ကမ္ဘာကျော် B-52 လေယာဉ်များအကြောင်း

Knowledge Military

ကမ္ဘာပေါ်တွင်အသိအမှတ်ပြုအခံရဆုံးသော လေယာဉ်တစ်စီးဖြစ်ပြီး အမေရိကန်ပြည်ထောင် စု၏ စစ်အေး တိုက်ပွဲ အမှတ်အသားတစ်ခုဖြစ်သော B-52 Stratofortress သည် အမေရိကန်လေတပ်၏ အဓိကမဟာဗျူဟာမြောက်နျူကလီးယားဗုံးကြဲလေယာဉ်အဖြစ် ဆယ်စုနှစ်များစွာကြာအောင်ရပ်တည်ခဲ့ပါသည်။

TF33-P-3/103 အင်ဂျင်တပ်ဆင်ထားတဲ့ B-52 ဟာ ပေ ၅၀၀၀၀ (၁၅,၁၆၆.၆ မီတာ) အမြင့်ထိ တစ်နာရီလျှင် မိုင် ၆၅၀ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး မိုင်ပေါင်း ၈၈၀၀ အထိစစ်ဆင်နိုင်ပါတယ်။

Crew ၅ ယောက် နှင့် လက်နက်ပေါင်းစုံ ပေါင် ၇ သောင်းလောက်တင်ဆောင်နိုင်ပါတယ်။ တိကျတဲ့ လမ်းညွှန်ပစ်ခတ်မှုနဲ့အတူ နျူးကလီးယား သို့မဟုတ် သမားရိုးကျ ဗုံးများကို တင်ဆောင်စစ်ဆင်နိုင်ပါတယ်။

သမားရိုးကျစစ်ပွဲများမှာ အနီးကပ် ပစ်ကူမှု၊ လေကြောင်းမှတားဆီးမှု၊တန်ပြန်လေကြောင်းစစ်ဆင်မှု၊ ပင်လယ်ပြင်စစ်ဆင်မှု အစရှိတဲ့ စစ်ဆင်ရေးများကို ဆောင်ရွက်နိုင်ပါတယ်။

ပင်လယ်ပြင်မှာတော့ ကင်းထောက်စစ်ဆင်ရေးအပြင် ရန်သူ့သင်္ဘောချေမှုန်းရေးနှင့် မိုင်းခင်းခြင်းလုပ်ငန်းများကို အကူအညီပေးနိုင်ပါတယ်။ ၂ နာရီအတွင်းမှာ B-52 လေယာဉ် ၂ စီးဟာ ၁၄၀,၀၀၀ စကွဲယားမိုင် သို့မဟုတ် ၃၆၄,၀၀၀ စကွဲယားမိုင်ရှိတဲ့ ပင်လယ်ပြင်ကို စောင့်ကြည့်နိုင်ပါတယ်။

B-52s များအားလုံးတွင် electro-optical ကြည့်ရှုသည့်အာရုံခံကိရိယာနှစ်ခု၊ ရှေ့သို့ကြည့်ရှုရန်အနီအောက်ရောင်ခြည်နှင့် အဆင့်မြင့်ပစ်မှတ်ရှာစနစ်များကို တပ်ဆင်ထားပါတယ်။

အမြင်အာရုံကိုမြှင့်တင်ရန် ညမြင်ကွင်းမျက်မှန်များပါဝင်ပြီး ညဘက်မြင်ကွင်းမျက်မှန်များသည်လေယာဉ်မှူးများ၏အမြင်အာရုံရှင်းလင်းခြင်း၊ ရန်သူရေဒါများကို ရှောင်ရှားခြင်းနှင့် အလင်း ရောင်ကင်းသောပတ်ဝန်းကျင်တွင် အခြားလေယာဉ်များကိုမြင်တွေ့နိုင်ခြင်းအားဖြင့် ညဘက်စစ်ဆင်ရေးများအတွင်းပိုမိုလုံခြုံမှုရှိစေပါတယ်။


B-52 တွေမှာ တပ်ဆင်ထားတဲ့ litening Advanced Targeting Pod တွေကို ယခုအခါမှာ Sniper Advanced Targeting Pod များအဖြစ်အဆင့်မြှင့်တင်နေပါတယ်။

အဲဒီ့ပစ်မှတ်ရှာစနစ်များဟာ ပိုမိုဝေးကွာတဲ့ပစ်မှတ်များကိုရှာတွေ့နိုင်ခြင်း ခွဲခြားနိုင်ခြင်း၊ စစ်ဆင်ရေးအားလုံးရဲ့ ထောက်လှမ်းမှုကို တည်ငြိမ်စွာဆောင်ရွက်နိုင်ခြင်း နှင့် မြေပြင်တပ်များကို အနီးကပ်ပစ်ကူရာမှာ ပိုမိုကောင်းမွန်လာခြင်း စတဲ့တိုးတက်မှုတွေရှိလာပါတယ်။

ဒါ့အပြင် သူ့မှာပါတဲ့ အဆင့်မြင့် ပစ်မှတ်ရှာနှင့် ပုံရိပ်ဖော်နည်းပညာက B-52 ရဲ့ စစ်ဆင်ရေးအားလုံးကိုတိုးတက်စေပြီး ရာသီဥတုမကောင်းတဲ့အချိန်မှာတောင် လေဆာဗုံး၊ သမားရိုးကျဗုံးများနှင့် GPS-guided ဗုံးများကို အတိမ်းအစောင်းမရှိ တိကျစွာကြဲချနိုင်မှာဖြစ်ပါတယ်။


B-52 ဟာ အမေရိကန်ရဲ့ gravity ဗုံးတွေ၊ cluster ဗုံးတွေ၊ အတိကျလမ်းညွှန်စနစ်သုံးဗုံးမျိုးစုံနှင့် တခြားလက်နက်ပေါင်းစုံအသုံးပြုနိုင်တဲ့ ဗုံးကြဲလေယာဉ်ဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော် အမေရိကန်ရဲ့ ပင်မကျောရိုး ဗျူဟာမြောက်ဗုံးကြဲဖြစ်ပါတယ်။


B-52A မျိုးကွဲတွေကို ၁၉၅၄ မှာစတင်ပျံသန်းခဲ့ပြီး ၁၉၅၅ မှာ တပ်တော်ဝင်ခဲ့ပါတယ်။ စုစုပေါင် B-52 အစီးရေ ၇၄၄ စီးထုတ်လုပ်ခဲ့ပြီး နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ B-52H မျိုးကွဲကို ၁၉၆၂ အောက်တိုဘာလမှာ ပြီးစီးခဲ့ပါတယ်။ ပထမဆုံး B-52H ၁၀၂ စီးကို ၁၉၆၁ မေလမှာ ဗျူဟာမြောက်လေကြောင်းညွှန်ကြားရေးသို့လွှဲပြောင်းတာဝန်ပေးအပ်ခဲ့ပါတယ်။


ဒီ H မျိုးကွဲတွေဟာ ခရုဇ် ဒုံးကျည် အလုံး ၂၀ အထိတင်ဆောင်နိုင်ပြီး ၁၉၉၀ နှစ်များတွင်ဖြစ်ပွားခဲ့တဲ့ ကန္တာရမုန်တိုင်း စစ်ဆင်ရေးမှာ အသုံးပြုခဲ့ပါတယ်။ အဲဒီ့စစ်ဆင်ရေးမှာ B-52 များဟာ ရန်သူ့စစ်စခန်းများ၊ ဘန်ကာကြီးများကို ကောင်းကောင်းဖျက်ဆီးခဲ့ပြီး အီရတ်စစ်တပ်ရဲ့ စိတ်ဓာတ်များကိုပျက်ပြားစေခဲ့ပါတယ်။


၁၉၉၆ စက်တင်ဘာ ၂ ရက်မှ ၃ ရက်နေ့အတွင်း B-52H လေယာဉ် ၂ စီးဟာ အီရတ်နိုင်ငံ ဘက်ကဒတ်မြိုံရှိ လျှပ်စစ်ဓာတ်အားပေးရုံနှင့် ဆက်သွယ်ရေးအဆောက်အအုံများကို AGM-86C ခရုဇ်ုဒုံးကျည် ၁၃ ခုဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။

ဒီစစ်ဆင်ရေးဟာ မိုင်ပေါင်း ၁၆၀၀၀ ကွာဝေးတဲ့ အမေရိကန် Barksdale Air Force Base မှ ၃၄ နာရီကြာမောင်းနှင်စစ်ဆင်ခဲ့တဲ့ အရှည်လျှားဆုံးသော စစ်ဆင်ရေးဖြစ်ခဲ့ပါတယ်။

၂၀၀၁ ခုနှစ် Operation Enduring Freedom လို့ခေါ်တဲ့ တကမ္ဘာလုံး အကြမ်းဖက်အဖွဲ့များအားစစ်ဆင်ရေးတွင် B-52 များဟာ အာဖကန်ရှိ အယ်ကိုင်ဒါ၊ တာလီဘန်များကိုတိုက်ခိုက်ရာတွင် အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။

၂၀၀၃ ခုနှစ် အီရတ်လွတ်မြောက်ရေး စစ်ဆင်ရေးမှာလဲ ခရုဇ်ဒုံးကျည်ပေါင်း ၁၀၀ လောက်အသုံးပြုခဲ့ပါတယ်။ လက်ရှိ အင်ဂျင်နီယာများရဲ့ သုံးသပ်မှုအရ B-52 များဟာ ၂၀၄၀ လောက်အထိ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.