လေယာဉ်တင်သင်္ဘောဖျက် ဒုံးကျည်များ နှင့် ပိုင်ဆိုင်ထားသည့် နိုင်ငံများ အကြောင်း ဆောင်းပါး

Article Military

တရုတ်နိုင်ငံဟာ အမေရိကန် ရေတပ်၏ လေယာဉ်တင်သင်္ဘောများအပါအဝင် အကြီးစား သင်္ဘောပစ်မှတ်များကို သဲကန္တာရ အတွင်းမှာ တည်ဆောက်ခဲ့ပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

ထိုကဲ့သို့ ကန္တာရအတွင်း စမ်းသပ်ခြင်းမှာ ပင်လယ်ပြင်အတွင်း စမ်းသပ်မှုများနှင့် နှိုင်းယှဉ်ပါက အားသာချက် အချို့တော့ ရှိပါတယ်။

ဒီလို လုပ်ဆောင်နေတာကို ကြည့်ခြင်းအားဖြင့် တရုတ်ဟာ ၎င်း၏ လေယာဉ်တင် သင်္ဘောဖျက် စွမ်းရည်ရှိသည့် ဒုံးကျည်များကို စမ်းသပ်ရာတွင် တကယ်ကို အလေးထား လုပ်ဆောင်နေတာ သိသာပါတယ်။

သင်္ဘောဖျက် ပဲ့ထိန်းတပ်ဒုံးကျည်တွေက ဘာတွေလဲ နဲ့ ဘယ်သူတွေ ပိုင်ဆိုင်ထားလဲ

ဟိုက်ပါဆိုးနစ် လက်နက် ဆိုတဲ့ တုန်လှုပ်ချောက်ချားမှုနှင့် စိတ်လှုပ်ရှားဖွယ် ခေါင်းစဉ်အောက်မှာ လက်နက် အမျိုးအစားသစ်ဟာ ရေ ကြောင်း ဆိုင်ရာ စစ်မြေပြင် ပြိုင်ဆိုင်ပွဲကို ပုံစံ အသစ်ဖော်ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။

Anti-Ship Ballistic Missiles (ASBM) လို့ခေါ်တဲ့ သင်္ဘောဖျက် ဒုံးကျည်များဟာ လေယာဉ်တင် သင်္ဘောများနှင့် အခြား တန်ဖိုးကြီး ပစ် မှတ် များအတွက် ကြိုတင် ခန့်မှန်းလို့ မရနိုင်သည့် ခြိမ်းခြောက်မှု တခု ဖြစ်ပါတယ်။

ယခုလ အစောပိုင်းက တရုတ်နိုင်ငံဟာ အမေရိကန် ရေတပ် ပုံသဏ္ဍာန်အတိုင်း ကန္တာရထဲတွင် ပစ်မှတ်များကို တည်ဆောက်နေကြောင်း ထုတ်ဖော်နိုင်ခဲ့ပါတယ်။

အမေရိကန် ရေတပ်၏ လေယာဉ်တင် သင်္ဘောများဟာ ၎င်းတို့၏ ဝေးကွာလှတဲ့ ကန္တာရ အစွန်အဖျားမှာ အမေရိကန် စစ်သ င်္ဘောများကို ကိုယ်စားပြုရန် ဒီဇိုင်းထုတ်ထားသည့် အခြား ပစ်မှတ်များနှင့်အတူ ရှိနေခြင်းဟာ တရုတ်၏ ASBM လက်နက် စမ်းသပ်မှု အစီအစဉ်၏ တစိတ်တဒေသ ဖြစ်တယ်လို့ ယူဆရပါတယ်။

အဲဒီ့ လက်နက်ဟာ တရုတ်နိုင်ငံကို ချိန်ခွင်လျှာ အလှည့်အပြောင်း တခုကိုတောင် ပေးနိုင်လောက်တဲ့ စွမ်းရည် ပေးစွမ်းနိုင်ဖွယ် ရှိပါတယ်။

ဒါဟာ ၎င်းတို့နှင့် ရန်ဘက် နိုင်ငံများ၏ လေယာဉ်တင် သင်္ဘောများ ရောက်ရှိလာနိုင်မှုကို အဟန့်အတား ဖြစ်စေနိုင် သို့မ ဟုတ် နည်းဗျူဟာ နှင့် မဟာဗျူဟာ အရ သက်ရောက်မှု ရှိစေနိုင်လောက်သည့် အကန့်အသတ် တခုကို ဖြစ်စေနိုင်မှာပါ။

2015 ခုနှစ်က DF-21D ဒုံးကျည်ကို တွေ့ရစဉ် Credit: Wikimedia Common

ASBM လက်နက်များကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ တရုတ်နိုင်ငံ တနိုင်ငံထဲတော့ မဟုတ်ပါဘူး။

လေယာဉ်တင် သင်္ဘောများ ပြန်လည် ကြီးစိုးလာမှုကို ရင်ဆိုင်နေရသည့် အခြား နိုင်ငံများမှာလည်း အလားတူ ဒုံးကျည်များကို တီထွင် ထုတ်လုပ် နေကြတာ ဖြစ်ပါတယ်။

ASBM များဟာ ပစ်လွှတ်ပြီးနောက် ထိပ်ဖူးဟာ တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်များကဲ့သို့ လမ်းကြောင်းအတိုင်း ပျံတက်လေ့ရှိပါတယ်။

ဒုံးကျည်ဟာ အာကာသထဲသို့ ပထမဆုံး ရောက်ရှိသွားပြီးမှ ကမ္ဘာမြေပေါ်သို့ အရှိန်ဖြင့် ပြန်လည် ဆင်းသက်လာတာ ဖြစ်ပါတယ်။

အဆင့်၏ နောက်ဆုံး အနေအထားတွင် Maneuverable Reentry Vehicle (MaRV) လို့ခေါ်တဲ့ ကမ္ဘာမြေပေါ် အရှိန်ဖြင့် ဆင်းသက်ရင်းနှင့် လမ်းကြောင်းများ အနည်းငယ် ပြောင်းလဲ နိုင်ပါတယ်။

ဒါ့ကြောင့် အဆိုပါ ဒုံးကျည်ဟာ ပျံသန်းရင်း နှင့် ၎င်း၏ လမ်းကြောင်းကို ထိန်းညှိနိုင်ပြီး ရွေ့လျား နေသည့် ပစ်မှတ်ကို ထိမှန်အောင် လုပ် ဆောင် နိုင်စွမ်း ရှိပါတယ်။

ယခုလို လမ်းကြောင်း ပြောင်းလဲနိုင်ခြင်းကြောင့် ဒုံးကျည်ကို ကြားဖျက်ဖို့ရာ ခက်ခဲပြီး သင်္ဘောများအတွက် အန္တရာယ်ပေးနိုင်မှုကို မြင့်တက် လာစေပါတယ်။

၎င်းတို့ဟာ မယုံနိုင်လောက်အောင် လျှင်မြန်စွာ သွားလာနိုင်ပြီး အသံထက် ၅ ဆ ကျော်သဖြင့် ဟိုက်ပါဆိုးနစ် လက်နက်များအဖြစ် အမျိုးအစား သတ်မှတ်နိုင်ပါတယ်။

ထို့အပြင် အချိုသော အလားအလာရှိသည့် အနာဂါတ် ဒုံးကျည်ဒီဇိုင်းများ၏ နောက်ဆုံး အဆင့်ဟာ ဟိုက်ပါဆိုးနစ် အမြန်နှုန်းရှိ ထိပ်ဖူးများ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

ဒါ့အပြင် လေထုအတွင်း လျှပ်ပြေးနိုင်သည့် တောင်ပံများ ပါရှိသည့်အတွက် လေခွင်းနိုင်စွမ်း မြင့်မားလာပြီး သွားလာနိုင်သည့် အကွာအဝေး ပိုမို ဝေးကွာလာသည့်အတွက် ကြားဖျက်ရန် ပိုမို ခက်ခဲလာပါတယ်။

ဒီလိုလက်နက်တွေ ဘာလို့ လိုအပ်တာလဲ

ခေတ်သစ် ကမ္ဘာတွင် စစ်သင်္ဘောများ ကို ဒုံးကျည်များ တော်ပီဒိုများ နှင့် ပတ်ခတ်နိုင်သည့်အပြင် ဗုံးများ၊ မိုင်းများ၊ ကပ်မိုင်းများ နှင့် အမြောက်များဖြင့် ပါ တိုက်ခိုက်နိုင်ပေမယ့် ၎င်းတို့ အားလုံးမှာ အကန့်အသတ်တွေ ရှိပါတယ်။

အထားသဖြင့် သမားရိုးကျ ဒုံးကျည်များနှင့် တော်ပီဒိုများဟာ ကြီးမားပြီး ကောင်းမွန်စွာ ကာကွယ်ထားသည့် ပစ်မှတ်ကို တိုက်ခိုက်ရာမှာ ပြသနာ အများကြီး ရှိပါတယ်။

လေယာဉ်တင် သင်္ဘောများဟာ ကြီးမားပြီး ကောင်းမွန်စွာ ကာကွယ်မှုရဲ့ အဆုံးအစွန်ဆုံး ပေါင်းစပ်မှု ဖြစ်ပါတယ်။

ခေတ်သစ် အကြီးစား တော်ပီဒိုများဟာ လေယာဉ်၏ ဧရာအောက်တွင် ပေါက်ကွဲနိုင်ပြီး အထင်ကြီးလောက်စရာ အပျက်အစီးများ ကို ဖြစ်စေနိုင်ကာ လေယာဉ်တင် သင်္ဘောတစီးကို တိုက်ပွဲမှ ဖယ်ရှားပစ်ရန် လုံလောက်ပါတယ်။

Type-055 ဖျက်သင်္ဘော သို့မဟုတ် ခရူဇာ တစ်စီး

ဒါပေမယ့် အမြဲ တိုးတက်မှုနှင့် အဆင့်မြှင့်မှုများ ရှိနေသည့် တော်ပီဒိုများတောင်မှ ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ များစွာ တိုတောင်းပါတယ်။

၎င်းတို့ကို ပစ်ခတ်နိုင်ဖို့အတွက် ရေငုပ်သင်္ဘောဟာ မှန်ကန်တဲ့ အခြေအနေ တခု အတွင်း မှန်ကန်တဲ့ နေရာ တခုမှာ ရှိနေရမှာ ဖြစ်လို့ ကံအလွန်ကောင်းမှာ ပစ်လွှတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ပုံမှန် သင်္ဘောဖျက် ဒုံးကျည်များဟာ သေးငယ်လေ့ရှိပြီး လေယာဉ်တင် သင်္ဘောကဲ့သို့ သင်္ဘောကြီးများကို အများအပြား ထိခိုက်နိုင်ဖို့ အခွင့် အလမ်း နည်းပါးပါတယ်။

ရုရှား လုပ် Granit ကဲ့သို့ ဒုံးကျည်များဟာ ပိုမို ကြီးမားကြပေမယ့် ၎င်းတို့တောင်မှ အကွာအဝေးနှင့် နှိုင်းယှဉ်ပါက အကန့်အသတ်တွေ အ များကြီး ရှိပါတယ်။

သမားရိုးကျ သင်္ဘောဖျက် ဒုံးကျည် နည်းပညာများ ဟာလည်း အဆက်မပြတ် တိုးတက်နေပြီး အကွာအဝေး၊ ပစ်မှတ်ထားနိုင်မှု၊ အမြန်နှုန်းနှင့် ရှင်သန်နိုင်မှုများဟာလည်း စဉ်ဆက်မပြတ် တိုးတက်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် ဒုံးကျည် ဒီဇိုင်းဆွဲသူများ ဟာ သမားရိုးကျ သင်္ဘောဖျက် ဒုံးကျည်များထက် ပိုမို ထိရောက်သည့် ASBM နည်းပညာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မြင့်မားသည့် အမြန်နှုန်းဟာ ဒုံးကျည်၏ ပျံသန်းချိန်ကို လျော့နည်းစေသည့်အတွက် ပစ်မှတ်ဟာလည်း အနည်းငယ်သာ ရွေ့လျားနိုင်မှာ ဖြစ်တဲ့အတွက် တန်ဖိုးရှိလှပါတယ်။

တရုတ်၏ သင်္ဘောဖျက် ပဲ့ထိန်း ဒုံးကျည်များအကြောင်း စာအုပ်ကို ရေးသားခဲ့သည့် Blake Herzinger ကတော့ တာဝေးပစ် ဒုံးကျည်များဟာ ပစ်လွှတ်မှုမှ ပစ်မှတ်ကို ထိမှန်သည်အထိ ကြာချိန် ၂၅ မိနစ်ခန့်သာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

