တိရစ္ဆာန်များဟာ လူများနှင့် နှိုင်းယှဉ်ပါက ဥာဏအားဖြင့် အားနည်းကြပေမယ့် လူတွေထက် ခွန်အားအရာမှာ များစွာသာလွန်တဲ့ တိရိစ္ဆာန်တွေ အများကြီးပါ။
အခုတော့ ကိုက်အား အကြီးဆုံး တိရစ္ဆာန်များကို ဖော်ပြပေးလိုပြီးတော့ ၎င်းတို့၏ အားများကို PSI (pound-force per square inch) ၁ စတုရန်း လက်မလျှင် သက်ရောက်သည့် ပေါင်ချိန်အား ဖြင့် တိုင်းတာထားတာ ဖြစ်ပါတယ်။
ခြင်္သေ့
တော်တော်များများသိကြတဲ့အတိုင်း ခြင်္သေ့ဟာ ခွန်အား အလွန် ကြီးမားပေမယ့် ၎င်း၏ ကိုက်အားဟာ 550 PSI အထိ ရှိနိုင်တဲ့ English mastiff ခွေးတွေထက် အနည်းငယ်သာ သာလွန်တဲ့ 650 PSI သာရှိပါတယ်။
တချို့က 1,000 PSI လောက်အထိ ရှိတယ် ပြောကြပေမယ့် အများစုကတော့ 650 PSI ကို လက်ခံထားပြီး အကြောင်းက တော့ သားကောင်များအတွက် အဲဒီ့ထက် ပိုမလိုအပ်လို့လည်း ဖြစ်နိုင်ပါတယ်။
လူတွေနဲ့ နှိုင်းယှဉ်ရင်တော့ လူတွေရဲ့ အားဟာ 160 PSI လောက် ရှိတယ်လို့ သိရပါတယ်။
Grizzly Bear ဝက်ဝံ
ဒီဝက်ဝံတွေကို မြောက်အမေရိက နှင့် ရုရှားရှိ အချို့ ဒေသများမှာ အတွေ့များပါတယ်။

၎င်းတို့၏ ကိုက်အားဟာ ဘိုးလင်း ဘောလုံးတလုံးကို ကြေမွသွားလောက်အောင် စွမ်းဆောင်နိုင်ပြီး အတိုင်းအတာအားဖြင့် 975 PSI အထိ ရှိပါတယ်။
ဘင်္လားကျား
အစွယ် ၂.၅ လက်မ မှ ၃ လက်မလောက်အထိ ရှိတတ်တဲ့ ကြောင်မျိုးရင်းဝင်ဖြစ်ပြီးတော့ ၎င်း၏ ကိုက်အားဟာ 1,050 PSI လောက်အထိ ရှိပါတယ်။
Spotted Hyena
ဟိုင်အီးနားများကို အာရှနှင့် အာဖရိ ဒေသများတွင် တွေ့ရ တတ်ပြီး ပုံစံမှာ ခွေးနှင့် ဆင်တူကာ အုပ်လိုက် နေထိုင် တတ်ကြကာ အသံဟာ လှောင်ရယ်သံနှင့် ဆင်တူပါတယ်။

၎င်းတို့ဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် သန်စွမ်းကြပြီး ကိုက်အားဟာ 1,100 PSI လောက်အထိ ရှိကြပါတယ်။
Polar Bear ဝင်ရိုးစွန်း ဝက်ဝံ
ပိုလာဝက်ဝံတွေဟာ ၎င်းတို့ရဲ့ ဘဝတစ်လျှောက်လုံးကို အာတိတ်သမုဒ္ဒရာရဲ့ ရေခဲပြင်တွေမှာ အစာရှာရင်း နေထိုင်ကြတဲ့ အ တွက်ကြောင့် ၎င်းတို့ကို အဏ္ဏဝါ နို့တိုက် သတ္တဝါများ အဖြစ် သတ်မှတ်ခံထားရတဲ့ တခုတည်းသော ဝက်ဝံမျိုးစိတ် တခု ဖြစ်ပါတယ်။
၎င်းတို့ရဲ့ အမဲလိုက်ခြင်းဟာ ၂ ရာခိုင်နှုန်း လောက်သာ အောင်မြင်မှု ရှိတတ်ပေမယ့် ၎င်းတို့ရဲ့ ကိုက်အားကတော့ 1,200 PSI လောက် အထိ ရှိပါတယ်။
Gorilla ဂေါ်ရီလာ မျောက်ဝံ
၎င်းတို့တွင် သွားအရေအတွက် အများကြီး မရှိပေမယ့် သန်မာတဲ့ လည်ပင်းနှင့် မေးရိုး ကြွက်သားများက ကြီးမားတဲ့ 1,300 PSI ရှိတဲ့ ကိုက်အားကို ပေးစွမ်းနိုင်ပါတယ်။
Jaguar ဂျာဂွား
ဂျာဂွားများဟာ အမေရိကန်မှာ အကြီးဆုံး ကြောင်မျိုးရင်းဝင်ဖြစ်ပြီး တကမ္ဘာလုံးရှိ ကြောင်မျိုးရင်ဝင်များတွင် ကိုက်အားအပြင်းဆုံး ဖြစ်ပါတယ်။

၎င်းဟာ လိပ်ခွံကိုတောင် ဖောက်အောင် ကိုက်နိုင်ပြီး ကိုက်အားဟာ 1,500 PSI လောက် အထိ ရှိပါတယ်။
ရေမြင်း Hippopotamus
ရေမြင်းများဟာ အကောင်ကြီးသလောက် ကိုက်အားလည်း ပြင်းပြီး အတိုင်းအတာအနေဖြင့် 1,800 PSI လောက်အထိ ရှိပါတယ်။
အဆိုပါ အတိုင်းအတာဟာ ၁၀ ပေလောက်ရှိတဲ့ မိချောင်းတကောင်ကို နှစ်ပိုင်း ဖြစ်သွားလောက်အောင် ကြမ်းပါတယ်။
ရေငံမိချောင်း
ဒေါက်တာ Gregory Erickson ဆိုသူဟာ မိချောင်း မျိုးစိတ်ပေါင်း ၂၃ မျိုးကို ၁၀ နှစ်ကြာ လေ့လာမှုအရ ၁၇ ပေရှိတဲ့ ရေငံမိချောင်းဟာ အမြင့်ဆုံး 3,700 PSI လောက်အထိ ကိုက်အားရှိတယ်လို့ ဆိုပါတယ်။

မိချောင်းတွေဟာ အံ့မခန်း သန်မာတဲ့ မေးရိုးများရှိပြီး ကျောက်ဖြစ်ရုပ်ကြွင်း မှ တွေ့ရှိခဲ့ရတဲ့ မျိုးသုဉ်းပြီးဖြစ်တဲ့ ပေ ၄၀ လောက်ရှိတဲ့ မိချောင်းတကောင်ဟာ ကိုက်အား 23,000 PSI လောက်အထိတောင် ရှိနိုင်ပါတယ်။
Great White Shark ငါးမန်းဖြူ
၂၀၀၈ ခုနှစ်က ဩစတေးလျ သုတေသီ Steve Wroe ဦီးဆောင်တဲ့ အဖွဲ့ဟာ ဒီငါးမန်းရဲ့ ဦးခေါင်းခွံ X-ray ဓာတ်ပုံများကို အသုံးပြုပြီး ကွန်ပျူတာစနစ်ဖြင့် တိုင်းတာခဲ့ရာ ၂၁ ပေအရွယ် ငါးမန်းဖြူတကောင် ကိုက်အားဟာ 4,000 PSI လောက်အထိ ရှိတယ်လို့ သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။