဟုတ်ပါဘူး။
အမှန်က ဇောက်ထိုးအကြာကြီးနေခြင်းဟာ ကျွနိုပ်တို့ရဲ့မျက်လုံးကို အပြင်ထွက်မသွားစေသော်လည်း ရံဖန်ရံခါ တစ်ချို့လူတွေမှာ ယာယီ အမြင်အာရုံဆုံးရှုံးမှူတွေ ဖြစ်တက်ပါတယ်။
နောက်ဆုံးပြုတ်ကျရင်တော့ အသက် အန္တရာယ် ထိခိုက် စေနိုင်ပါတယ်။
၂၀၀၉ ခုနှစ်တွင် John Jones ဟုခေါ်သော Utah အမျိုးသားတစ် ဦးဟာ ၂၈ နာရီကြာ ဂူအတွင်း ဇောက်ထိုးနေရင်း တိမ်းပါးခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက အချိန်မှီကယ်တင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ဂူနံရံတွေက ကျဥ်းလွန်းတာကြောင့် အပြင် မထုတ်နိုင်ခဲ့ခင်မှာဘဲ
အသက်ရှုကြပ်ကာ တိမ်းပါးခဲ့တာပါ။

သိသာထင်ရှားတာက ကျွနိုပ်တို့ရဲ့ အဆုတ်တွေဟာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖိမိလာတာကြောင့် ပြောင်းလဲလာပါတယ်။
ကျွနိုပ်တို့အဆုတ်တွေဟာ နှူးညံ့တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်ကြပြီး အဆုတ်ရဲ့ အောက်မှာ အသည်း နဲ့ အူကဲ့သို့ လေးတဲ့အစိတ်အပိုင်း တို့ရှိပါတယ်။
ကျွနိုပ်တို့အဆုတ်တွေဟာ ဒီလေးတဲ့အစိတ်အပိုင်းတွေရဲ့ ဖိညှစ်မှုဒဏ်ကို အကြာကြီး မခံနိုင်ပါဘူး။
အိပ်တဲ့အခါ ခေါင်းထက် ခြေထောက် အနည်းငယ် မြင့်နေတာဟာ ပြသနာမဟုတ်ပါဘူး။
ဒါပေမ◌ယ့် ကျွနိုပ်တို့ခေါင်းဟာ ခြေထောက်အောက် တိုက်ရိုက်တည့်တည့် ဇောက်ထိုးအနေအထားဆိုရင် ကျွနိုပ်တို့အဆုတ်ဟာ လုံလောက်တဲ့ အောက်စီဂျင်ကို မစုပ်ယူနိုင်တာ တွေ့ရပါတယ်။
သို့သော်လည်း ဒီလိုအကြာကြီး နောက်ပြန်ဇောက်ထိုးနေခြင်းဟာ သင်စိတ်ပူဖို့လိုအပ်တာက အဆုတ်တစ်ခုထဲ မဟုတ်ပါဘူး။
ကျွနိုပ်တို့ မတ်တပ်ရပ်နေတဲ့အချိန်မှာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ဟာ သွေးလည်ပတ်မှုကောင်းအောင် ပြုလုပ်ပေးပြီး သွေးကြောလေးတွေ ခြေထောက်မှာမစုမိစေရန်လည်း သေချာလုပ်ဆောင်ပေးပါတယ်။
ဒါပေမဲ့ ကျွနိုပ်တို့ ခန္ဓာကိုယ်ဟာ ဇောက်ထိုးအနေအထားမှာ ဦးနှောက်အတွင်း သွေးများစု မနေအောင်တော့ ဆောင်ရွက်မပေးနိုင်ပါဘူး။
ဒီလိုဖြစ်လာတဲ့အခါ ဦးနှောက် သွေးယိုမှုကို ဖြစ်စေနိုင်တဲ့ သွေးကြော ပေါက်ပြဲတာတွေ ဖြစ်စေပြီး မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်စေတက်ပါတယ်။
ဒီလို ဇောက်ထိုးအနေအထားမှာ သင်နှလုံးကိုလည်း မေ့ထားလို့မရပါဘူး။
ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက နှလုံးအားနည်းခြင်းဟာ ဇောက်ထိုးအနေအထားကနေ ပြုတ်ကျသေဆုံးနိုင်တဲ့ အကြောင်းအရင်းဖြစ်တယ်ဟု ယူဆကြပါတယ်။

ကျွနိုပ်တို့ ခေါင်းကို ဇောက်ထိုးထားတဲ့အခါမှာ ကျွနိုပ်တို့နှလုံးဟာ တစ်ချိန်ထဲမှာဘဲ သွေးတွေပိုမိုလက်ခံရရှိလာပြီး နှလုံးရဲ့သွေးစုပ်အားကို နှေးကွေးစေပါတယ်။
ဒီလို တူညီတဲ့အကြောင်းအရာတွေကြောင့် ကျွနိုပ်တို့ရဲ့ ဦးနှောက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါဟာ သွေးပေါင်ချိန် ထိန်းရန် ခက်ခဲလာပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သောလုပ်ငန်းဆောင်တာအားလုံးကို ထိန်းသိမ်းရန် လုံလောက်သော သွေးလှည့်ပတ်နိုင်မှုကို ဆုံးရှုံးစေပါတယ်။
ဇောက်ထိုးတွဲလောင်းနေခြင်းဟာ ရံဖန်ရံခါ ကျွနိုပ်တို့ကို အသက်ဆုံးရှုံးစေသော်လည်း အချိန်တိုလေးလုပ်ပေးခြင်းက ကျန်းမာရေးအကျိုးကျေးဇူးတစ်ချို့ပေးနိုင်စွမ်းရှိတာကိုလည်း တွေ့ရပါတယ်။
ပြောင်းပြန်ဇောက်ထိုး အနေအထားနဲ့နေခြင်းဟာ ခြေဖဝါးများ၊ ခြေထောက်များ နှင့် တင်ပါးဆုံရိုးတို့မှ သွေးတွေကို နှလုံးနှင့်အဆုတ်သို့ ပြန်စီးဆင်းရန် အားပေးတာကို တွေ့ရပါတယ်၊ ဒါဟာ လတ်ဆတ်သောအောက်ဆီဂျင်ကိုစုပ်ယူပေးနိုင်တာ တွေ့ရပါတယ်။
လေ့လာချက်များအရ ဇောက်ထိုးပြောင်းပြန်နေခြင်းသည် အချိန်ကြာလာတာနှင့်အမျှ နှလုံးခုန်နှုန်းကိုနိမ့်စေပြီး လေ့ကျင့်ခန်းလုပ်နေစဉ် ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို အောက်ဆီဂျင်ပိုမိုရရှိအောင် ကူညီပေးနိုင်တာတွေ့ရပါတယ်။
”ယောဂ ကျင့်စဥ်တွင် ပြန်ပြောင်းဇောက်ထိုးနေခြင်းဟာ နည်းလမ်းများစွာဖြင့် အကျိုးရှိတယ်ဟု ယူဆကြပါတယ်။
headstand နဲ့ shoulderstand ကဲ့သို့နည်းတွေဟာ Asanas ( ယောဂကျင့်စဥ်များ) အကြားမှာ အရေးအပါဆုံးဖြစ်ပါတယ်။
ဒါဟာ lymphatic system ကို သန့်စင်စေပြီး ယေဘုယျအားဖြင့် သွေးလည်ပတ်မှု စနစ်များကို လှုံဆော်ပေးတယ် ”ဟု aerial yoga နည်းပြ Julie Phillips က ပြောခဲ့ပါတယ်။