လေယာဉ်တင်သင်္ဘောဟာ ၎င်း၏ အမြင့်ဆုံး အမြန်နှုန်း တနာရီ ရေမိုင် ၃၀ နှုန်းဖြင့် မိုင်ကုန် ဖွင့် ခုတ်မောင်းနေရင်တောင် အဲဒီ့ ၂၅ မိနစ်အတွင်းမှာ ရေမိုင် ၁၃ မိုင်လောက်သာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်တွင် အရွယ်အစားကို ပါ ထည့်သွင်း စဉ်းစားလိုက်ပါက ASBM များဟာ အကြီးဆုံး သမားရိုးကျ သင်္ဘောဖျက် ဒုံးကျည်များထက် ပိုမို ထိရောက်စွာ တိုက်ခိုက်နိုင်တာကို တွေ့ရှိရပါတယ်။

အားလုံး အတူတူပါပဲ။ Herzinger က လေယာဉ်တင် သင်္ဘောတစီးကို တချက်ထဲနဲ့ နစ်မြှုပ်နိုင်မယ် ဆိုတာကတော့ သံသယ ရှိနေပါတယ်။

သို့ပေမယ့် “တရုတ်ဟာ အဆိုပါ ဒုံးကျည်ကို ပစ်ခတ်တဲ့အခါ တလုံးထဲတော့ က မှာ မဟုတ်ပါဘူး။ ပစ်မှတ်ကို ထိရောက်စွာ ပတ်ခတ်နိုင်ပါက လေယာဉ်သင်္ဘောဟာ လေယာဉ်တွေကို ပျံတက်လာနိုင်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်တော့ဘူး တိုက်ခိုက်မှုဟာ အောင်မြင်နိုင်ချေ ရှိပါတယ်”

အမေရိကန် လေယာဉ်တင် သင်္ဘော အုပ်စု

ကမ္ဘာတဝှမ်းရှိ သင်္ဘောဖျက် ပဲ့ထိန်း ဒုံးကျည်များ

တရုတ်နိုင်ငံ

အဆိုပါ နည်းပညာကို အဓိက ကိုးကား ဖော်ပြလေ့ အရှိဆုံး နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး အနည်းဆုံး မတူညီတဲ့ လက်နက် ၃ မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။

မြေပြင်အခြေစိုက် DF-21D (CSS-5 Mod-4) ဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရော့ကတ် တပ်ဖွဲ့သို့ ၂၀၀၉ ခုနှစ်လောက်က ပထမဆုံး ပေးအပ်ခဲ့သည့် လက်နက် စနစ်ဖြစ်ပါတယ်။

အဲဒီ့ ဒုံးကျည်ဟာ ရေမိုင် ၈၀၀ လောက် အထိ ပစ်ခတ်နိုင်ပြီး အမြန်နှုန်း အသံထက် ၁၀ ဆ လောက် ရှိပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ DF-21 ဒုံးကျည် မျိုးကွဲများကို ပိုမို ကောင်းမွန်သည့် DF-26 (CSS-18) မျိုးကွဲများဖြင့် ဖြည့်စွက် ခဲ့ပါတယ်။

DF-26 ဟာ ယခင် DF-21 များထက် ပိုမို ဝေးကွာတဲ့ အကွာအဝေးကို ရောက်ရှိနိုင်ပြီး အဝေးဆုံး ရောက်ရှိနိုင်သည့် အကွာအဝေးဟာ ရေမိုင် ၂ ထောင်အထိ ရှိပါတယ်။

သင်္ဘောဖျက် ဒုံးကျည်ဆိုသည့်မှာ အစိတ်အပိုင်း ဖွဲ့စည်းပုံ တခုသာ ဖြစ်တဲ့အတွက် DF-26 များကို သင်္ဘောဖျက်ဒုံးများ အဖြစ် အသုံးပြုနိုင်ဖွယ် ရှိပါတယ်။

ဒါ့အပြင် ဒုံးကျည်ဟာ သမားရိုးကျ ထိပ်ဖူးများအပြင် နျူကလီးယား ထိပ်ဖူးများကိုပါ တင်ဆောင်နိုင်စွမ်း ရှိလာတဲ့အတွက် အလေးချိန် အများအပြား တင်ဆောင်နိုင်ပါတယ်။

ASBM များကို နောက်ဆုံးထွက် Type -055 Renhai အတန်းအစား ဖျက်သင်္ဘောများတွင် ထည့်သွင်းလာမယ်လို့ မျှော်လင့်ရပါတယ်။

အကြီးစား ဖျက်သင်္ဘောများအဖြစ် တရားဝင် ဖော်ပြထားသော်လည်း ၎င်းတို့၏ အနေအထားနှင့် စွမ်းဆောင်ရည်များအရ ခရူဇာများ အ ဖြစ် ပိုမို သင့်လျော်စွာ ဖော်ပြကြပါတယ်။

Xian-H-6 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်

ASBM အမျိုးအစား အတိအကျကို မသိရှိရသေးပေမယ့် လက်ရှိ သယ်ဆောင်နေသည့် ဒုံးကျည်များထက်တော့ များစွာ ကြီးမားမှာ အသေ အချာပဲ ဖြစ်ပါတယ်။

ဒါဟာ လက်ရှိ Type-055 ခရူဇာ သင်္ဘောများတွင် လက်ရှိ ပစ်လွှတ် ပြွန် ၁၁၂ ခုပါဝင်သည့် ဒုံးကျည် ပစ်လွှတ်စနစ်ကို အရေအတွက် လျှော့ ချပြီး ပစ်လွှတ်စနစ်သစ် တပ်ဆင်ရမယ်ဆိုတာကို ပြသနေပါတယ်။

တရုတ်နိုင်ငံဟာ ဝေဟင်မှ ပစ်လွှတ်ရသည့် သင်္ဘောဖျက် ဒုံးစနစ်ကို စမ်းသပ်နေတယ်လို့ ယုံကြည်ရပါတယ်။ တလုံးထဲသော ကမ္ဘာ့အကြီးဆုံး ဝေဟင်မှ ပစ်လွှတ်ရမည့် လက်နက်ကို H-6 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များက သယ်ဆောင်နိုင်မှာပါ။

အဲဒီ့ ဒုံးကျည်အကြောင်းဟာ လူသိနည်းသော်လည်း Herzinger အနေဖြင့် ဒီ ဒုံးကျည်ဟာ DF-21 ၏ မျိုးကွဲ ဖြစ်နိုင်မယ်လို့ သံသယ ရှိနေပါတယ်။

ဝေဟင်မှ ပစ်လွှတ်မှုဟာ အကွာအဝေးကို သိသိသာသာ တိုးလာစေပြီး အချိန်နှင့် အမျှ ထိလွယ် ရှလွယ် ပစ်မှတ်များကို တုံ့ပြန်မှု ပိုမို မြန်ဆန်စေမှာ ဖြစ်ပါတယ်။

ဒုံးကျည်များဟာ အသစ်သတ်မှတ်ထားသည့် ပစ်မှတ်များကို ဘယ်လောက် လျင်မြန်စွဦ တုံ့ပြန်နိုင်လဲ ဆိုတာ အရေးကြီးသည့်အပြင် အကွာအဝေး မြင့်မားသည့်အတွက် ပစ်မှတ်ထားခြင်းဟာ ASBM များအတွက် စိန်ခေါ်မှု ကြီးမားပါတယ်။

တရုတ်ဟာ ကြီးမားကျယ်ပြန့်သည့် ပစိဖိတ် သမုဒ္ဒရာကို လွှမ်းခြုံနိုင်ဖို့ ဂြိုဟ်တု အမြောက်အများကို အသုံးပြုထားနိုင်ပြီး ၎င်းတို့တွင် ရာသီဥတုမရွေး အသုံးပြုနိုင်သည့် Synthetic Aperture Radar (SAR) အာရုံခံ ကိရိယာများ ပါဝင်နိုင်ပါတယ်။

ရုရှားနိုင်ငံ

ASBM ကို ဝေဟင်မှ ပစ်လွှတ်မည့် အခြားနိုင်ငံတခုကတော့ ရုရှားပဲ ဖြစ်ပါတယ်။

အချို့ MiG-31 FOXHOUND တိုက်လေယာဉ်များဟာ Kh-47M2 Kinzhal အသံထက်မြန်သည့် ဒုံးကျည်များကို သယ်ဆောင်နိုင်ဖို့ အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပါတယ်။

admiral Gorshkov ဖရီးဂိတ်ပေါ်မှ Tsirkon ဒုံးကျည် စမ်းသပ်နေပုံ

အသံထက် အမြန်နှုန်း ၁၀ ဆ ရှိသည့် အဆိုပါ ဒုံးကျည်ဟာ ရေမိုင် ၁,၁၀၀ လောက်အထိ ထိရောက်မှု ရှိပါတယ်။ ရုရှားနှင့်အတူ ကျွန်တော်တို့ဟာ ၎င်း၏ ဒုံးကျည်သစ် ဖြစ်တဲ့ Zircon ဒုံးကျည်ကိုလည်း ဖော်ပြရမှာပါ။

Zircon ဒုံးကျည်ဟာ ဟိုက်ပါဆိုးနစ် ဒုံးကျည်အမျိုးအစားဖြစ်ပြီး ASBM အဖြစ် အမျိုးစား သတ်မှတ်ခံထားရကာ scramjet အင်ဂျင် အသေးစားတပ်ဆင်ထားပြီး သင်္ဘောနှင့် ရေငုပ်သင်္ဘောများမှ ပစ်လွှတ်နိုင်ပါတယ်။

သို့ပေမယ့် Zircon ဟာ တကယ့်ကတကယ်တော့ ဟိုက်ပါဆိုးနစ်အမျိုးအစား သမားရိုးကျ သင်္ဘောဖျက် ဒုံးကျည်လား ပဲ့ထိန်းတပ် သင်္ဘောဖျက် ဒုံးကျည် ASBM လားဆိုတာကတော့ မသေချာသေးပါဘူး။

အီရန်နိုင်ငံ

အီရန်ဟာလည်း ASBM များ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပြီး မြေပြင် အခြေစိုက် Fateh-110 ဒုံးကျည် များကို အခြေခံထားပါတယ်။

Khalij Fars ASBM ၏ နောက်ဆုံး မျိုးကွဲဟာ လမ်းညွှန်မှုအတွက် အနီအောက်ရောင်ခြည်၊ လျှပ်စစ် အလင်း အာရုံခံ ကိရိယာ အသုံးပြုသည့် လမ်းညွှန်စနစ်များကို အသုံးပြုထားပါတယ်။

Khalij Fars ASBM

အသံထက် အမြန်နှုန်း ၃ ဆသာ ရှိပြီး ဟိုက်ပါဆိုးနစ် အလျှင် မဟုတ်တဲ့ အပြင် ရေမိုင် ၃၈၀ လောက်သာ ထိရောက်မှု ရှိပါတယ်။

ခြုံငုံပြောရလျှင် ၎င်းဟာ စာရွက်ပေါ်တွင် စွမ်းဆောင်ရည်နည်းသည့် စနစ်တခု ဖြစ်ပေမယ့် ခြိမ်းခြောက်မှုတော့ ပေးစွမ်းနိုင်ပါတယ်။

အိန္ဒိယ နိုင်ငံ

နောက်ဆုံးဖော်ပြရမည့် နိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်ပြီး Dhanush ပဲ့ထိန်းတပ် ဒုံးကျည်ဟာ သင်္ဘောဖျက် ဒုံးကျည်ကဲ့သို့ စွမ်းဆောင်ရည်ရှိတယ်လို့ သိရပါတယ်။

ပစ်ခတ်နိုင်တဲ့ အကွာအဝေးဟာ ရေမိုင် ၂၀၀ လောက်သာ ရှိပေမယ့် အမြန်နှုန်းဟာ အသံထက် ၈ ဆ မှ ၉ ဆ အထိ ရှိတဲ့အတွက် အလွန် လျှင်မြန်ပါတယ်။

ပစ်လွှတ်စနစ်ကတော့ သင်္ဘော၏ ရဟတ်ယာဉ်ဆင်းသည့် ကွင်းထဲတွင် တည်ငြိမ်မှုရှိအောင် ထားပြီး ပစ်လွှတ်ရသောကြောင်း အခြား ဒုံးကျည်စနစ်များကဲ့သို့ ကောင်းမွန်ခြင်း မရှိပါဘူး။

Dhanush ပဲ့ထိန်းတပ် ဒုံးကျည်

ASBM များကို နိုင်ငံအများအပြားက ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပေမယ့် တရုတ်နိုင်ငံဟာ သိသိသာသာဖြင့် ထိပ်ဆုံးက ရောက်ရှိနေပြီး တကယ် လက်တွေ့ အမေရိကန် ရေတပ်ကို ရင်ဆိုင်နိုင်စွမ်း ရှိမရှိဆိုတာကတော့ မေးခွန်း ထုတ်စရာတွေ အများကြီး ရှိနေပါသေးတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.