အကျပ်အတည်း ၃ ခု နှင့် ကျဆင်းနေတဲ့ တရုတ် စီးပွားရေး အကြောင်း

Article Business

တရုတ်နိုင်ငံ၏ စီးပွားရေးဟာ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုသာမက ကပ်ရောဂါ နှင့် Evergrande ၏ ဘဏ္ဍာရေး မပြေလည်မှု များကြောင့် အိမ်ခြံမြေ ဈေးကွက် နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ သဖြင့် လှုပ်ခတ်မှုကြီးကို ၃ ခါ တိုင်တိုင် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့က ထွက်ရှိလာသည့် ကိန်းဂဏန်းများ အရ စီးပွားရေး တိုးတက်နှုန်းဟာ ယမန်နှစ် အစောပိုင်းနှင့် နှိုင်းယှဉ်ပါက တတိယ သုံးလပတ်တွင် ၄.၉ ရာခိုင်နှုန်း အထိ နှေးကွေးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလတွင် စက်မှု ထုတ်လုပ်မှုဟာ တနှစ်ထက် တနှစ် ၃.၁ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်း ကာလအတွင်း မည်သည့် လထက်မဆို နှေးကွေးခဲ့ပါတယ်။

ကပ်ရောဂါ ပထမ အကျော့ ဖြစ်ပွားပြီး တနှစ်ခွဲကျော်အကြာတွင် ယခင် က မကြားဖူးသည့် နှေးကွေးမှု နှုန်းများကို တရုတ်နိုင်ငံဟာ ရင်ဆိုင်နေရတယ်လို့ အချက်အလက်များက အစီရင်ခံနေပါတယ်။

စွမ်းအင် အကျပ်အတည်း

စွမ်းအင် အကျပ်အတည်းနှင့် ပတ်သက်ပြီး အရင်စဉ်းစားရမယ်ဆိုရင် ကျောက်မီးသွေး ပြတ်လပ်မှု အကြောင်းမှု တည်ဆောက်ပုံ ဆိုင်ရာနှင့် မတော်တဆမှု ဆိုပြီး ၂ မျိုးရှိပါတယ်။

ဇူလိုင်လ အတွင်းက Henan ပြည်နယ်အတွင်း နှင့် ယခုလတွင် Shanxi တို့မှာ ရေလွှမ်းမိုးမှုများ ဖြစ်ပွား ခဲ့သဖြင့် မိုင်းတွင်း အချို့ကို ပိတ်ပစ်ခဲ့ရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ၏ ကျောက်မီးသွေး ထွက်ရှိမှု ၄ ပုံ ၁ ပုံ ခန့်ရှိသည့် အတွင်းပိုင်း မွန်ဂိုလီးယားတွင် အကျင့်ပျက်ခြစားမှုများ ရှိသဖြင့် ယခင်က တိုးချဲ့လုပ်ကိုင်ရန် ခွင့်ပြုထားသည့် တာဝန်ရှိသူများကို စစ်ဆေးနေရသဖြင့် လုပ်ငန်းကို ထိထိရောက်ရောက် မလုပ်နိုင် ဖြစ်နေပါတယ်။

တရုတ်၏ တတိယ မြောက်အကြီးဆုံး ကျောက်မီးသွေး ထုတ်လုပ်သည့် Shaanxi ပြည်နယ် အတွင်းမှာ စက်တင်ဘာလက ပြုလုပ်တဲ့ နိုင်ငံ အားကစားပွဲသို့ သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့သည့်အတွက် ကောင်းကင်တွင် ကြည်လင်နေစေရန် ထုတ်လုပ်မှုများကို လျှော့ချခဲ့ရပါသေးတယ်။

ပြီးခဲ့သည့် နှစ်က နိုင်ငံ တဝှမ်း စက်မှု မတော်တဆဖြစ်မှု ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး မိုင်းတွင်း ၉၇၆ မိုင်းကို စီစစ်ခဲ့သည့် ဘေးကင်းရေး စစ် ဆေး သူများက ကျောက်မီးသွေးတွင်း တိုးချဲမှုကို တားဆီးခဲ့ပါတယ်။

ကျောက်မီးသွေး အကျပ်အတည်း ဖြစ်ရခြင်း၏ ပိုမို နက်ရှိုင်းသော အကြောင်းအရင်းကတော့ နိုင်ငံ၏ ကာဗွန် ထုတ်လွှတ်မှုအပေါ်တွင် တာဝန်ရှိသည့် ဒီလောင်စာအပေါ် မှီခိုနေရမှုအပေါ် လျှော့ချရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကြောင့်လည်း ဖြစ်ပါတယ်။

အာဏာပိုင်များဟာ မကြာသေးမီ နှစ်များအတွင်း မိုင်းအသစ်များ သို့မဟုတ် ရှိပြီးသား မိုင်းတွင်းများကို ချဲ့ထွင်ရန် အာဏာပိုင်များက တွန့်ဆုတ်နေသောကြောင့် “ဘတ်စ်ကားကို လမ်းကြောင်းမှားအောင် မောင်းနှင်နေတယ်” လို့ The Lantau Group မှ စွမ်းအင်ဆိုင်ရာ အတိုင်ပင်ခံ David Fishman က ဆိုပါတယ်။

လိုအပ်သည့် ပမာဏထက် နည်းလာသည့်အခါ ဈေးများဟာ မြင့်တက်လာပြီး ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများဟာ မြင့်တက်လာသည့် ကုန်ကျစရိတ်များကို မကျော်လွှားနိုင်ခဲပါဘူး။

စွမ်းအင် အမြောက်အများကို ဝယ်ယူသည့် ဓာတ်အားလိုင်း ကုမ္ပဏီအား ၎င်းတို့ ကောက်ခံနိုင်သည့် ပမာဏသည် ၁၀ ရာခိုင်နှုန်း သာ မြင့်တက်နိုင်သည့် အနေအထားမှာ ရှိပါတယ်။

ထို့အပြင် သုံးစွဲသူများ ပေးဆောင်သည့် အခွန်ဟာ အလားတူ ပြင်လည် ပြောင်းလွယ်သော ဈေးတခုအပေါ်မှာ အခြေခံထားသောကြောင့် အချို့ ဓာတ်အားပေး စက်ရုံများအနေဖြင့် အရှူံးကို လက်မခံနိုင်သည့်အခါ လည်ပတ်မှု ရပ်တန့်သွားပါတယ်။

ကပ်ရောဂါ အကျပ်အတည်း

နောက်ထပ် ရိုက်ခတ်မှု တခုကတော့ ကပ်ရောဂါဖြစ်ပြီး ဇူလိုင်လတွင် နန်ကျင်းမှ စတင်ခဲ့ပြီး လော့ခ်ဒေါင်းများ၊ အသုံးစရိတ်လျှော့ချခြင်းများ၊ တင်းကျပ်သောသွားလာရမှုများ ကြောင့် အစားအသောက်နှင့် ခရီးသွားလာမှု လုပ်ငန်းများကို ကျဆင်းစေပါတယ်။

Flight Master အဆိုအရ လေကြောင်းလိုင်းများဟာ ဩဂုတ်လတွင် ၎င်းတို့၏ စွမ်းဆောင်ရည် ထက်ဝက်အောက်သာ လည်ပတ်နေရပြီး စက်တင်ဘာလတွင် ၃ ပုံ ၂ ပုံသာ လည်ပတ်ခဲ့ရတယ်လို့ သိရပါတယ်။

အိမ်ခြံမြေ အကျပ်အတည်း

နောက်ဆုံး တုန်လှုပ်စရာ ရိုက်ခတ်မှုကတော့ အိမ်ခြံမြေ ကဏ္ဍဖြစ်ပြီး ရေရှည်တိုးတက်မှု၊ အလုပ်အကိုင်၊ အရှိန်ယူမှုနှင့် စိုးရိမ်ပူပန်မှုများကို ရိုက်ခတ်စေခဲ့ပါတယ်။

အာဏာပိုင်များဟာ အိမ်ခန်းများ မှန်ဆ ဝယ်လိုအားကို ကန့်သတ်ဖို့နြ့ အိမ်ဆောက်သူများကို အလွန်အကျွံ ချေးငွေ ထုတ်ပေးခြင်း များကို ကန့်သတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဒီလို ငွေရေးကြေးရေး အန္တရာယ်ကို ကန့်သတ်ဖို့ ကြိုးပမ်းမှုဟာ လက်ရှိ အန္တရာယ်အချို့ကို ဦးတည်သွားစေပါတယ်။

အဲဒါကတော့ ဒေါ်လာ ၃၀၀ ဘီလီယံလောက် ကြွေးမြီများရှိသည့် Evergrande ဟာ စက်တင်ဘာလတွင် ပေးချေရမယ့် ငွေချေးစာချုပ်တခုအတွက် မပေးနိုင်တော့တဲ့ ဖြစ်စဉ်ဖြစ်ပြီး အခြားအရာများလည်း နောက်က လိုက်လာပါတယ်။

အချို့သော အိမ်ဝယ်သူများဟာ ၎င်းတို့ရောင်းချနေသော ပရောဂျက်များကို အပြီးသတ်ရန် အချိန်အတော်ကြာ စီးပွားရေး မလုပ်ကိုင်နိုင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီများ ထံသို့ ၎င်းတို့၏ငွေများ လွှဲပြောင်းပေးခြင်းအတွက် စိတ်ပူနေကြရပါတယ်။

ဒါ့ကြောင့် တရုတ်နိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီများဟာ ယခင်နှစ်ကထက် ၁၃.၅ ရာခိုင်နှုန်း လောက်ပိုနည်းသည့် အိမ်များဖြင့် အစပြုခဲ့ရပြီး ၎င်းတို့၏ ရောင်းအားမှာလည်း အလားတူ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။

တရုတ်နိုင်ငံဟာ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် ဘိလပ်မြေ ထုတ်လုပ်မှုနှုန်း၌ ၁၃ ရာခိုင်နှုန်း၊ သံမဏိ ထုတ်လုပ်မှု ၌ ၁၄.၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ တရုတ်နိုင်ငံ ဗဟိုဘဏ်မှ Evergrande ကုမ္ပဏီ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ယေဘုယျအားဖြင့် လုပ် ငန်း ကောင်းမွန်တဲ့ ကုမ္ပဏီတခုမှ တဦးတယောက်နှင့် ဆိုင်တဲ့ ပြသနာတခု အနေဖြင့် ဖော်ပြခဲ့ပါတယ်။

မူဝါဒ ချမှတ်သူများဟာ ၎င်း၏အန္တရာယ်ကို လုံလုံလောက်လောက် စိုးရိမ်မှု ကင်းတဲ့အထိ အိမ်ခြံမြေကဏ္ဍ၏ ကယ်တင်ခြင်းသို့ ရောက်လာမယ့်အကြောင်းကိုတော့ အာမခံချက်ပေးသင့်ပါတယ်။

စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များကြားတွင် စိုးရိမ်ပူပန်မှုဟာ အိမ်ဆောက်သူများနှင့် ၎င်းတို့၏ မြီရှင်များ၏ စိုးရိမ် ပူပန်မှုကို သက်သာစေရန် လိုအပ်သည့် အခြေအနေတစ်ခု ဖြစ်နိုင်ပါတယ်။

စီးပွားရေး ပညာရှင်အများစုကတော့ တရုတ်နိုင်ငံ၏ တနှစ်ထက် တနှစ် တိုးတက်မှုနှုန်းဟာ ယခုနှစ် နောက်ဆုံးသုံးလအတွင်း ပိုမိုနှေးကွေးမည်ဟု ထင်မြင်ယူဆနေကြပါတယ်။

Bank of America ကတော့ တရုတ်နိုင်ငံ၏ တိုးတက်မှုနှုန်းကို ၂.၅ ရာခိုင်နှုန်းမျှော်မှန်းထားပြီး တရုတ်နိုင်ငံဟာ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် သတိထား ဆောင်ရွက်ရမှာ ဖြစ်ကာ အိမ်ခြံမြေ ပြိုလဲနိုင်မှုအတွက်လဲ နောက်ပိုင်း ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။

ဓာတ်အားပေး စက်ရုံများကတော့ အိမ်ခြံမြေ ကုမ္ပဏီများနှင့် မတူဘဲ အထက်အာဏာပိုင်များထံမှ နောက်ကျ သက်သာမှုကို ရရှိထားပြီး သတ္တုတွင်းများကို တိုးချဲ့ ထုတ်လုပ်ဖို့လည်း အမိန့်ထုတ်ထားကြောင်း သိရပါတယ်။

ကျောက်မီးသွေး ဈေးနှုန်းများက ဆိုးရွားစွာ ဆက်လက်မြင့်များနေပါက အနာဂါတ်တွင် ကျောက်မီးသွေးကို အလျှင်အမြန် ပုဂ္ဂလိက ကုမ္ပဏီများကို ရောင်းထုတ်သွားရန် တရုတ်ပင်မ စီမံကိန်းအဖွဲ့မှ အောက်တိုဘာလ ၁၉ ရက်နေ့က ခြိမ်းခြောက်ထားပါတယ်။

အစိုးရအနေဖြင့် ဓာတ်အားပေး စက်ရုံများကိုတော့ လွတ်လပ်မှု ပိုမိုပေးထားပြီး ပိုမို ကုန်ကျသည့် စရိတ်ဖြင့် ဓာတ်အားလိုင်း ကုမ္ပဏီများကို ရောင်းချခွင့် ပြုထားပါတယ်။

၎င်းဟာ စက်မှုနှင့် စီးပွားရေး လုပ်ငန်း (အိမ်ထောင်စုများနှင့် လယ်သမားများ မပါ) များကို ဈေးကွက်နှင့် ချိန်ညှိပြီး ဓာတ်အားဈေးနှုန်းများကို ပေးသွင်းဖို့ ဖိအားပေးမှာ ဖြစ်ပါတယ်။

ဒီလို ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတာ ကြာပါပြီ။ ဒါပေမယ့် ဒီ ကိစ္စကို တွန်းအားပေးဖို့ရာ အတွက် ပြင်းထန်တဲ့ အကျပ်အတည်းကို ဖြစ်စေပါတယ်။

မူဝါဒ ချမှတ်သူများဟာ တချိန်က ” ဈေးကွက် ပြုပြင် ပြောင်းလဲမှုများ၏ အတိုင်းအတာ တခုအထိ ရောက်ရှိစေမှု” ကို နှစ်ခြိုက်ခဲ့ဖူးကြောင်း Mr. Fishman က မှတ်ချက်ပြုပါတယ်။

ဒါ့ကြောင့် တရုတ်နိုင်ငံ၏ အကျပ်အတည်း ဖြစ်နေသည့် စီးပွားရေး ကဏ္ဍဟာ အနာဂါတ်မှာ မည်သို့ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Reference: The Economist

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *