အမေရိကန်ရေတပ်၏ ပုံမှန်မဟုတ်တဲ့ ဒီဇိုင်းနဲ့ APL 67 သင်္ဘော

Knowledge Military

အမေရိကန်ရေတပ်၏ ပုံမှန်မဟုတ်တဲ့ ပုံစံဖြင့် တည်ဆောက်ထားတဲ့ ဖောင်သင်္ဘောကြီးဟာ မစ္စစ္စပီမှနေပြီး ဂျပန်သို့ ဦးတည် သွားနေပြီ ဖြစ်ပါတယ်။

APL 67 လို့ခေါ်တဲ့ သမ္မာကျမ်းစာထဲက သင်္ဘောကြီးလို တည်ဆောက်ထားတဲ့ ဒီ သင်္ဘောဟာ အိပ်စင်တွေပါဝင်တဲ့ စက်မပါတဲ့ သင်္ဘောအကြီးစားကြီး တစီးသာ ဖြစ်ပါတယ်။

ဒီ သင်္ဘောဟာ ရေတပ်သားများ ၎င်းတို့၏ သင်္ဘောကို ဆုံးရှုံးရပါက သို့မဟုတ် ခေတ္တခဏ နေလို့မရပါက နားနေနိုင်အောင် ဝန်ဆောင်မှုပေးတဲ့ သင်္ဘော ဖြစ်ပါတယ်။

သင်္ဘောပေါ်တွင် လက်နက် နှင့် အခြား တိုက်ခိုက်နိုင်သည့် စွမ်းရည်များ တပ်ဆင်ထားခြင်း မရှိသည့်အပြင် ကမ်းမှတောင် ခွာချင်မှ ခွာရပါလိမ့်မယ်။

သင်္ဘောဟာ အရှည် ၂၆၇ ပေ၊ အကျယ် ၆၈.၇ ပေရှိပြီး ရေပြင်အထက် လေးထပ်တိုက်ခန့် မြင့်ပါတယ်။ ဒီသင်္ဘောဟာ Seapower ၏ အဆိုအရ အရာရှိ ၇၄ ယောက်နှင့် စစ်သည် ၅၃၇ ယောက်ကို ဝန်ဆောင်မှု ပေးနိုင်ပါတယ်။

အဆိုပါသင်္ဘောကို VT Halter Marine မှ မစ္စစ္စပီ ရှိ ဂျပ်ဆင် စီရင်စုမှ မြို့တမြို့ဖြစ်တဲ့ ဖက်စ်ကာဂူလာ မြို့မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဆန်ဒီယေဂို ရေတပ်အခြေစိုက်စခန်းမှ အမှတ် ၇ ရေတပ်ဖွဲ့ကြီးရှိရာ ပစိဖိတ်ဒေသရှိ ယိုကိုဆူကာသို့ ခုတ်မောင်းနေပြီ ဖြစ်ပါတယ်။

လက်တလောမှာတော့ APL 67 ကို သင်္ဘောသားများနှင့် ရေတပ်သားများ ၎င်းတို့၏ သင်္ဘောအား ပြုပြင် ထိန်းသိမ်းနေစဉ်အတွင် နေထိုင်နိုင်ရန် အသုံးပြုမှာ ဖြစ်ပါတယ်။

တကယ်လို့ ဒီသင်္ဘောဟာ ယိုကိုဆူကာမှာရှိတဲ့ ရေလုံလွန်းကျင်းတွင် အခြေပြုပါက ရေတပ်အနေဖြင့် ရေတပ်သားများအတွက် လိုအပ်သည့် ဟိုတယ် အခန်း ၃၀၀ စာ သက်သာ သွားမှာ ဖြစ်ပါတယ်။

အင်ဂျင်တွေ၊ အာရုံခံကိရိယာတွေ၊ လက်နက်တွေမပါတဲ့ ဒီသင်္ဘောဟာ အရာရှိ ၅၆ ယောက်နှင့် တပ်သား ၂၂၈ ယောက်ကို ဝန်ဆောင်မှု ပေးတော့မှာ ဖြစ်ပါတယ်။

သင်္ဘောပေါ်တွင် အဝတ်လျှော်ခန်း၊ စာသင်ခန်း၊ ဧည့်ဆောင်၊ ရေချိုးခန်း၊ အရာရှိ နားနေခန်း၊ ဆံပင်ညှပ်ဆိုင်၊ အားကစားခန်းမ နှင့် ဆေးဘက် ဆိုင်ရာ ထောက်ပံ့ရေး အခန်းများ ပါဝင်ပါတယ်။

အမေရိကန် ရေတပ်တွင် ဒီလို သင်္ဘောမျိုး ကမ္ဘာအနှံ့တွင် အများကြီးရှိပြီးတော့ APL 67 ကတော့ VT Halter Marine က တည်ဆောက်တဲ့ ၄ စီးထဲက တစီး ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *