သင့်ကြောင်၏ ချစ်စဖွယ် အင်္ဂါရပ်များ နောက်ကွယ်မှ သိပ္ပံနည်းကျ တွေ့ရှိမှုများ

Knowledge Nature

ကြောင်တွေဟာ မျိုးစိတ်အမျိုးမျိုးဖြင့် ပေါက်ဖွားလာကြသော်လည်း သူတို့ရဲ့ နှာခေါင်းတွေ၊ ခြေဖဝါးတွေနှင့် အခြားအင်္ဂါရပ်တွေဟာ သူတို့အားလုံးကို တူညီစေပါတယ်။

သင်ဟာ ကြောင် ချစ်မြတ်နိုးသူ တစ်ယောက် ဖြစ်ပါက သင်၏ ကြောင်မိတ်ဆွေရဲ့ ခြေဖဝါးလေးကစလို့ ပန်းနုရောင်နှာခေါင်းသေးသေးလေးတွေအထိ အစိတ်အပိုင်းတိုင်းဟာ ချစ်စဖွယ်ကောင်းတယ်လို့ တွေးမိမှာပါ။

ဒါပေမယ့် သူတို့ရဲ့ အမွေးထူတဲ့နားရွက်နဲ့ ချစ်စရာပါးသိုင်းမွှေးတွေအကြောင်း ကျွန်တော်ပြောနေချိန်မှာ ဒီအစိတ်အပိုင်းတွေ အားလုံးဟာ ပထမဆုံး ဖြတ်ခနဲ ကြည့်မိလိုက်တဲ့ အကြည့်တစ်ချက်မှာပင် သတိမပြုမိနိုင်တဲ့ ထူးခြားတဲ့ရည်ရွယ်ချက်ကို လုပ်ဆောင်ပေးနေပါတယ်။

နားရွက်များ

ကြောင်တွေဟာ တကယ်တော့ မွေးကင်းစမှာ နားလေးပါတယ်။ သူတို့ရဲ့ နားပေါက်တွေက တစ်ပတ်လောက် ကြာတဲ့အထိ မပွင့်ပါဘူး။

ကြောင်လေးတွေရဲ့ နားတွေမှာအသံကို အတိအကျ သိရှိနိုင်စေရန် သူတို့ရဲ့ နားရွက်​တွေကို ၁၈၀ ဒီဂရီ လှည့်ပတ်နိုင်သည့် ကြွက်သား ၃၂ ခုပါရှိပါတယ်။

ခွေးလေးတွေဟာ သူတို့ရဲ့ အကြားအာရုံအတွက် ကျော်ကြားသော်လည်း တကယ်တော့ ကြောင်လေးတွေရဲ့ အကြားအာရုံဟာ ပိုမိုမြင့်မားသော အသံတွေကို ခွဲခြားနိုင်ပြီး အသံ ကွဲလွဲမှုတွေကိုပင် သိရှိနိုင်တာကြောင့် ပိုပြီးတော့ ကောင်းမွန်ပါတယ်။

သို့သော် ဒီအလွန်ကောင်းမွန်တဲ့ အကြားအာရုံ ရှိသော်လည်း သင့်ကြောင်လေးဟာ သင်ခေါ်သည့်အခါ လာနိုင်ချင်မှာ လာပါလိမ့်မယ်။

ကြောင်တွေရဲ့ နားအတွင်းထဲမှာရှိတဲ့ အာရုံခံ ယန္တရားက သူ့ရဲ့ခန္ဓာကိုယ်အနေအထား ဟန်ချက်နှင့် မည်သည့်လမ်းက ကောင်းလည်းဆိုတာ အမြဲတမ်းသိစေနိုင်ရန် ပတ်ဝန်းကျင်နယ်ပယ်ကို ရင်းနှီးစေခြင်းအဖြစ် လုပ်ဆောင်ပါတယ်။

အဲ့တာက ကြောင်တွေအတွက် (အမြဲတမ်းလိုလို) အကျ ကောင်းစေတဲ့အရာပဲ ဖြစ်ပါတယ်။

မျက်လုံးများ

(ကြောင်တွေမှာ အမဲလိုက်ရာတွင် အထောက်အကူ ဖြစ်စေသော အလွန်ကောင်းတဲ့ အမြင်အာရုံရှိပြီး အထူးသဖြင့် အဝေးမှ အရာဝတ္ထုတွေကို ကောင်းစွာမြင်နိုင်ပါတယ်။

ကြောင်တွေဟာ သူတို့ရဲ့ မျက်လုံးတွေမှာ အလင်းကို ပိုထောက်လှမ်းနိုင်စေနိုင်တဲ့ အချောင်းတွေ ကျွန်တော်တို့ထက် ပိုမိုပါရှိပြီး သူတို့မျက်လုံးထဲမှာ tapetum lucidum လို့ ခေါ်တဲ့ တစ်သျှူး အလွှာတွေ ရှိနေတာကြောင့် ကျွန်တော်တို့ မြင်နိုင်သော အလင်းရောင်ရဲ့ ခြောက်ပုံတစ်ပုံတွင် ကောင်းစွာမြင်နိုင်ပါတယ်။

ဤအလွှာဟာ မျက်လုံးအတွင်းမှ အလင်းရောင်ကို ရောင်ပြန်ဟပ်ပြီး အမှောင်ထဲတွင် ကြောင်မျက်လုံးတွေကို အရောင်တောက်ပစေပါတယ်။

ကြောင်မျက်လုံးတွေမှာ ဒေါင်လိုက် မျက်ဆံတွေ ပါရှိပြီး မျက်စိသူငယ်အိမ်ပုံသဏ္ဍာန်က မျက်ဆံအား ကျွန်တော်တို့မှာရှိတဲ့ မျက်ဆံအဝိုင်းတွေထက် အရွယ်အစားကို ပိုမိုမြန်ဆန်စွာ ပြောင်းလဲနိုင်စေပါတယ်။

သေးငယ်သော မျက်ဆံတွေဟာ မျက်လုံးထဲသို့ အလင်းရောင် အနည်းငယ်သာ ဝင်ရောက်စေနိုင်ပြီး ထို့ကြောင့် ကြောင်တွေဟာ မျက်လုံးအရောင်တောက်ပမှုကို ရုတ်တရက် ပြောင်းလဲခြင်း​ဖြင့် မျက်စိကွယ်ရနိုင်ခြေ နည်းပါးပါတယ်။

နှာခေါင်းများ

ကြောင်တွေမှာ သူတို့ရဲ့ နှာခေါင်းအတွင်း အနံ့ခံပစ္စည်းပေါင်း သန်း ၂၀၀ ရှိပြီး သားကောင်ကို ရှာဖွေရန် သူတို့ရဲ့ အနံ့ခံအာရုံကို အသုံးပြုကြပါတယ်။

သို့သော် သူတို့မှာ ကျွန်တော်တို့လို အရသာ လက်ခံနိုင်သော ပစ္စည်း ပမာဏနီးပါးမျှ မရှိတာကြောင့် အဲ့တာဟာ သူတို့ကို အစားအစာသို့ ဆွဲဆောင်နိုင်သော အနံ့ဖြစ်ပြီး အရသာမတွေ့စေပါဘူး။

ထို့ကြောင့် အသက်ရှုလမ်းကြောင်းပိုးဝင်သော ကြောင်တွေဟာ မကြာခဏ အစာစားချင်စိတ် ပျောက်တတ်ပါတယ်။

ကြောင်တွေရဲ့ နှာခေါင်းတွေဟာ လူ့လက်ဗွေရာတွေကဲ့သို့ ထူးခြားပါတယ်။

သူတို့တစ်ဦးချင်းစီမှာ အဖုအထစ်တွေနဲ့ အကြောင်းအရစ်တွေရဲ့ ထူးခြားတဲ့ပုံစံရှိပြီးတော့ ကြောင်လေးတွေရဲ့ နှာခေါင်းတွေက မတူညီပါဘူး။

နှုတ်ခမ်းမွှေး

ကြောင်တွေရဲ့ နှုတ်ခမ်းမွှေးတွေကို ညှပ်ပစ်ခြင်းက သူတို့ရဲ့ဟန်ချက်ကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဘယ်တော့မှ မညှပ်သင့်ပါဘူး။

နှုတ်ခမ်းမွှေး တွေဟာ vibrissae လို့ခေါ်တဲ့ ရှည်လျားပြီး တောင့်တင်းသော အထိအတွေ့ အာရုံခံ ကိရိယာတွေ ဖြစ်ပါတယ်။

သူတို့ကို ကြောင်တွေရဲ့ ခန္ဓာကိုယ်တွင် မြှုပ်နှံထားပြီး အကောင်လေးရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်တွေကို အာရုံခံအာရုံကြောတွေသို့ ပေးပို့ပြီး ကြောင်တွေကို သူတို့ရဲ့ ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုတွေကို သိရှိစေနိုင်ပါတယ်။

နှုတ်ခမ်းမွှေး တွေဟာ လေထဲရှိ တုန်ခါမှုကို တုံ့ပြန်ကြပြီး ကြောင်တွေကို အလွန်ကြပ်သောနေရာတွေမှာ အံဝင်ခွင်ကျဖြစ်စေနိုင်မလားဆိုတာကို တိုင်းတာနိုင်စေပါတယ်။

နှာတံတစ်ဖက်တစ်ချက်ရှိ နှုတ်ခမ်းမွှေးတွေအပြင် ကြောင်တွေမှာ သူတို့၏ မျက်လုံးအထက်၊ မေးစေ့နှင့် သူတို့ရဲ့ ရှေ့ ခြေထောက် အောက် ခြေနားရဲ့ အနောက်ဘက်တို့တွင်လည်း နှုတ်ခမ်းမွှေးကဲ့သို့ အမွှေးတွေ ရှိပါတယ်။

အမြီးနှင့် နားတွေကဲ့သို့ နှုတ်ခမ်းမွှေးတွေဟာ ကြောင်တစ်ကောင်၏ စိတ်ခံစားချက်ကို ညွှန်ပြနိုင်ပါတယ်။

ဘေးတိုက်ထွက်နေသော နှုတ်ခမ်းမွှေး တွေဟာ ငြိမ်သက်နေခြင်းကို ဆိုလိုပါတယ်။

သူတို့ကို ရှေ့ကို တွန်းလှုပ်လိုက်တဲ့အခါ စိတ်လှုပ်ရှားမှု သို့မဟုတ် နိုးကြားမှုကို ညွှန်ပြပါတယ်။

မျက်နှာပေါ်တွင် ပြန့်ကျဲနေသော နှုတ်ခမ်းမွှေး တွေက ကြောက်ရွံ့ခြင်း သို့မဟုတ် ရန်လိုခြင်းကို ဆိုလိုပါတယ်။

လျှာများ

အမွှေးတွေကို လျှာဖြင့်လျက်ပြီး သန့်ရှင်းခြင်းက endorphin ကို ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ကြောင်တွေက စိတ်ဖိစီးလျှင် ​အမွှေးတွေကို လျက်နေပါလိမ့်မယ်။

ကြောင်တစ်ကောင်က သင့်အသားကို လျှာနှင့်လျက်လိုက်တဲ့အခါ သင်ခံစားလိုက်ရသော ကော်ပတ်စားသလို ခံစားမှုက သူ့ရဲ့ လျှာပေါ်ရှိ အဖုအမျှင်လေးတွေကြောင့်ဖြစ်ပါတယ်။

အဖုအမျှင်လေးတွေဟာ keratin ဖြင့် ပြုလုပ်ထားသော ဆံချည်မျှင်သေးသေးလေးတွေလို ဆူးထစ်လေးတွေဖြစ်ပြီး သူတို့က ကြောင်တွေကို သူတို့ရဲ့ အမွှေးတွေကို သန့်ရှင်းရာတွင် ကူညီပေးပြီး အစာစားရာတွင်လည်း ကူညီပေးပါတယ်။

သေးငယ်သော ဆူးထစ်အမျှင်လေးတွေဟာ ကြောင်တွေကို အစာအနည်းငယ် ကောက်ယူပြီး အရိုးများမှ အသားတွေကို လျက်ရန် ကူညီပေးပါတယ်။

ကြောင်တွေကို သူတို့ရဲ့ ပါးစပ်မှ တံတွေးကို သူတို့ရဲ့အမွှေးတွေကို သန့်ရှင်းဖို့အတွက် ပေးပို့နိုင်စေတဲ့ အဖုအမျှင်လေးတွေဟာ ကွေးပြီး အခေါင်းပေါက်လေးတွေ ဖြစ်ပါတယ်။

တိရစ္ဆာန်အများစုနှင့်မတူဘဲ ကြောင်တွေဟာ ချိုသောအရသာကို မခံစားရပါဘူး။

သို့သော် သူတို့က ကျွန်တော်တို့ အရသာ မရနိုင်တဲ့ အသားမှာပါရှိတဲ့ မော်လီကျူးတစ်ခုဖြစ်တဲ့ adenosine triphosphate ကို အရသာခံနိုင်ပါတယ်။

ကြောင်တွေ ရေသောက်သောအခါ ဆွဲငင်အားနှင့် ရွေ့လျားသတ္တိတို့အကြား သိမ်မွေ့သော ဟန်ချက်ညီစေရန် သူတို့ရဲ့ လျှာကို အသုံးပြုကြပါတယ်။

သူတိုရဲ့ လျှာတွေဟာ ရေကို အထက်သို့ဆွဲတင်ရန် အရည်၏ မျက်နှာပြင်ကို ပွတ်တိုက်ရုံမျှသာ လုပ်လိုက်ပါတယ်။

ထို့နောက် ဆွဲငင်အားက ရေကို ပြန်မဆွဲခင်မှာ ကြောင်က မေးရိုးကို ပိတ်လိုက်ပါတယ်။

ကြောင်တွေဟာ တစ်စက္ကန့်လျှင် လေးကြိမ်နှုန်းဖြင့် လျှာဖြင့်လျက်၍ သောက်ပြီး အဲ့တာဟာ လူ့မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းပါတယ်။

ခြေဖဝါးများ

ကြောင်ခြေဖဝါးလေးတွေဟာ မြင့်မားသောနေရာများမှ ခုန်ချသောအခါတွင် သူတို့ကိုကာကွယ်ရန် ထိခိုက်မှုကို စုပ်ယူတဲ့ကိရိယာအဖြစ် လုပ်ဆောင်ပါတယ်။

ကြောင်ခြေဖဝါးလေးတွေရဲ့ အနင်းခံအပိုင်းတွေက ကြမ်းတမ်းတဲ့မြေပြင်ကနေ အကာအကွယ်ပေးနိုင်လောက်အောင် ခိုင်ခံ့နေပေမယ့် အပူချိန်နှင့် အသွင်အပြင်ကို သိရှိနိုင်လောက်အောင် အာရုံခံစားမှု ရှိနေပါသေးတယ်။

သူတို့မှာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသည့် ချွေးဂလင်းတွေလည်း ပါရှိပါတယ်။

ကြောင်တွေမှာ ​သူတို့သာ သိရှိနိုင်သော ရနံ့တစ်မျိုးနှင့်အတူ အဆီတွေထွက်စေသည့် သူတို့၏ ခြေနင်းခံတွေကြားတွင် အခြားဂလင်းတွေ ရှိပါတယ်။

ကြောင်တွေက မျက်နှာပြင်ကို ကုတ်ခြစ်တဲ့အခါ ဤအနံ့အချို့ကို ဖုံးထားကြပါတယ်။

လေ့လာမှုတစ်ခုအရ ​လူသားတွေမှာ ညာသန် သို့မဟုတ် ဘယ်သန်တွေရှိကဲ့သို့ပင် ကြောင်အများစုမှာလည်း စားသုံးရာနှင့် ပစ္စည်းကောက်ယူရာတွင် အသုံးပြုသည့် လွှမ်းမိုးသော ​လက်တွေရှိကြပါတယ်။

သုတေသီတွေက ကြောင်အထီးတွေက ကြောင်အမတွေထက် ဘယ်ဘက် ပိုသန်လေ့ရှိပြီး လေ့လာမှုရှိ ကြောင်တွေရဲ့ သုံးပုံတစ်ပုံမှာ ဦးစားပေးတဲ့ဘက် မရှိ​တာကိုလည်း မှတ်ချက်ပြုခဲ့ပါတယ်။

ကြောင်၏အမွေးနှင့် အရေပြားကို အရောင်ခြယ်သော အရောင်ဓာတ်ဟာ အကောင်လေးရဲ့ ခြေဖဝါးတွေကိုလည်း အရောင်ပေးပါတယ်။
​ခြေဖဝါးတွေက ကြောင်တွေရဲ့ အသားအရောင်နှင့် တူလေ့ရှိပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.