Greenland နှင့် Antarctica ရှိ ရှေးခေတ်က ကြီးမားတဲ့ ဆိုလာမုန်တိုင်း တိုက်ခတ်ခံခဲ့ရတဲ့ သက်သေ

Archeology Science

ဘီစီ ၇၁၇၆ ဝန်းကျင်က ကမ္ဘာမြေကို ရိုက်ခတ်ခဲ့သမျှ အပြင်းထန်ဆုံး နေစွမ်းအင် မုန်တိုင်းများထဲမှ တစ်ခုရဲ့ အထောက် အထားတွေကို Greenland ရဲ့ ရေခဲအူတိုင်များ အတွင်းရှိ ရေဒီယိုသတ္တိကြွ ဓာတုပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာမှုက ညွှန်ပြနေပါတယ်။

ရှေးခေတ် ရေခဲအူတိုင်များရှိ ဓာတု အိုင်ဆိုတုပ်များကို ခွဲခြမ်းစိပ်ဖြာရာမှာ ဘီစီ ၇,၁၇၆ ဝန်းကျင်တွင် ဖြစ်ပွားခဲ့သမျှအတွင်း အပြင်းထန်ဆုံးသော ဆိုလာမုန်တိုင်းများထဲမှ တစ်ခုဖြစ်ကြောင်း ညွှန်ပြခဲ့ပြီး ၎င်းကို သတိပြုမိစေခဲ့ပါတယ်။

ဆွီဒင်နိုင်ငံ Lund တက္ကသိုလ်မှ ဘူမိဗေဒ ပါမောက္ခ Raimund Muscheler က “စွမ်းအင်မြင့်မားတဲ့ ဖြစ်ရပ်အများစုဟာ ပထဝီဝင်သံလိုက်မုန်တိုင်းတွေနဲ့ ပါသွားတယ်ဆိုတာဖြစ်ပြီး မြင်သာတဲ့ aurora တွေ ရှိကောင်းရှိမယ်”ဟု ဆိုပါတယ်။

Muscheler က ဇန်နဝါရီလတွင်ထုတ်ဝေသော Nature Communications ဂျာနယ်တွင် ထုတ်ဝေခဲ့တဲ့ စွမ်းအင်မြင့်အမှုန်အမွှားများ သို့မဟုတ် gamma ရောင်ခြည်များ ကမ္ဘာမြေကို ရိုက်ခတ်စေသည့် ရှေးဟောင်းဖြစ်ရပ်အတွက် အထောက်အထားများ အစီရင်ခံတင်ပြသည့် အကြီးတန်းစာရေးဆရာဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်တွေက လေထုထဲတွင် beryllium နှင့် chlorine တို့ရဲ့ ထူးခြားတဲ့ ရေဒီယို သတ္တိကြွ မျိုးကွဲများကို ဖန်တီးပေးပါတယ်။

ထိုအိုင်ဆိုတုပ်တွေက နှစ်စဉ်ရာသီအလိုက် နှင်းများကျလာသဖြင့် မြေပြင်ပေါ်သို့ ကျဆင်းသွားကာ ရှေးဟောင်း ရေခဲအလွှာများတွင် ခိုအောင်းနေကြပါတယ်။

ယခုအခါ သုတေသီများက Greenland နှင့် Antarctica ရှိ တူးဖော်ရေး ပရောဂျက်များစွာမှ ရေခဲအူတိုင်များကို စစ်ဆေးခဲ့ပြီး ဒေသနှစ်ခုလုံးမှ ရေခဲတောင်များတွင် အေဒီ ၉၉၃ သို့မဟုတ် ၉၉၄ မှ အေဒီ ၇၇၄ သို့မဟုတ်၇၇၅ နှင့် ဘီစီ ၆၆၀ အတွင်း ဖြစ်ပွားခဲ့တယ်ဟု သိရှိရသည့် နေရောင်ခြည်စွမ်းအင်သုံး အမှုန်အမွှားများ (SEP) ဖြစ်ရပ်သုံးခုရဲ့ အထောက်အထားများကို တွေ့မြင်ခဲ့ရပါတယ်။

အားလုံးက ဆိုလာမုန်တိုင်းတွေနဲ့ ဆက်စပ်နေတယ်ဟု ဆိုပါတယ်။

ဒါ့အပြင် သုတေသီတွေက ယခုမတိုင်မီ မှတ်တမ်းတင်မထားတဲ့ ဘီစီ ၇၁၇၆ သို့မဟုတ် လွန်ခဲ့သည့် နှစ်ပေါင်း ၉၂၀၀ ခန့်တွင် ဖြစ်ပွားခဲ့တဲ့ နောက်ထပ် ကြီးမားသော နေရောင်ခြည်စွမ်းအင်သုံး အမှုန်အမွှားများ (SEP) ဖြစ်ရပ်ရဲ့ အထောက်အထားများကိုလည်း တွေ့ရှိခဲ့ရပါတယ်။

Berylliumနှင့် chlorineတို့ရဲ့ ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်များရဲ့ အစွမ်းသတ္တိကို ခန့်မှန်းနိုင်တာကြောင့် ဘီစီ ၇၁၇၆ က ဆိုလာမုန်တိုင်းဖြစ်တယ်ဟု ဆုံးဖြတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပြင်းထန်လွန်းသဖြင့် ယနေ့တွင် အလားတူပြင်းထန်တဲ့ မုန်တိုင်းတစ်ခု ဖြစ်ပွားပါက၊ ပတ်လမ်းအတွင်း ဂြိုလ်တုများကို ပျက် စီးစေခြင်း၊ ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်ခြင်းနှင့် လျှပ်စစ် ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်း အပါအဝင် ကပ်ဘေးဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။

“ကျွန်ုပ်တို့မှာရှိတဲ့ အချက်အလတ်တွေအရ လွန်ခဲ့သော နှစ် ၇၀ က လူသိများသောဖြစ်ရပ်တွေထက် ရှေးဟောင်း အဖြစ် အ ပျက်တွေက ၁၀ ဆခန့် ကြီးမားတယ် ” ဟု Muscheler က ဆိုပါတယ်။

ဆိုလာမုန်တိုင်းတွေက အမှန်တကယ် နေရောင်ခြည် အနိမ့်ဆုံး ကာလအတွင်း မဟုတ်သော်လည်း နေရောင်ခြည် လှုပ်ရှားလည်ပတ်မှု အသစ်ရဲ့ အစမှာ ဖြစ်ပွားတယ်ဟု သိရပါတယ်။

Solar Dynamics Observatory ရဲ့ ပရောဂျက် သိပ္ပံပညာရှင် Pesnell က ဆိုလာမုန်တိုင်းများက နေရောင်ခြည် လှုပ်ရှားမှု စက်ဝန်းရဲ့ ကျဆင်းနေသော အဆင့်တစ်ခုရဲ့ အဆုံးမှာလည်း ဖြစ်ပေါ်လာနိုင်တယ်ဟု ဆိုပါတယ်။

သို့ပေမည့် နေရောင်ခြည်ရဲ့ လှုပ်ရှားမှုစက်ဝန်းတွေက နေရဲ့ အားကောင်းသော သံလိုက်စက်ကွင်းများရဲ့ ချည်နှောင်မှုနှင့် ရှုပ် ယှက်ခတ်မှုကြောင့် ဖြစ်ပေါ်လာပဲ ဖြစ်ပါတယ်။

နေအစက်အပြောက်များနှင့် ဆိုလာမုန်တိုင်းများက စက်ဝန်းရဲ့အမြင့်ဆုံးအနီးတွင် ပိုအဖြစ်များပြီး အနိမ့်ဆုံးအနီးတွင် အဖြစ်နည်းပါတယ်ဟု ပညာရှင်အများစုက ဆိုပါတယ်။

Dartmouth College မှ ရူပဗေဒနှင့် နက္ခတ္တဗေဒဆိုင်ရာ ပါမောက္ခ Mary Hudson က ဘီစီ ၇,၁၇၆ က ဆိုလာ မုန်တိုင်းများကို လေ့ လာ ခဲ့ပြီး နေရောင်ခြည် အမြင့်ဆုံး အနီးရှိ မုန်တိုင်းတွေက ပိုမို အဖြစ်များသော်လည်း နေရောင်ခြည် အနိမ့်ဆုံးလောက်တွင် ဖြစ်ပေါ်ခဲ့ပါက ရလဒ်အနေဖြင့် ပုံမှန်ထက် ပိုမို ပြင်းထန်နိုင်ဖွယ် ရှိတယ်ဟု ဆိုပါတယ်။

ယခုအချိန်အထိ ခေတ်သစ်ကမ္ဘာကြီးက ဆိုလာမုန်တိုင်းဒဏ်ကြောင့် ဆိုးရွားစွာ ထိခိုက်စေတာတွေ မရှိသေးပါဘူး။

၎င်းတို့ဖြစ်ပွားပါက ဂြိုလ်တုများကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်များ ပေါက်ကြားမှုနှင့်အတူ အာကာသအတွင်းရှိ အာကာသယာဉ်မှူးများရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နိုင်ပြီး

ဆက်သွယ်ရေးကွန်ရက်များတွင် အသုံးပြုသည့် ရေဒီယိုအချက်ပြမှုများနှင့် သင်္ဘောများနှင့် လေယာဉ်များ သွားလာမှုအတွက် နာရီပေါင်းများစွာ အနှောင့်အယှက်ပေးနိုင်ကြောင်း ပညာရှင်အများစုက မှတ်ချက်ပေးခဲ့ကြပါတယ်။

အင်တာနက်အပေါ် သက်ရောက်နိုင်မည့် အခြေအနေကိုလည်း “နေရာတော်တော်များများ အင်တာနက် ပြတ်တောက်သွားနိုင်စေမည့် ဆိုလာမုန်တိုင်း” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *