ကားပြတင်းပေါက် အပေါ်မှ လက်ကိုင်ကွင်းများ အကြောင်း

Knowledge Tech

ကားတံခါးပေါက် အပေါ် ကပ်လျက်မှာ လက်ကိုင်ကွင်းတွေ ပါတတ်တာကို အနည်းနဲ့ အများတော့ သတိထားမိကြမယ် ထင်ပါတယ်။

တယောက်ယောက်က ကားကို အရှိန်နှင့် မောင်းတဲ့အခါ မှာ လိုက်ပါသူက အဆိုပါ လက်ကိုင်ကွင်းတွေကို အသုံးပြုလေ့ ရှိကြသလို အကွေ့ တွေမှာလည်း ဟန်ချက် ထိန်းဖို့ရာ သုံးလေ့ရှိကြပါတယ်။

ဒါဟာ ကားတံခါး ဘေးတွေမှာ ပါဝင်တဲ့ armrest လို လက်တင်တဲ့ နေရာ နဲ့ ခါးပတ်တွေလို ဟိုးအရင်ကတည်းက ကားတွေမှာ ပါလာတတ်တဲ့ features တခု ဖြစ်ပါတယ်။

ဒီ လက်ကိုင်ကွင်းတွေဟာ ယနေ့ခေတ် အချို့ ကားတွေမှာ ပါဝင်နေဆဲဖြစ်ပြီး ယာဉ်မောင်းရဲ့ ဘေးမှာတော့ တခါတလေ မပါတတ်ပါဘူး။

Image: Courtesy of Renault

လက်ကိုင်ကွင်းတွေရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မေးခွန်းထုတ်စရာ တခုဖြစ်လာတဲ့ အတွက် အဆိုပါ ကွင်းတွေ အ ကြောင်းကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။

နည်းပညာ ဝက်ဘ်ဆိုက် တခုဖြစ်တဲ့ Technology org ၏ ရှင်းပြချက်အရ ဒီကွင်းများဟာ လူတွေ အပြင်မှ အဝင် အထွက် အတွက် တပ်ထားတာလို့ ဆိုပါတယ်။

ဥပမာအားဖြင့် သင်ဟာ ကားကြီး တစင်း အတွင်းကို ဝင်ပါက ကားပေါ်သို့ ခုန်တက်စရာ မလိုဘဲ ကွင်းကို ကိုင်ပြီး ပင့်တင်ကာ တက်လို့ ရမှာ ဖြစ်ပါတယ်။

ကားသေးတွေ အတွက်ကတော့ အဲဒီ့အနေအထားနဲ့ ပြောင်းပြန် ဖြစ်နေတဲ့အတွက် အခြား ရည်ရွယ်ချက်တွေ ရှိပါတယ်။

၂၀၀၀ ခုနှစ် ထုတ် Mercury Monterey Image: Courtesy of Wiki Commons

လက်ကိုင်ကွင်းများဟာ အထူးသဖြင့် မသန်စွမ်းသူများ၊ အသက်ကြီးသူများနှင့် ကိုယ်ဝန်ဆောင်များအတွက် များစွာ အသုံးဝင်ကြပါတယ်။

Ford မော်တော်ကား ကုမ္ပဏီရဲ့ အင်ဂျင်နီယာ တယောက်ဖြစ်တဲ့ Jared Glaspell ဟာ Mercury Monterey အသေးစားဗင်ကားကို ဒီဇိုင်း ဆွဲနေစဉ်မှာ ကိုယ်ဝန်ဆောင်များ အတွက် ကားကို သက်တောင့်သက်သာ ဖြစ်စေရန် ဖန်တီး ပေးခဲ့ပါသေးတယ်။

ယာဉ်မောင်းနေရာတွင် လက်ကိုင်ကွင်းများ မပါရတဲ့ အကြောင်း

အချို့ကားများမှာတော့ ယာဉ်မောင်းနေရာ၏ ဘေးတွင် အဆိုပါ လက်ကိုင်ကွင်းများ ပါလေ့ မရှိကြပါဘူး။ ဒါ့အတွက် အ ကြောင်းအရင်း အချို့တော့ ရှိပါတယ်။

Image: Courtesy of Renault

Nodum org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ယာဉ်မောင်းများအတွက် စတီယာရင်များကို လက်ကိုင်ကွင်းလို အ သုံးပြုနိုင်သလို လက်ကိုင်ကို အသုံးပြုပါက လူကို ပေါ်ကို မြင့်သွား သို့မဟုတ် နိမ့်သွားစေတဲ့အတွက် လမ်းကြောင်းကို ပိတ်ဆို့သွားနိုင်ပါတယ်။

ဒါ့အပြင် ယာဉ်မောင်းဟာ စတီယာရင်ကို ကိုင်ရင်းနှင့် အခြားတဖက်က လက်ကိုင်ကွင်းကို အသုံးပြုခြင်းဟာ ဘေးကင်း လုံခြုံမှုကို လျော့ကျစေပါတယ်။

ကုမ္ပဏီ အချို့က အဆိုပါကွင်းများကို ဖြုတ်ပစ်ချင်ရတဲ့ အကြောင်း

ဒီကွင်းတွေဟာ လုံးဝ မမြင်ရတော့မှာ မဟုတ်ပေမယ့် ၎င်းတို့ကို ကုမ္ပဏီများက ဖြုတ်ပစ်လိုရတဲ့ အကြောင်းအရင်းတွေတော့ ရှိပါတယ်။

အဲဒီ့အထဲက အဓိက အကြောင်းအရင်းကတော့ ဘေးဘက် လေအိတ်များနှင့် ဆက်နွယ်နေတာပါ။

အဆင့်မြင့်မားလာတဲ့ လုံခြုံရေး နည်းပညာများနှင့် လေအိတ်စနစ်များကြောင့် နောက်ပိုင်းမှာတော့ ယခုလို လက်ကိုင်ကွင်းတွေကို မြင်ရဖို့ အခွင့်အလမ်း တဖြည်းဖြည်း နည်းလာတော့မှာ ဖြစ်ပါတယ်။

အတိုချုပ်အားဖြင့် လက်ကိုင်ကွင်းများဟာ ကားထဲသို့ အဝင်အထွက် ပြုလုပ်ရာတွင် အဆင်ပြေ လွယ်ကူစေရန် ရည်ရွယ် ချက်ဖြင့် တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။

သင်က ယာဉ်မောင်းဖြစ်ပြီးတော့ သင်နှင့်အတူ လိုက်လာတဲ့ တယောက်ယောက်က လက်ကိုင်ကွင်းကို မလွှတ်တော့ဘူး ဆို ရင်တော့ သင့်အနေနဲ့ အရှိန်လျှော့ဖို့ လိုနေပါပြီ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.