ရှေးခေတ် ဩစတြေးလျ မီးတောင်ပေါက်ကွဲမှုတွေက ကမ္ဘာ့အကြီးဆုံး ရာသီဥတုဘေးဆိုးသို့ ဦးတည်သွားပုံ အကြောင်း

Archeology Article

ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို နားလည်ဖို့အတွက် သိပ္ပံပညာရှင်တွေဟာ အခု ဆိုက်ဘေးရီးယားမှာရှိတဲ့ မီးတောင်ပေါက်ကွဲပြီး လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့တွေ အမြောက်အမြား ထုတ်လွှတ်လိုက်တဲ့ ဖြစ်ရပ်တစ်ခုကို ရှာဖွေခဲ့ကြပါတယ်။

သို့သော်လည်း ရာသီဥတုက အရင်ကတည်းက ပြောင်းလဲနေပြီဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။ ပင်လယ်ရေ မျက် နှာပြင် အပူချိန်ဟာ ဆိုက်ဘေးရီးယား မီးတောင်ပေါက်ကွဲမှုကြောင့် နှစ်ပေါင်းရာနှင့်ချီ ကာလအတွင်း ၆ ဒီဂရီမှ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့ပါတယ်။

အဲဒီနောက်မှာ အပူချိန်တွေ ထပ်ပြီး တိုးလာတဲ့အတွက် သက်ရှိ မျိုးစိတ် အားလုံးရဲ့ ၈၅ မှ ၉၅ ရာခိုင်နှုန်းဟာ နောက်ဆုံးမှာ မျိုးသုဉ်းသွားခဲ့ပါတယ်။

ဆိုက်ဘေးရီးယားတွင် မီးတောင် ပေါက်ကွဲမှုဟာ ကမ္ဘာပေါ်တွင် ထင်ရှားသော အမှတ်အသား တစ်ခု ဖြစ်စေခဲ့ပါတယ်။

သို့သော်လည်း ပညာရှင်များက ယင်းမတိုင်မီက ကနဦး ကမ္ဘာကြီး ပူနွေးလာမှုကို မည်ကဲ့သို့ ဖြစ်ပေါ်စေသလဲ ဆိုတာနှင့် ပတ်သက်၍ ပဟေဌိ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ သုတေသနပြုချက်အရ ဩစတြေးလျရဲ့ ကိုယ်ပိုင် ရှေးဟောင်း မီးတောင်တွေဟာ ကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဆိုက်ဘေးရီးယားတွင် အဖြစ်အပျက် မတိုင်မီ New South Wales (NSW) မြောက်ပိုင်းတွင် မီးတောင်ပေါက်ကွဲမှုကြောင့် အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် မီးတောင်ပြာများ ပြန့်ကြဲခဲ့ပါတယ်။

ဒီမီးတောင်ပေါက်ကွဲမှုတွေဟာ ကြီးမားလွန်းတာ​ကြောင့် ကမ္ဘာ့အကြီးဆုံး ရာသီဥတု ကပ်ဆိုးကြီးဆိုတဲ့ အထောက်အထားများ စတင် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ရှေးဟောင်းမီးတောင်များ

လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၅၆ မှ ၂၅၂ ကြားမှာ “စူပါမီးတောင်များ” ကြောင့် ဩစတေးလျ အရှေ့ပိုင်းဟာ ပြာတွေ ဖုံးလွှမ်းသွားကြောင်း Nature တွင် ဖော်ပြခဲ့သည့် လေ့လာမှုက အတည်ပြုထားပါတယ်။

စူပါ မီးတောင် ပေါက်ကွဲမှုများဟာ ပိုမိုပြင်းထန်တဲ့ ဆိုက်ဘေးရီးယား ဖြစ်ရပ်နှင့် ကွဲပြားပါတယ်။ အဆိုပါ ပေါက်ကွဲမှုများဟာ လေထုထဲသို့ ပြာများနှင့် ဓာတ်ငွေ့များ အမြောက်အမြားကို ထုတ်လွှတ်ခဲ့ပါတယ်။

ယနေ့ခေတ်တွင် ဒီအထောက်အထားတွေကို အနည်ကျ ကျောက်ဆောင်ရှိ အရောင်ဖျော့ မီးတောင်ပြာ အလွှာများတွင် တွေ့ရှိရပါတယ်။ ဒီအလွှာများကို Sydney မှ Townsville အနီးအထိ NSW နှင့် Queensland ရဲ့ကြီးမားတဲ့ ဧရိယာများမှာ တွေ့နိုင်ပါတယ်။

အဆိုပါ ဒေသမှာရှိတဲ့ ပျက်စီးသွားတဲ့ မီးတောင်အကြွင်းအကျန် များမှ တဆင့် မီးတောင်ပြာတွေရဲ့ ရင်းမြစ်ကို ရှာဖွေ ဖော် ထုတ် ခဲ့တာပဲ ဖြစ်ပါတယ်။

တိုက်စားမှုကနေ အထောက်အထားများစွာကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ ကျောက်တုံးတွေမှာ ကြောက်စရာကောင်းတဲ့ မီးတောင်ပေါက်ကွဲမှုရဲ့မှတ်တမ်းတွေကို တွေ့ရှိခဲ့ရပါတယ်။

ထွက်လာတဲ့ ပြာတွေရဲ့ အထူနဲ့ ပြန့်နှံ့မှုက လူသိများတဲ့ အကြီးဆုံး မီးတောင် ပေါက်ကွဲမှု အချို့နဲ့ ကိုက်ညီတာကိုလည်း တွေ့ရပါတယ်။

စူပါမီးတောင်ပေါက်ကွဲမှုတွေက ဘယ်လောက်ထိ ကြီးမားခဲ့တာလဲ။

နှစ်ပေါင်း ၄ သန်းကျော်အတွင်း ပေါက်ကွဲခဲ့တဲ့ NSW မြောက်ပိုင်း မီးတောင်များမှ ပြာတွေနဲ့ ကျောက်တွေဟာ စတုရန်း ကီ လိုမီတာ ၁၅၀၀၀၀ ကျော်ထိ ရှိတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ US ရှိ Yellowstone ရဲ့ စူပါမီးတောင်တွေ နှင့် New Zealand ရှိ Taupo တို့နှင့် ဆင်တူစေပါတယ်။

အေဒီ ၇၉ တုန်းက အီတလီနိုင်ငံ Pompeii မြို့တော်ကို ပျက်စီးစေခဲ့တဲ့ Vesuvius မီးတောင်ပေါက်ကွဲမှုမှ ကျောက်နှင့် ပြာများဟာ ၃ စတုရန်း ကီလိုမီတာမှ ၄ စတုရန်း ကီလိုမီတာ လောက်သာ ရှိပါတယ်။

၁၉၈၀ ခုနှစ်တုန်းက ပြင်းထန်တဲ့ St Helens မီးတောင်ပေါက်ကွဲမှုကတော့ ၁ စတုရန်း ကီလိုမီတာသာရှိတာကို တွေ့ခဲ့ရပါတယ်။

သြစတြေးလျ မီးတောင်ပေါက်ကွဲမှုဟာ အရှေ့ဘက် ကမ်းရိုးတန်း တစ်ခုလုံးကို ပြာများအဖြစ် အကြိမ်ကြိမ် ဖုံးလွှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးတော့ ဖန်လုံအိမ် ဓာတ်ငွေ့တွေ အကြီးအကျယ် ထုတ်လွှတ်မှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေတာကို တွေ့ရပါတယ်။

သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း

ရှေးခေတ် အနည်ကျကျောက်တွေက မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုရဲ့ အချိန်တွေကို ပြသပေးနေပါတယ်။

ယနေ့ ဩစတြေးလျ အရှေ့ပိုင်းရှိ ကျောက်မီးသွေး သိုက်တွေက ဒီမြေနေရာ အများအပြားကို ဖုံးလွှမ်းထားခဲ့တဲ့ သစ်တောများကို ပြသ​နေပါတယ်။

သို့သော်လည်း စူပါမီးတောင်ပေါက်ကွဲမှုပြီးနောက်၊ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀,၀၀၀ ခန့်က တောမီးများ ဆက်တိုက် လောင် ကျွမ်းမှုကြောင့် အဆိုပါသစ်တောများ ရုတ်တရက် ပြုန်းတီးသွားရတဲ့ အထောက်အထားများကိုလည်း တွေ့ရပါတယ်။

အများအားဖြင့် အပင်တွေဟာ စိမ့်မြေများတွင် စုပုံပြီး အနည်များအောက်တွင် နစ်မြုပ်နေပါတယ်။ မြှုပ်နှံခြင်းလုပ်ငန်းစဉ်က အပင်တွေကို ကျောက်မီးသွေးအဖြစ်သို့ ပြောင်းလဲနိုင်စေတဲ့ အပူနှင့် ဖိအားကို ပေးစွမ်းရှိပါတယ်။

သစ်တောတွေမရှိရင် အပင်တွေ စုပုံနေစရာ အကြောင်းမရှိပါဘူး။ ဂေဟစနစ် ပြိုကျမှုတွေကြောင့် တောရိုင်း တိရစ္ဆာန် အ များစုပါ မျိုးသုဉ်းသွားခဲ့ရပါတယ်။

ဆိုက်ဘေးရီးယားတွင် နောက်ဆက်တွဲ ပေါက်ကွဲမှုများဟာ ဩစတေးလျရဲ့ စူပါမီးတောင်များမှ စတင်ခဲ့သော ပျက်စီးဆုံးရှုံးမှုကို ချဲ့ကားခြင်းသာ ဖြစ်ပါတယ်။

ဒီဂေဟစနစ်ပြိုလဲမှုဟာ သြစတြေးလျတွင် အကန့်အသတ် မရှိခဲ့ပါဘူး။ ကပ်ဘေး ဖြစ်ရပ်တွေဟာ ရှေးဟောင်း တိုက်ကြီးအားလုံးကို ထိခိုက်ခဲ့ပါတယ်။ ၎င်းက သက်ရှိများရဲ့ ဆင့်ကဲဖြစ်စဉ် အပေါ် ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုလည်း ရှိပါတယ်။

ဩစတေးလျရဲ့ စူပါမီးတောင်ပေါက်ကွဲမှုများက ရှေးခေတ်ကမ္ဘာကြီး ပြောင်းလဲမှုရဲ့ အဓိက အမှတ်အသားဖြစ်ပါတယ်။

ကျွန်ုပ်တို့လူသားတွေက အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ရာသီဥတုကို ရရှိဖို့ ကြိုးပမ်းနေချိန်မှာ ယခင်က နစ်မြုပ်နေတဲ့ ပတ် ဝန်းကျင် ကပ်ဆိုးကြီးရဲ့ သဲလွန်စများကို လေ့လာရတာဟာ စိတ်ဝင်စားဖွယ်အလွန်ကောင်းပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *