ဘာမြူဒါတြိဂံ တကယ်ရှိမရှိ

Article Nature

နှစ်ပေါင်းများစွာကြာအောင် ဘာမြူဒါတြိဂံကို လျှို့ဝှက်စွာနှင့် တမျိုး ပွင့်ပွင့်လင်းလင်း တဖုံ လူတော်တော်များများက ယုံ ကြည်ခဲ့ကြပါတယ်။

အချို့က ၎င်းရဲ့​တည်ရှိခြင်း၊မရှိခြင်းကို ငြင်းခုံ​နေကြပြီး အချို့က အမှန်ဖြစ်တယ်ဟု ယုံကြည်ကြပါတယ်။

၎င်းနဲ့ပတ်သတ်ပြီး အငြင်းအခုံတွေဟာ နှစ်ပေါင်းများစွာ ရပ်တန့်မသွားဘဲ ပုံမှန်အားဖြင့် လူတိုင်းအနေနဲ့ မိမိယုံကြည်ရာကို မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။

ဘာမြူဒါတြိဂံအကြောင်း သုတေသီတွေက အဘယ်ကြောင့် ဤမျှလျှို့ဝှက်ဆန်းကြယ်နေရသလဲဆိုတာကို အကြိမ်ကြိမ် ငြင်းခုံခဲ့ကြပါတယ်။

အချို့​သော ဆောင်းပါးတွေမှာ ရေးထားတာက ဒီအရာအားလုံးဟာ မှန်တယ်ဟု စောဒက တက်ခဲ့ ကြသော်လည်း ဆန့်ကျင် ဘက် အနေနှင့် ၎င်းကို သံသယစိတ်ဖြင့် ဖော်ပြခြင်းခံရတာတွေလည်း တွေ့ရပါတယ်။

ယခုအချိန်ထိ လုံးဝတည်ရှိခြင်း၊မရှိခြင်းကို ဆွေးနွေးနေကြပြီး အောက်ဖော်ပြပါ အကြောင်းအရာတွေကို ဖတ်ရှုပြီး လေ့လာသုံးသပ်နိုင်အောင် တိုတောင်းပြီး ရိုးရှင်းတဲ့ အဖြေကို ရေးသားဖော်ပြလိုက်ရပါတယ်။

လူတွေပြောကြတဲ့ ဘာမြူဒါတြိဂံရဲ့လျှို့ဝှက်ဆန်းကြယ်မှု

ဘာမြူဒါတြိဂံရဲ့သမိုင်းကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အသွင်အပြင်အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတယ်လို့ မှတ်ယူလို့ရပါတယ်။

သို့​ပေမဲ့လည်း အငြင်းပွားမှုတွေဟာ ဆက်တိုက်ဆိုသလိုပဲ ကြီးထွားလာခဲ့ပါတယ်။ ၎င်းအကြောင်း နှစ်အနည်းငယ်တိုင်းဆိုသလိုပဲ ထွက်ပေါ်လာတက်ပါတယ်။

ဘာပဲပြောပြော ကျွမ်းကျင်သူတွေကတော့ နောက်ဆုံး ဘာမြူဒါတြိဂံရဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့တယ် ဟူသော စကားဖြင့်သာ အဆုံးသတ်ကြပါတယ်။

ကြောက်စရာကောင်းပြီး ဆန်းကြယ်တယ်လို့ ထင်ရပေမယ့် ဒီလျှို့ဝှက်ချက် တကယ်ရှိသလား ဒါမှမဟုတ် ဆန်းကြယ်တဲ့ အရာတစ်ခုကို ယုံကြည်ချင်သူတွေရဲ့ ထင်ကြေးပေးရုံသက်သက်လားဆိုတာ မသိရှိသေးပါဘူး။

လူအများစုကတော့ တစ်ခါတလေမှာ လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်တဲ့ အရာတွေကို တွေးတောတတ်တာမျိုးကို ကြိုက်နှစ် သက်​ကြပါတယ်။

