ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး လောင်နေတဲ့မီး အကြောင်း

Knowledge Nature

အဆိုပါ မီးဟာ အနည်းဆုံး နှစ်ပေါင်း 5,500 တောက်လောင်ခဲ့တာပဲ ဖြစ်ပါတယ်။

အစောပိုင်း လူသားတွေဟာ မီးကို အသုံးပြုပုံကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သန်းခန့်က ရှာဖွေတွေ့ရှိခဲ့ပြီး လူ့ယဉ်ကျေးမှုနှင့် အရင်းအမြစ်များကြားမှာ တည်မြဲတဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ခဲ့​​ကြပါတယ်။

ယနေ့ကျွန်ုပ်တို့ရဲ့ နေ့စဉ် ဘဝတွေမှာ အသုံးပြုတဲ့ ဖယောင်းတိုင်မီး ကဲ့သိုသော မီးတောက် အများစုဟာ ခဏတ​ဖြုတ်မျှသာ ဖြစ်ပါတယ်။

သို့သော် ကမ္ဘာတစ်ဝှမ်းမှာဆိုရင် အမျိုးမျိုးသော ရှင်သန်နေတဲ့ မီးတောက်တွေဟာ ရာစုနှစ်ပေါင်းများစွာ သို့မဟုတ် ထောင်စုနှစ်များစွာကထဲက ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဆို ဒီမီးတွေထဲမှာ စံချိန်တင် အရှည်ဆုံး လောင်ကျွမ်းခဲ့တဲ့ မီးက ဘာလဲ။

မီးရဲ့အလယ်အူတိုင်မှာဆိုရင် လောင်စာ၊ အောက်ဆီဂျင်နှင့် အပူရင်းမြစ် သုံးခုပါရှိပါတယ်။

မီးလောင်လွယ်တဲ့ မည်သည့်အရာမဆို သစ်သားမှ အစ ဓာတ်ဆီ အထိ လောင်စာအဖြစ် လုပ်ဆောင်နိုင်ပါတယ်။

အောက်ဆီဂျင်ပမာဏ မှန်ကန်စွာဖြင့်၊ အပူရင်းမြစ်ဟာ အဆိုပါပစ္စည်းတွေကို လောင်ကျွမ်းစေတဲ့ လောင်ကျွမ်းမှုတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

သီအိုရီအရ အချက် သုံးချက် စလုံး မကုန်ခန်း သွားပါက မီးဟာ ထာဝရ တည်မြဲနိုင်တယ် လို့ သြစတြေးလျ နိုင်ငံ Sydney တက္ကသိုလ် မှ မီးသတ်ဂေဟဗေဒဆိုင်ရာ တွဲဖက်ပါမောက္ခ Tina Bell က ပြောကြားခဲ့ပါတယ်။

ဩစတေးလျအရှေ့ပိုင်းမှာ အဆိုပါ အစိတ်အပိုင်း သုံးမျိုးစလုံးဟာ သမိုင်းမတင်မီ အချိန်ကတည်းက အားကောင်းလာပြီး ကမ္ဘာပေါ်တွင် အကြာရှည်ဆုံးလူသိများတဲ့ မီးအဖြစ် New South Wales ရှိ Wingen တောင်အောက်တွင် အနည်းဆုံး နှစ်ပေါင်း 5,500 မီးလောင်ခဲ့တဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပါတယ်။

အချို့ဘူမိဗေဒပညာရှင်တွေကတော့ သက်တမ်း 500,000 အထိ ရှိနိုင်တယ်ဟု သံသယရှိနေကြပါတယ်။

New South Wales အမျိုးသားဥယျာဉ်နှင့် တောရိုင်းတိရစ္ဆာန်ဝန်ဆောင်မှုရဲ့ ပြောကြားချက်အရ Burning Mountain ဟု အမည်ပေးထားတဲ့ အဆိုပါတောင်ဟာ ဆာလ်ဖာမီးခိုးတွေဟာ တဟုန်းဟုန်းတောက်နေတဲ့ မြေအောက်မီးမှ တက်လာပြီး အပေါက်များမှတစ်ဆင့် မျက်နှာပြင်ပေါ်သို့ ထွက်လာပါတယ်။

၎င်းအပူရှိန်ဟာ အနီးနားရှိ မြေဆီလွှာကို မီးဖုတ်ပြီး အနီရောင်ဖြစ်စေကာ သဘာဝဘေးမဲ့တောရဲ့ ၅၃,၈၀၀ စတုရန်းပေ (၀.၅ ဟက်တာ) ဝန်းကျင်မှ သစ်ပင်တွေကို ခြောက်သွေ့စေပါတယ်။

Burning Mountain ဟာဆိုရင် ရာစုနှစ်ပေါင်း များစွာ ဌာနေ ဒဏ္ဍာရီများနှင့် ဒေသခံ ရိုးရာ ပုံပြင်များဖြင့် ပြည့်နှက် နေပါတယ်။

Burning Mountain Image: Courtesy of Pexels/Sippakorn Yamkasikorn

The Sydney Morning Herald အရ အစောပိုင်း ဥရောပမှ နေထိုင်သူများဟာ ၎င်းကို မီးတောင် ဟုပင် ခေါ်ဝေါ်ခဲ့ကြပါတယ်။

Burning Mountain ဟာ ဩစတေးလျ အရှေ့ပိုင်းတစ်ခွင်တွင် ဖြန့်ကျက်ထားတဲ့ ကျောက်မီးသွေးကျော များစွာထဲမှ တစ်ခုဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားပါတယ်။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာထဲက လောင်ကျွမ်းနေတာဖြစ်ပြီး အက်ကြောင်းတွေမှ တဆင့် ကမ္ဘာမြေ မျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာခဲ့တယ်ဟု ဆိုပါတယ်။

ထိုအချိန်မှစ၍ လောင်ကျွမ်းနေတဲ့ မီးဟာ တစ်နှစ်လျှင် ၃ ပေ (၁ မီတာ) နှုန်းဖြင့် တဖြည်းဖြည်း လောင်ကျွမ်းနေတာဖြစ်ပြီး ယခုအခါ မြေအောက် ပေ 100 (30 မီတာ) နီးပါးရှိမည်ဟု ခန့်မှန်းရပြီး ရပ်တန့်နေတဲ့ အရိပ်အယောင် မတွေ့ရပါဘူး။

တကယ်လို့ အဆိုပါ လောင်ကျွမ်းမှုက ပြဿနာမဖြစ်စေဘဲ၊ ဒါဟာ ကြီးမားတဲ့ စီးပွားရေးအရ အရေးပါတဲ့ ကျောက်မီးသွေး မီးလောင်မှုမဟုတ်ရင် ဆက်လက်ပြီး လောင်ကျွမ်းနေမှာဖြစ်တယ်ဟု Bill က ဆိုပါတယ်။

Image: Courtesy of Tripadvisor

သြစတြေးလျရဲ့ တစ်ခုတည်းသော သဘာဝအတိုင်း လောင်ကျွမ်းနေတဲ့ ကျောက်မီးသွေး ကျောရိုး ဖြစ်တဲ့အတွက်ကြောင့် Burning Mountain ဟာ ကမ္ဘာတစ်ဝှမ်းရှိ ထောင်နှင့်ချီသော ကျောက်မီးသွေးမီးများထဲမှ တစ်ခုကို ကိုယ်စားပြုပါတယ်။

U.S. Geological Survey မှထုတ်ဝေတဲ့ 2009 ခုနှစ်လေ့လာမှုတစ်ခုအရ အဆိုပါ မီးလောင်ကျွမ်းမှုဟာ အဆိပ်သင့်လေထုညစ်ညမ်းမှုကို စွန့်ထုတ်ပြီး ပြန်လည်ပြုပြင်ရေး ပရောဂျက်တွေမှာ ဒေါ်လာ 1 ဘီလီယံကျော်ကုန်ကျကာ အဆိုပါ ကုန်ကျစ ရိတ်ရဲ့ 90% ခန့်က Pennsylvania နှင့် West Virginia ပြည်နယ်နှစ်ခုနဲ့ သက်ဆိုင်တယ်ဟု ဆိုပါတယ်။

Burning Mountain ဟာ သဘာဝအလျောက် လောင်ကျွမ်းဖြစ်ပေါ်လာတာဖြစ်ပြီး အခြားသော ကျောက်မီးသွေး မီးတွေကတော့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် လောင်ကျွမ်းနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ရာနှင့်ချီတဲ့ ကျောက်မီးသွေး မီးလောင်ကျွမ်းမှုအချို့ဟာ လွန်ခဲ့သော ရာစုနှစ်တစ်ခုကျော်ထဲက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်စဉ် ကျောက်မီးသွေး တန်ချိန် သန်း ၂၀ ကျော်အထိ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.