အိုက်စလန်ရဲ့ ရေခဲမြစ်တွေ အရည်ပျော်မှုကို နှေးကွေးစေတဲ့ ‘Blue Blob’ တွေအကြောင်း

News Science

မြောက်အတ္တလန္တိတ် သမုဒ္ဒရာရဲ့ လျှို့ဝှက် ဆန်းကြယ်ပြီး ပုံမှန်မဟုတ်ဘဲ ပိုအေးနေတဲ့ ရေနေရာ တခုဟာ ရာသီဥတု ဖောက် ပြန်ခြင်းရဲ့ သက်ရောက်မှုတွေကို တွန်းလှန်နေပါတယ်။

“Blue Blob” ဟာ အာတိတ်ဒေသရှိ ပုံမှန်မဟုတ်ပဲ အေးမြနေတဲ့ ရေကွက်လပ် တစ်ခု ဖြစ်ပြီး ၎င်းဟာ အိုက်စလန်ရဲ့ ရေခဲ မြစ်တွေ အရည်ပျော်နှုန်းကို ထက်ဝက်ခန့် လျှော့ချနိုင်တာကို တွေ့ခဲ့ရပါတယ်။

လေ့လာမှုအသစ်တစ်ခုက အပူချိန်မရှိပါက ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေ နည်းပါးမှာဖြစ်ပြီး ရေခဲမြစ်တွေ အရည်ပျော်မှုကို ထိန်းသိမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Blue Blob ဟာ Iceland နှင့် Greenland ရဲ့တောင်ဘက်မှ ာရှိတဲ့ မြောက်အတ္တလန္တိတ် သမုဒ္ဒရာရဲ့ သတ်မှတ်မထားတဲ့ ဧရိယာ တစ်ခု ဖြစ်ပါတယ်။

၎င်းရဲ့ အအေးဆုံးအချိန်ဖြစ်တဲ့ 2015 ခုနှစ်တုန်းက Blue Blob ဟာ ပတ်ဝန်းကျင်ရေထက် 2.5 ဒီဂရီဖာရင်ဟိုက် ပိုအေးတယ်ဟု သိရပါတယ်။

Blue Blob မပေါ်ပေါက်မီက Iceland ရဲ့ ရေခဲမြစ်တွေဟာ အရည်ပျော်မှုကြောင့် နှစ်စဉ် 11 Gigatons အထိ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ရေခဲများ ဆုံးရှုံးနေပါတယ်။

သို့သော်လည်း 2011 ခုနှစ်မှာ သဘာဝမှဖြစ်ပေါ်လာတဲ့ အေးမြမှု ပေါ်ပေါက်လာပြီးနောက် အဆိုပါ နှုန်းကနေ တစ်နှစ်ကို 5 Gigaton အထိ အနည်းငယ် လျော့သွားပါတယ်။

ဇန်နဝါရီလ 24 ရက်နေ့ထုတ် ဘူမိရူပဗေဒ သုတေသန စာတမ်းမှာ သုတေသီတွေက Blue Blob ဟာ ရေခဲမြစ်တွေ အရည်ပျော်မှုကို ဘယ်လောက်ကြာအောင် ဆက်လက်လုပ်ဆောင်နိုင်သလဲဆိုတာကို ခန့်မှန်းဖို့ ရာသီဥတုပုံစံတွေကို အကြမ်းဖျင်းအားဖြင့် အသုံးပြုလေ့လာခဲ့ကြပါတယ်။

Blue Blob ဟာ မြင့်တက်လာတဲ့ အပူချိန်ကို ကျော်လွှားနိုင်ပြီး အနီးနားရှိ ဂရင်းလန်းနှင့် နော်ဝေကျွန်းစု Svalbard တွေမှာ 2050 ခုနှစ် အလယ်ပိုင်းလောက်မှာ တွေ့ရမည့် လျင်မြန်တဲ့ အရည်ပျော်မှုနှုန်းကို ထိန်းသိမ်းနိုင်မှာ ဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

အာတိတ်ဒေသတစ်လျှောက်မှာရှိတဲ့ ခေတ်ရေစီးကြောင်းတွေရဲ့နားလည်မှုကို တိုးတက်စေတဲ့အတွက်ကြောင့် အဆိုပါ တွေ့ရှိမှုဟာ အရေးကြီးတယ်ဟု သုတေသီအများစုက ဆိုပါတယ်။

“အာတိတ်မှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဖြစ်ရပ်တွေကို ဖြစ်နိုင်ချေရှိတဲ့ တုံ့ပြန်ချက်တွေနဲ့ ထိန်းသိမ်းဖို့ အရမ်းအရေးကြီးပါတယ်၊

ဘာကြောင့်လဲဆိုတော့ ၎င်းဒေသတွေဟာ အရမ်းမြန်တဲ့ ပြောင်းလဲမှုတွေရှိတဲ့အတွက်ကြောင့် ဖြစ်တယ်” ဟု နယ်သာလန်နိုင်ငံ Utrecht တက္ကသိုလ်မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် Brice Noel က ဆိုပါတယ်။

