AARGM
Anti-radiation ဒုံးကျည်များဟာ အချိန် အတိုင်းအတာ တခုအထိ ပျံသန်းပြီး ရန်သူ့ ရေဒီယိုလှိုင်း ထုတ်လွှင့်နေတဲ့ နေရာရောက်တဲ့ အခါမှ စတင် အသက်ဝင်တာပါ။
ဒီလက်နက်ဟာ ကမ္ဘာပျက်လက်နက်မျိုးတော့ မဟုတ်ပေမယ့် အမေရိကန်ရေတပ်ကို အစွမ်းထက်လှတဲ့ စွမ်းရည် ပေးစွမ်းနိုင်ပါတယ်။

အမေရိကန် ရေတပ်ဟာ အဆင့်မြင့် ပဲ့ထိန်း လမ်းညွှန်စနစ်တပ် Anti-Radiation ဒုံးကျည် AGM-88G (AARGEM-ER) ကို အသုံးပြုနိုင်တော့မှာပါ။
AARGM-ER ကို ထုတ်လုပ်တဲ့ Northrop Grumman ကတော့ ဒီလက်နက်ဟာ အသံထက်မြန်ပြီး ဝေဟင်မှ ပစ်လွှတ်ရတဲ့ နည်းဗျူဟာ လက်နက်တမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းဟာ ရန်သူ့ လေကြောင်း ကာကွယ်ရေး စနစ်များကို ပျက်ပြားသွားအောင် လုပ်နိုင်တဲ့ အမေရိကန် ရေတပ်၏ ယခင် AGM-88 HARM စနစ်များ၏ အဆင့်မြှင့်တင်ထားသည့် မျိုးကွဲဖြစ်ပါတယ်။
AARGM ဟာ သမားရိုးကျ သို့မဟုတ် အဆင့်မြင့် ပင်လယ်နှင့် မြေပြင် အခြေစိုက် လေကြောင်း ကာကွယ်ရေး စနစ်များအပြင် ရေဒါမဟုတ်တဲ့ အချိန် အထိအခိုက် မခံတဲ့ ပစ်မှတ်များကို အဓိကထား တိုက်ခိုက်နိုင်ပါတယ်။

ယခု ထုတ်လုပ်နေတဲ့ AARGM-ER ဟာ ယခင် AARGM များကို အာရုံခံ ကိရိယာများနှင့် အီလက်ထရွန်းနစ် စနစ်များကို အဆင့်မြှင့်တင်ပြီး ရော့ကတ်အင်ဂျင်သစ်နှင့် ထိပ်ဖူးအမျိုးအစား အသစ်ကို တပ်ဆင်အဆင့်မြှင့်ထားပါတယ်။
ဒါ့ကြောင့် ယခု ဒုံးကျည်သစ်ဟာ ဝေးကွာလှသည့် ရန်သူ့ လေကြောင်း ကာကွယ်ရေးစနစ်များကိုပါ သွားရောက် တိုက်ခိုက်နိုင်တော့မှာ ဖြစ်ပါတယ်။
Anti-Radiation ဒုံးကျည် ဆိုတာ
ဒုံးကျည်ကို Anti-Radiation ဆိုပြီး အံ့အားသင့်ဖွယ် နာမည်ပေးထားပေမယ့် နျူကလီးယားပေါက်ကွဲပြီး ဓာတ်ရောင်သင့်တာနှင့် ဘာမှ မသက်ဆိုင်ပါဘူး။
ဒီလက်နက်ဟာ အခြေခံအားဖြင့် ဝေဟင်မှ မြေပြင်ရှိ လေကြောင်းကာကွယ်ရေး စနစ်များကို တိုက်ခိုက်တဲ့ လက်နက်သာဖြစ်ပြီး အခြေအနေအရ အခြားလေယာဉ်များကိုလည်း ပစ်ခတ်တိုက်ခိုက် နိုင်ပါတယ်။

အထူးသဖြင့် ဒုံးကျည်ဟာ ရေဒီယို လှိုင်းများ ထုတ်လွှင့်သည့် ရေဒါစခန်းများဆီ ပစ်လွှတ်ပြီး ရန်သူ့လေယာဉ်နှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
အလုပ်လုပ်ပုံ
အစောပိုင်း anti radiation ဒုံးကျည်များ၏ အလုပ် လုပ်ပုံဟာ ရိုးရှင်းပါတယ်။ ၎င်းတို့ကို ရန်သူ့ ရေဒီယို လှိုင်းများ၏ လမ်း ကြောင်း အတိုင်း ပျံသန်းစေပြီး အဆိုပါ လှိုင်းထုတ်လွှင့်သည့် ရေဒါစခန်းကဲ့သို့ နေရာသို့ ရောက်ရှိသောအခါ ပေါက်ကွဲစေတာပါ။
ဒီလို လက်နက်များကို တန်ပြန်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ရေဒါလှိုင်းများကို ပိတ်ပစ်လိုက်ပြီး ဒုံးကျည်များ လမ်း ကြောင်း မရှာနိုင်အောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။
ဒုံးကျည်ဟာ လေပေါ် မပျံနိုင်တော့သည့် အချိန် သို့မဟုတ် ဖျက်ဆီးပြီးသည့် အချိန်မှာ ရေဒါကို ပြန်လည် အသုံးပြုနိုင်ပါတယ်။

ပိုပြီး အဆင့်မြင့်တဲ့ anti radiation ဒုံးကျည်များကတော့ အဆိုပါ ရေဒီယိုလှိုင်းများ ပိတ်ပစ်ခြင်းကို ကျော်လွှားနိုင်ပြီး ဘယ်ကနေ လှိုင်းတွေ ထွက်ပေါ်လာခဲ့သလဲဆိုတာ မှတ်မိနိုင်စွမ်း ရှိပါတယ်။
ရေဒီယိုလှိုင်းများ ပိတ်ပစ် လိုက်တာနဲ့ ဒုံးကျည်ဟာ ၎င်းနောက်ဆုံး သိခဲ့သည့် ထွက်ပေါ်လာသည့် နေရာကို ဆက်လက် ပျံ သန်း တိုက်ခိုက် နိုင်ပါတယ်။
ယခုလို ဒုံးကျည်များထဲမှ အဆင့် အမြင့်ဆုံး ဒုံးကျည်များကတော့ လေထဲမှာ ကြာရှည်စွာ နေနိုင်စွမ်းရှိပြီး ပစ်မှတ် အထိ ရောက်နိုင်အောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။