ဘာဘီ ကို ၁၉၅၉ ခုနှစ် မတ်လ ၉ ရက်နေ့ မှာ အမေရိကန် အရုပ် ကုမ္ပဏီတခုဖြစ်တဲ့ Mattel Inc မှ ပထမဆုံး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဘာဘီရုပ်လေးများရဲ့ သက်တမ်းဟာ ယခု အခါမှာ ၆၂ နှစ်တောင် ရှိသွားပြီပဲ ဖြစ်ပါတယ်။
ထုတ်လုပ်ခဲ့သမျှ ကလေးများအတွက် အရုပ်များထဲမှာ ဘာဘီရုပ်လေးများဟာ အကျော်ကြားဆုံးဖြစ်ပြီး နိုင်ငံ ပေါင်း ၁၀၀ ကျော်သို့ ရောင်း ချနိုင်ခဲ့ပါတယ်။

တွက်ချက်မှုများအရ ဘာဘီရုပ်လေးတွေကို ကမ္ဘာ့တနေရာရာမှာ နေ့စဉ် တစက္ကန့်လျှင် ၂ ရုပ် နှုန်း ရောင်းချနေရသည်ဟု သိရပြီး အဆိုပါ ရောင်းအားဟာ အကြမ်းဖျင်းအားဖြင့် တနှစ်လျှင် ၁.၅ ဘီလီယံ ဒေါ်လာဖိုးလောက် ရှိပါတယ်။
ပထမဆုံး ဘာဘီအရုပ်ကို ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး မြင်းကျားအဆင် ရေကူးဝတ်စုံ၊ ဒေါက်မြင့်ဖိနပ် အဖွင့် နှင့် အနက်ရောင် သို့မဟုတ် ရွှေရောင် ဆံပင်ဖြင့် အလှဆင်ထားပါတယ်။

ယခုတော့ ပုံစံပေါင်း ၈၀ ကျော်ရှိလာပြီး ပထမဆုံး ပုံစံကွဲမှာ ဆယ်ကျော်သက် ဖက်ရှင် မော်ဒယ် ပုံစံဖြစ်ကာ နောက်ပိုင်းတွင် ဆရာဝန်၊ ရော့ခ်ကြယ်ပွင့်၊ ရှေ့နေ၊ ပေါ့ပ်ကြယ်ပွင့် နှင့် အာကာသ ဝတ်စုံများနှင့်တောင် ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်။
တကယ်တော့ ဘာဘီဆိုတဲ့ နာမည်ဟာ Matell Inc ကို ဖန်တီးသည့် Ruth handler ၏ သမီး Barbara Handler ရဲ့ နာမည်ကို အစွဲပြုပြီး ခေါ်ခဲ့တာ ဖြစ်ပါတယ်။
Matell ကုမ္ပဏီဟာ ဘာဘီနှင့် သူမ၏ သူငယ်ချင်းများအတွက် မတူညီတဲ့ ဖက်ရှင်ဝတ်စုံပေါင်း သန်း ၁ ထောင်လောက် ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ အရုပ်များအတွက် ဖိနပ်ပေါင်း သန်း ၁ ထောင်ကျော်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ (လူသာဆို အတော်ရွေးရ ခက်မှာပါ)
ဘာဘီရုပ်များနှင့် ပတ်သက်ပြီး ရယ်ရတဲ့ မေးခွန်းကတော့ ” ဘာဘီအရုပ်တွေက အရမ်း လူကြိုက်များတယ်ဆိုရင် ဘာလို့ သူမသူငယ်ချင်းတွေကို ဝယ်ဖို့ လိုတာလဲ” ဆိုတဲ့ မေးခွန်းပါ။
ဘာလို့လဲဆိုတော့ လူတွေရဲ့ အဖော်ပေါင်းနှင့် နေချင်တဲ့ သဘာဝကြောင့် ဘာဘီရုပ်လေးတွေကိုလည်း အဖော်အပေါင်းနဲ့ နေစေချင်လို့ နေမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021