လက်ရှိ အိုက်စလန်မှာ 193 စတုရန်းမိုင် (500 စတုရန်းကီလိုမီတာ) ထက်ကြီးတဲ့ အဓိကရေခဲပြင်​ကြီးလေးခု၊ 4 စတုရန်းမိုင် (10 စတုရန်းကီလိုမီတာ) ရှိတဲ့ သေးငယ်တဲ့ရေခဲထု 7 ခု နှင့် 4 စတုရန်းမိုင်ထက်သေးငယ်တဲ့ အခြားရေခဲပြင်ပေါင်း 250 ခန့်ရှိပါတယ်။

စုစုပေါင်း ကျွန်းနိုင်ငံရှိ ရေခဲထုထည်ဟာ ၈၁၆ ကုဗမိုင် (၃၄၀၀ ကုဗကီလိုမီတာ) ဝန်းကျင်ရှိပြီး အားလုံးအရည်ပျော်မယ်ဆိုရင် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို ၀.၃၅ လက်မ (၉ မီလီမီတာ) မြှင့်တက်လာမှာ ဖြစ်တယ် ဟု သုတေသီများက ဆိုပါတယ်။

ထိုကဲ့သို့ဖြစ်လာပါက ၎င်းဟာ နှစ်စဉ်ကျွန်ုပ်တို့ကြုံတွေ့နေရတဲ့ ကမ္ဘာ့ပင်လယ်ရေမြင့်တက်မှု သုံးဆခန့်နှင့် ညီမျှတယ် ဟု Smithsonian Institute ထံမှ သိရပါတယ်။

တကယ်တော့ ရေခဲတွေရဲ့ အရည်ပျော်နှုန်းဟာ ဆောင်းနှင်းကျမှုမှ ရရှိလာတဲ့ ရေခဲ​တွေ နှင့် နွေရာသီမှာ အရည်ပျော်ကျမှုမှ ဆုံးရှုံးသွားတဲ့ ရေခဲတွေကြား မျှတမှုအပေါ်မူတည်ပါတယ်။

သို့သော်လည်း Blue Blob ဟာ အလွန်အေးတဲ့အတွက်ကြောင့် ၎င်းအပေါ်မှ စီးဝင်လာတဲ့ လေထုရဲ့ အပူချိန်ကို လျော့ကျစေပြီး အိုက်စလန်ပတ်ဝန်းကျင်လေထုကို အေးမြစေပါတယ်။

နောက်ဆုံးပေါ် ရာသီဥတု ခန့်မှန်းမှု အချက်အလက်တွေ နှင့် ယခင် ဒေသန္တရ အပူချိန် ဖတ်ရှုခြင်းများကို နှိုင်းယှဥ်လေ့လာကြည့်တဲ့အခါမှာတော့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန်တွေ မြင့်တက်လာတာဟာ အိုက်စလန်ရဲ့ မျက်နှာပြင် ထုထည်အပေါ်ရှိ Blue Blob ရဲ့ ကာကွယ်မှုထက် ပိုနေကြောင်း အဖွဲ့က ထောက်ပြခဲ့ပါတယ်။

၂၁၀၀ ပြည့်နှစ်ရောက်ရင် အိုက်စလန်ရှိ ရေခဲမြစ်အားလုံးရဲ့ သုံးပုံတစ်ပုံဟာ ပျောက်ကွယ်သွားနိုင်ကြောင်း သုတေသီများက ခန့်မှန်းထားကြပြီး ၂၃၀၀ ပြည့်နှစ်ရောက်တဲ့အခါမှာတော့ နိုင်ငံအတွင်း ရေခဲမြစ်အားလုံး ကျန်ရှိတော့မှာမဟုတ်ကြောင်း သုတေသီများက ဆိုပါတယ်။

သိပ္ပံပညာရှင်တွေကတော့ Blue Blob ဟာ ပတ်ဝန်းကျင်ရေတွေထက် ဘာလို့ အေးစက်နေသလဲ ဆိုတာကိုတော့ အသေ အချာမသိကြသေးပါဘူး။

အချို့သော သုတေသီတွေကတော့ ၎င်းဟာ သဘာဝ ကွဲပြားမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဟု ယူဆကြပြီး နက်ရှိုင်းတဲ့ ပင်လယ်မှ ရေအေးများ စုပုံလာမှုကနေ ဖြစ်ပေါ်လာတယ်ဟု ဆိုကြပါတယ်။

Blue Blob အနေနဲ့လည်း Iceland ပေါ်ရှိ ၎င်းရဲ့ အေးမြတဲ့ အကျိုးသက်ရောက်မှုဟာ ထာဝရ တည်တံ့မှာမဟုတ်တဲ့ အပြင် ရာသီဥတုဖောက်ပြန်မှုကိုလည်း အပြည့်အဝ ကာကွယ်ထိန်းသိမ်းနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ အိုက်စလန်ရှိ ရေခဲမြစ်တွေအားလုံးဟာ လုံးဝပျောက်ကွယ်သွားတော့မှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *