အိမ်မွေးတိရစ္ဆာန်​ထက် ပိုဉာဏ်ထက်ပြီး လူတွေရဲ့ အစားအစာ ဖြစ်နေရှာတဲ့ တိရစ္ဆာန် (၅) မျိုး

Knowledge Nature

အောက်ဖော်ပြပါ တိရစ္ဆာန်စာရင်းဟာ ကျွန်ုပ်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်​တွေထက် ပိုဉာဏ်ကောင်းပြီး အစားအစာ ဖြစ်နေရှာတဲ့ တိရစ္ဆာန် (၅) မျိုးပဲ ဖြစ်ပါတယ်။

(၅) ဝက်

ဝက်သားပြားတွေ ​၊ ဝက်သားတုံးတွေ ကဲ့သို့ ကျွန်ုပ်တို့နေ့စဥ် စားသုံးနေတဲ့ ဝက်သားအခြေခံ အစားအစာတွေရဲ့ စာရင်းဟာ အလွန်ပေါများပါတယ်။
သို့သော် ဝက်ကလေးတွေဟာလည်း ဉာဏ်ရည်ဉာဏ်သွေး မြင့်မားကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဥပမာအနေနဲ့ အိမ်မွေးဝက်လေးတွေဟာ အစာရှာဖို့ ၎င်းတို့ရဲ့ပတ်ဝန်းကျင်ရှိ မှန်​တွေကို ကြည့်ပြီး ဘယ်လိုအသုံးပြုရမလဲဆိုတာကို လျင်မြန်စွာ လေ့လာနိုင်ကြပါတယ်။

တချို့ဝက်လေးတွေက အစာတည်နေရာကို သိရှိတဲ့အခါ တခြားဝက်လေးတွေကိုလည်း သူတို့နောက်လိုက်ဖို့ ချက်ခြင်းသင်ယူညွှန်ကြားနိုင်ကြကြောင်း သိပ္ပံပညာရှင်များက စမ်းသပ်မှုမှာ တွေ့ရှိခဲ့ပါတယ်။

ဒါ့ထက်ကောင်းတာက အစားကြီးတဲ့ ဝက်လေးတွေက အစားအစာကို မမျှဝေပဲ သူ့နောက်လိုက်တဲ့ ဝက်​တွေကို လမ်းဘေးသို့ တွန်းချဖို့ မကြာခဏ ကြိုးစားလေ့ရှိကြပါတယ်။

ဝက်ကလေးတွေဟာ ၎င်းတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တာကို ပြသတဲ့နေရာမှာ အစာရှာဖွေတာ တစ်ခုထဲ မဟုတ်ပါဘူး။

ဝက်ကလေးတွေဟာ လှည့်ကွက် မျိုးစုံကို ပြုလုပ်ဖို့ လေ့ကျင့်နိုင်ကြပါတယ်။

ဥပမာ – ကြိုးခုန်ခြင်း၊ လှောင်အိမ်များပိတ်ကာ ဖွင့်ခြင်း၊ ဂိမ်းကစားခြင်းနှင့် ကျွန်ုပ်တို့ အစာအဖြစ် စားသုံးတဲ့ အလွန်ဉာဏ်ကောင်းတဲ့ တိရစ္ဆာန်အုပ်စုထဲ ပါဝင်​နေတဲ့ သိုးအုပ်တွေကိုတောင် လေ့ကျင့်နိုင်ကြပါတယ်။

(၄) သိုး

လူသားတွေဟာ သိုးပေါက်စအရွယ်​လေးတွေကို စားသုံးဖို့ စဉ်းစားလေ့ရှိကြသော်လည်း များသောအားဖြင့် အရွယ်ရောက်ပြီးတဲ့ သိုးများကိုသာ စားသုံးကြပါတယ်။

ပြင်သစ်၊ အာဖရိက၊ ကာရေဘီယံ၊ အိန္ဒိယ၊ တရုတ်၊ ဩစတေးလျနှင့် နယူးဇီလန် စတဲ့ နိုင်ငံကြီးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် စားသုံးကြတာကို တွေ့ရပါတယ်။

သိပ္ပံပညာရှင်တွေဟာ သိုးလေးတွေကလည်း ကြွက်တွေ ၊ မျောက်​တွေနှင့် အချို့သောစမ်းသပ်မှုတွေမှာဆိုရင် လူသား​တွေလိုတောင်မှ ထက်မြက်တယ် ဟုဆိုပါတယ်။

သူတို့က လူတွေကို မှတ်မိ​ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နာမည်တွေကို ခေါ်တဲ့အခါ ကွဲပြားတဲ့ မျက်နှာအမူအရာတွေနဲ့ တုံ့ပြန်နိုင်တာကိုလည်း တွေ့ရပါတယ်။

ဒါတင်မကသေးပါဘူး၊ သိုးလေးတွေဟာ ၎င်းတို့ရဲ့ပတ်ဝန်းကျင်ရှိ လမ်းကြောင်း မြေပုံကို ဖန်တီးနိုင်​ကြပြီး အစီအစဉ် ဆွဲနိုင်စွမ်း ရှိကြောင်း အရိပ်အယောင်များ ပြသနေတယ် ဟုဆိုပါတယ်။

သိုးတွေဟာ သိုးအုပ်ထဲမှာ အတူတကွ ရှိနေချိန်ထက် တစ်ကောင်ထဲ ရှိချိန်မှာ ၎င်းတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပိုမိုပြသ တတ်ကြပါတယ်။

သို့သော်လည်း သူတို့ တစ်ကောင်တည်း ကြုံရတာ ရှားရှားပါးပါးမို့ သူတို့ရဲ့ ဉာဏ်ရည် ထက်မြက်မှုကို မြင်ဖို့ အခွင့်မသာပါဘူး။

(၃) ရေဘဝဲ

ကျွန်ုပ်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်​တွေထက် ထက်မြက်စေမည့် တိရစ္ဆာန်​တွေကို ကုန်းပေါ်မှာသာ ရှာတွေ့နိုင်တာ မဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ ဉာဏ်အမြော်အမြင်ရှိဆုံး ကျောရိုးမဲ့သတ္တဝါဟု ယူဆရတဲ့ ရေဘဝဲ​တွေဟာဆိုရင် မြေထဲပင်လယ်နှင့် အာရှတစ်ဝှမ်းရှိ နိုင်ငံတွေရဲ့ကျော်ကြားတဲ့ စားသောက်ဖွယ်ရာ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ရေဘဝဲကို အရသာရှိရှိ၊ စားသုံးမယ့်အစား ကျွန်ုပ်တို့အနေနှင့် သူ့ရဲ့ဉာဏ်ရည်ထက်မြက်လှတဲ့ ဦးနှောက်အတွက်လည်း ချီးကျူး သင့်ပါတယ်။

ရေဘဝဲရဲ့ဦးနှောက်ဟာ အလွန်ရှုပ်ထွေးပြီး ခေါက်ထားတဲ့ အမြှေးများကဲ့သို့ နို့တိုက်သတ္တဝါတွေရဲ့ ဦးနှောက်နဲ့ ဆင်တူပါတယ်။

ရေဘဝဲတွေနဲ့ပတ်သတ်ပြီး ပုံပြင်တွေ၊ လှောင်အိမ်တွေကို ဖောက်ထွက်ပြီး ရှုပ်ထွေးတဲ့ နေရာဒေသဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတာတွေ အများကြီးရှိပါတယ်။ သူတို့တွေဟာ ဝင်္ကပါ​တွေမှ တဆင့် သွားလာ ကစားတတ်ကြပါတယ်။

(၂)ပြည်ကြီးငါး

ကြီးမားတဲ့ ဦးနှောက်နှင့် ခန္ဓာကိုယ်အရွယ်အစား အချိုးအစားရှိတဲ့ ရေဘဝဲနဲ့ မျိုးကွဲ တစ်ကောင်ဖြစ်တဲ့ ပြည်ကြီးငါး​တွေဟာလည်း ဉာဏ်ကောင်းတဲ့စာရင်းထဲမှာ ပါဝင်ပါတယ်။

ပြည်ကြီးငါးရဲ့ ဦးနှောက်ကို ကျွန်ုပ်တို့လူသားတွေမှာရှိတဲ့ ဆဲလ်အမျိုးအစားများဖြစ်တဲ့ နျူရွန်များဖြင့် ပြုလုပ်ထားပါတယ်။

အဆိုပါ ဆဲလ်နှင့် သက်ဆိုင်တဲ့ ခန္ဓာဗေဒကြောင့် ကျွန်ုပ်တို့ဟာ ပြည်ကြီးငါးများကို လေ့လာပြီး အမှန်တကယ်ပင် ကျွန်ုပ်တို့အကြောင်း များစွာလေ့လာသင်ယူနိုင်ခဲ့ပါတယ်။

ပြည်ကြီးငါးတွေကို ဓာတ်ခွဲခန်းမှာ ထားရှိဖို့က ရေဘဝဲများထက် ပိုမိုခက်ခဲသော်လည်း ၎င်းတို့ဟာ သားကောင်များကို လွတ်မြောက်ဖို့ ပြဿနာဖြေရှင်းပေးသူများဖြစ်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပါတယ်။

လူသားတွေကဲ့သို့ မွေးကင်းစ ပြည်ကြီးငါးတွေဟာလည်း စမ်းသပ်မှုနှင့် အမှားအယွင်း လုပ်ငန်းစဉ်များမှ တဆင့် သင်ယူဖို့ ၎င်းတို့ရဲ့ ဦးနှောက်ကို အသုံးပြုကြပါတယ်။

ပြည်ကြီးငါးတွေဟာ ၎င်းတို့ရဲ့အရေပြား မျက်နှာပြင်အောက်ရှိ Chromatophores ဟုခေါ်တဲ့ အရောင်ပြောင်း ဆဲလ် ထောင်ပေါင်းများစွာဖြင့် မျက်စိတစ်မှိတ်အတွင်း အရောင်ပြောင်းနိုင်ကြပါတယ်။

(၁) ခို

ကျွန်ုပ်တို့ရဲ့စာရင်းမှာရှိတဲ့ နောက်ဆုံး တိရစ္ဆာန်အတွက် ကျွန်ုပ်တို့ရဲ့ ညစာပန်းကန်ထဲမှာ squab ဟု လူသိများတဲ့ ခိုလေးတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စားလေ့စားထ သိပ်မရှိပေမယ့် အချို့နိုင်ငံများမှာ စားသုံးလေ့ ရှိပါတယ်။

ခိုလေးတွေရဲ့ ဦးနှောက်ဟာ သင်္ချာ ဆိုင်ရာမှာ အတော်လေး ထူးချွန်ကြပါတယ်။

သင်္ချာအပြင်၊ ခိုတွေဟာ ယခင်က ၎င်းတို့အပေါ် ရန်လိုခဲ့ဖူးသူများကို မှတ်မိ​ကြပြီး နောင်တစ်ချိန်မှာ ၎င်းတို့ကို ရှောင်ရှားနိုင်ကြပါတယ်။

၎င်းတို့ကို ကြိုတင်မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေမှာဆိုရင် ၎င်းတို့ကိုယ်တိုင်ကို မှတ်မိနိုင်ကြပါတယ်။

နောက်ဆုံးအနေနှင့် ငှက်တွေဟာ မယဉ်ကျေးတဲ့ စိတ်အနှောင့်အယှက်တွေ ဖြစ်နိုင်တယ်ဟု ကျွန်ုပ်တို့ ထင်နေချိန်မှာ ငှက်တစ်ကောင်ကို သဘာဝ အတိုင်း ထားတာက စားသောက်ဆိုင်မှာ စားဖို့ မှာထားတာလောက်တော့ ဆိုးမှာ မဟုတ်ပါဘူး။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.