ယောဂီများဟာ အချိန်ကြာမြင့်အောင် ပြောင်းပြန်အနေအထားနဲ့ထိန်းသိမ်းနေတဲ့နည်းကို သိကြပါတယ်။
တချို့ဟာ ၁၂မိနစ် ၊ ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်ထဲမှာ နာရီထိအောင် ထိန်းသိမ်းနေနိုင်ကြတာကို တွေ့ရပါတယ်။
ပုဂ္ဂိုလ်ရေးရာအနေနဲ့ ကျွန်တော် ဒီလိုပြောင်းပြန် ဇောက်ထိုးအနေနဲ့ ဘယ်နေရာမှာမှ အကြာကြီးမနေဖူးဘူး။ ဒါဟာ အလွန်ကုထုံးဖြစ်တယ် ဟု ကျွန်နော်ထင်ပါတယ်။
ထို့ကြောင့် ပြောင်းပြန်တွဲလောင်းခိုခြင်းဟာ အန္တရာယ်ရှိနိုင်သော်လည်း ၎င်းကြောင့် အသက်ဆုံးရှုံးနိုင်ခြေက နည်းပါတယ်။
ဇောက်ထိုးတွဲလောင်းခိုခြင်းဟာ ဘယ်လောက်ကြာကြာ လုံခြုံမှု ရှိတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ခက်ခက်ခဲခဲနဲ့ မြန်ဆန်တဲ့ စည်းမျဥ်းတစ်ခုတောင် ရှိပုံမပေါ်ပါဘူး။
ဥပမာအားဖြင့် နှလုံးရောဂါရှိသူများဟာ ဤကဲ့သို့သော အခြေအနေများတွင် သေဆုံးနှုန်း ပိုမြန်ပြီး ကျန်းမာသန်စွမ်းသောလူငယ်များဟာအသက်ကြီးသူ သို့မဟုတ် ဖျားနာသူတွေ ထက်ပိုအသက်ရှည်နိုင်တာကို တွေ့ရပါတယ်။

roller coaster ပေါ်မှာ ဇောက်ထိုးပိတ်မိမှာ ကြောက်ကြသလား။ ကောင်းပါပြီ။ ဒါဟာ လုံးဝမဖြစ်နိုင်ပါဘူး။
၁၉၉၇ ခုနှစ်မှာ လူတစ်စု ဟာ roller coaster ကို ၁နာရီခွဲတိတိ စီးခဲ့ကြပြီးနောက် လူတိုင်းဟာ စိတ်ဆင်းရဲမှု ၊ စိတ်ပင်ပန်းမှုဒဏ် ကနေ ပ ပျောက်သွားကြတာတွေ့ရပါတယ်။
ဒါကြောင့် လက်မထောင်နိုင်တဲ့ နည်းရှိပါတယ်၊ သင်ဇောက်ထိုးတွဲလောင်းချ နေတဲ့ အချိန်မှာ သင့်စိတ်က ရပ်သင့်ပြီလို့ ခံစားရတာနဲ့ ချက်ချင်းရပ်လိုက်သင့်ပါတယ်။
aerial yoga နည်းပြ Julie Phillips က သူမရဲ့ သင်တန်းမှာ သင်တန်းသားတွေက ဇောက်ထိုးအနေအထားနဲ့ ၅ မိနစ် တစ်ခါတစ်လေ ဒီထက်ပိုတယ် ဟုပြောပါတယ်။
သို့သော် သင်တန်းသားတွေကို ဇောက်ထိုးတွဲလောင်းအနေအထားဖြင့် စတင်တဲ့အချိန် နဲ့ ရပ်သင့်တဲ့အချိန်ကို သေသေချာချာရှင်းရှင်း လင်းလင်း ပြောထားပြီး အရမ်းခံစားရတယ်ဆိုရင် ဘယ်အချိန်မဆို ရပ်သင့်ကြောင်း အလေးအနက်ပြောဆိုခဲ့ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။