တစ်ခါတစ်ရံ ဘာမြူဒါတြိဂံမှာ ဖြစ်ပျက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာမှန်သမျှကို ထူးဆန်းတဲ့ ဓာတ်ပုံများဖြင့် တွဲလျက် ပြောတတ်ကြပါတယ်။

Image: Courtesy of Wiki Commons

တစ်ခါတစ်ရံ အမည်မသိ စွမ်းအားတစ်ခုလို ကွဲထွက်သွားတဲ့ တိမ်ပုံစံတွေလည်းရှိပြီး တစ်ခါတစ်ရံ လျှို့ဝှက်ဆန်းကြယ်တဲ့လှိုင်းလုံးကြီးတွေက ဝင်ရောက်လာတဲ့အရာမှန်သမျှကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသလဲဆိုတာကို မသိရဘူးဆိုတဲ့ ဇာတ်လမ်းတွေကိုလည်း ကြားသိရပါတယ်။

တကယ်တော့ ဒီအရာတွေဟာ လက်တွေ့နှင့် မသက်ဆိုင်တဲ့ သာမာန်ပုံကြမ်းမျှသာ ဖြစ်ကြပါတယ်။

ဒီပုံကြမ်းတွေကြောင့်တော့ ဘာမြူဒါတြိဂံကို အမှန်တကယ် တည်ရှိတယ်လို့ မဆိုနိုင်ပါဘူး။

ယေဘုယျအားဖြင့် ၎င်းဟာ တြိဂံပုံသဏ္ဍာန်ရှိတဲ့ သမုဒ္ဒရာရဲ့ အပိုင်းတစ်ပိုင်း မျှသာဖြစ်ပြီး ၎င်းဟာ ဖလော်ရီဒါ (USA)၊ ဘာမြူဒါနှင့် ပွာတိုရီကိုပြည်နယ်တို့နှင့် ထိစပ်နေပါတယ်။

ဘာမြူဒါတြိဂံ တည်ရှိနေတဲ့ ဧရိယာအကြောင်း

၎င်းဧရိယာမှာ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတစ်ခု ရှိသလား သို့မဟုတ် လူသားစိတ်ကူးစိတ်သန်းရဲ့ ကန့်သတ်ချက်အချို့အတွင်း ပုံဖော်နေကြသလားဆိုတာ မေးခွန်းတစ်ခုဖြစ်လာပါတယ်။

တကယ်တော့ သမုဒ္ဒရာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ၎င်းဧရိယာဟာ ကြောက်ရမည့်အရာ လုံးဝ မဟုတ်ပါဘူး။

ဒါ့အပြင် အဆိုပါ ဧရိယာဟာ အမှန်တကယ် ဆန်းကြယ်ပြီး ရှင်းပြ၍မရသော ပျောက်ဆုံးမှုများလည်း မရှိပါဘူး။

ထိုနေရာတွင် ပုံမှန်ပျောက်ကွယ်သွားပြီးနောက် “နက်နဲသောအရာ” နှင့် နားမလည်နိုင်တဲ့ စကားလုံးများဖြင့် အသေးစိတ် ဖော်ပြ ထားတဲ့အတွက်ကြောင့် သေချာမသိရှိတဲ့ လူတွေအတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ပုဒ် ဖြစ်လာပါတယ်။

ဘာမြူဒါတြိဂံအကြောင်း ဘယ်တုန်းက ပေါ်ပေါက်လာတာလဲ

ဘာမြူဒါတြိဂံအကြောင်း ပထမဦးဆုံးအကြိမ်အဖြစ် ၁၉၅၀ ခုနှစ်များအတွင်းသာ ပြောဆိုခဲ့​ကြသော်လည်း သတင်းထောက် Edward van Winkle Jones က အဆိုပါဒေသမှာ မကြာခဏဆိုသလို ထူးဆန်းပြီး ပျောက်ဆုံးသွားတဲ့ သင်္ဘော​တွေနှင့်

လေယာဉ်​တွေအကြောင်း Associated Press မှာ ဆောင်းပါးတစ်ပုဒ်ရေးပြီးနောက်ပိုင်း နှစ်အတန်ကြာမှ ဆက်လက်ပြီး စ တင် ပြောဆိုလာခဲ့ကြတာပဲ ဖြစ်ပါတယ်။

1970 ခုနှစ်များအတွင်း Charles Berlitz မှ အရောင်းရဆုံး “ဘာမြူဒါတြိဂံ” ကို ထုတ်ဝေတဲ့ နှစ်တွေမှာဆိုရင် ဘာမြူဒါတြိဂံနဲ့ ပတ်သတ်တဲ့ အယူအဆ ပြောဆိုမှုတွေဟာ ရေပန်းစားလာခဲ့ပါတယ်။

ဒီနေရာနဲ့ပတ်သက်တဲ့ ဒေသရှိလူတွေ၊ ​ရေပြင်မှာ ဖြစ်ပျက်နေတယ်ဟု ထင်ရတဲ့ နက်နဲမှုတွေ၊ ရုတ်တရက် လေပြင်း တိုက် ခတ်မှုတွေ နှင့်အခြား လျှို့ဝှက် ဆန်းကြယ်တဲ့ ပဟေဋိ ဆန်ဆန် အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် ရေးသားထားပါတယ်။

သင်္ဘောတွေကို ဝါးမြိုပစ်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး တစ်ခုတည်းသော ပြဿနာက သမိုင်းဝင်လိုလို၊ ဖန်တီး ပြောဆိုခြင်း သို့မဟုတ် ဘာမြူဒါတြိဂံရဲ့အပြင်ဘက်တွင်သာ ဖြစ်ပျက်ခဲ့တဲ့ အချက်အလက်များစွာကို ချဲ့ကားဖော်ပြခြင်းတွေပဲ ဖြစ်ပါတယ်။

ဘာမြူဒါတြိဂံအကြောင်း ဘာကြောင့် ဒီလောက်ပြောနေရတာလဲ

ဘာပဲပြောပြော ဘာမြူဒါတြိဂံအကြောင်း ဇာတ်လမ်းတွေဟာ မမှန်ကန်ဘဲ လူ့အဖွဲ့အစည်းမှာ အမြစ်စွဲနေပါတယ်။

အဓိကအားဖြင့် လူမှုကွန်ယက်ပေါ်က တီထွင်ချဲ့ကား ပြောဆိုသူတွေဟာ အချို့သော သူတွေရဲ့ နားမလည်နိုင်တဲ့ အကြောင်း အရာကို လေ့လာလိုစိတ်နှင့် အခြားသူတွေရဲ့ စိတ်ဆန္ဒအပေါ် ငွေရှာလိုတဲ့ ဆန္ဒနှင့် ကျော်ကြားလာစေဖို့က အဓိက ဖြစ်နေပါတယ်။

ဒါ့ကြောင့် ၎င်းတို့ဟာ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်များရဲ့ ပုံစံ​တွေအပေါ် တုပပြီး သမိုင်းဆိုင်ရာအချက်အလက်တွေကို ကိုးကားပြောဆိုကြပါတယ်။ ဒီအကြောင်းကို သိသူနည်းလေလေ၊ လွယ်လေလေပါပဲ။

ရေနံတင်သင်္ဘောကြီးတစ်စင်း ရေနံအမြောက်အမြား ယိုဖိတ်မှုတွေ သို့မဟုတ် Costa Concordia အပျော်စီး သင်္ဘော ပျက် စီးမှုတွေကတော့ လူသိများပါတယ်။

Costa Concordia

Costa Concordia အကြောင်း လူတော်တော်များများ သိကြသော်လည်း ပင်လယ်ပြင်ရှိ အခြားသော အဖြစ်အပျက်​တွေအကြောင်းဆိုရင် ဘယ်လိုလဲ ဆိုပြီး မေးခွန်းထုတ်နိုင်ပါတယ်။

လူသိများတဲ့ အမေရိကန်စာရေးဆရာနှင့် သုတေသီ Benjamin Radford က ဘာမြူဒါတြိဂံမှာ ဖြစ်ပွားတဲ့ ကိစ္စရပ်​​​တွေနှင့် ပတ်သက်ပြီးထင်မြင်ချက်အချို့ကို ထုတ်ဖော်ခဲ့ပါတယ်။

အချို့ကိစ္စတွေမှာ သင်္ဘော​တွေနှင့် လေယာဉ်​တွေအကြောင်း မှတ်တမ်းမရှိပဲ တြိဂံပုံသင်္ချိုင်းရေပြင်မှာ ပျောက်ဆုံးသွားတယ်ဟု စွပ်စွဲကြပါတယ်။

ပျောက်ဆုံးသွားတဲ့အရာတွေက ပြန်လည်တွေ့ရှိတာ မရှိသလောက်ရှားပါတယ်။ အခြားကိစ္စရပ်တွေမှာဆိုရင် သင်္ဘော​တွေနှင့် လေယာဉ်တွေရဲ့ ပျက်ကျမှုအသေးစိတ်ကို ချန်လှပ်ထားခဲ့ကြပါတယ်။

အထူးသဖြင့် ပြင်းထန်တွေ မုန်တိုင်းများအတွင်း အသက်ဆုံးရှုံးပျက်စီးမှု​တွေ၊ အခြားကိစ္စရပ်တွေကတော့ ယေဘုယျအားဖြင့် ဘာမြူဒါတြိဂံအပြင်ဘက်မှာပဲ နစ်မြုပ်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဘာမြူဒါတြိဂံမှာ သင်္ဘောတွေ ဘာကြောင့် ဆုံးရှုံးခဲ့ရတာလဲ

အမှန်တကယ်တော့ ဒေသတွင်းမှာလည်း ပျောက်ဆုံးသွားတဲ့ လှေတွေနဲ့ သင်္ဘောတချို့ ရှိနေပါတယ်။

သို့သော် ရေနံတင်သင်္ဘော​​​တွေ၊ အပျော်စီးသင်္ဘောငယ်​တွေ နှင့် လေယာဉ်မျိုးစုံ (ပုဂ္ဂလိကအပါအဝင်) တို့မှ မကြာခဏလာရောက်လည်ပတ်တာကို တွေ့ရပါတယ်။

ဒါ့အပြင် ဒေသ ရှုထောင့်မှ ကြည့်မယ်ဆိုရင် အလွန် အန္တရာယ်များပြီး အရေးအကြီးဆုံး အချက်ကတော့ ပင်လယ်ကွေ့​မှ ရေစီး ကြောင်း ပဲ ဖြစ်ပါတယ်။

နောက်တခုကတော့ ဘာမြူဒါဝန်းကျင်ရှိ သမုဒ္ဒရာထဲတွင် ပင်လယ်ဟု သတ်မှတ်ထားသည့် Sargasso ပင်လယ် ဖြစ်ပြီး အ ဆိုပါ ပင်လယ်ထဲမှာ ရေညှိတွေ တန်ချိန် သန်းပေါင်း သောင်းနှင့်ချီပြီး စုစည်းနေပါတယ်။

Sargasso ပင်လယ် အကြောင်းကိုတော့ “ထူးဆန်းသည့် ဘာမြူဒါတြိဂံ အနီးမှ သမုဒ္ဒရာအတွင်းက ပင်လယ်တခုဖြစ်တဲ့ Sargasso ပင်လယ် အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘာမြူဒါတြိဂံရဲ့ လျှို့ဝှက်ဆန်းကြယ်မှုမှာ မရေရာတဲ့ အပြောအဆိုများသာ ဖြစ်ကြပါတယ်။

တကယ်တော့ ဘာမြူဒါတြိဂံအကြောင်း ကျွန်ုပ်တို့ ပြောနိုင်တာတစ်ခုက ယေဘုယျအားဖြင့် ၎င်းဟာ ထူးထူးခြားခြားဆန်းကျယ်နေတာ မဟုတ်ပဲ သဘာဝ နှင့် သမုဒ္ဒရာရဲ့အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်တယ် ဆိုတာပါပဲ။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.