မောင်းသူမဲ့လေယာဉ်များဟာ ယနေ့ခေတ် စစ်ဘက်ဆိုင်ရာ ယာဉ် တခုအဖြစ် မရှိမဖြစ် ဖြစ်လာနေပြီဖြစ်ပါတယ်။
ခေတ်သစ် စစ်ပွဲ တခုမှာ မောင်းသူမဲ့လေယာဉ် မပါတဲ့ အနေအထားဟာ စဉ်းစားကြည့်မယ်ဆိုရင်တောင် မဖြစ်နိုင်လောက်တဲ့ အနေအထား ဖြစ်သွားပါပြီ။
တရုတ်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် လေကြောင်းပြပွဲမှာ ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်ပေါင်း များစွာကို Aviation Industry Corp of China (AVIC) မှ ကမ္ဘာကို မိတ်ဆက်ပေးခဲ့ပါတယ်။
ဒရုန်းများဟာ နိုင်ငံတနိုင်ငံမှ တနိုင်ငံ အဆင့်အထိ စစ်ဆင်နိုင်ပြီး အာကာသ အစွန်း အမြင့်လောက်ထိ ပျံသန်းနိုင်ကာ အစောင့်အကြပ် များစွာ ထားရှိတဲ့ နေရာများမှ ပုံရိပ်များကို ပြတ်သားစွာ ဓာတ်ပုံများ ရိုက်ကူးနိုင်စွမ်း ရှိနေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက အသစ်ထုတ်လုပ်ထားတဲ့ GJ-11 ဒရုန်းဟာ အထက်ပါ စွမ်းဆောင်ရည်များနှင့် ပြည်စုံပြီး နည်းပညာအားဖြင့် အလွန် အဆင့်မြင့်တဲ့ အနေအထား ရှိနေတယ်လို့ ဆိုပါတယ်။
ဒီ ဒရုန်းကို ထုတ်လုပ်နိုင်ဖို့ ၂၀၁၃ ခုနှစ်လောက်ကတည်းက စတင်ခဲ့ပြီး တောင်ပံအကျယ် ၄၆ ပေ (၁၄ မီတာ) ခန့်ရှိကာ turbofan အင်ဂျင်တလုံး တပ်ဆင်ထားပါတယ်။
ကံမကောင်းတာကတော့ ဒီ ဒရုန်းနှင့် ပတ်သက်ပြီး အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ အချက်အလက်တွေ များများ စားစား မရှိသေးတာ ဖြစ်ပါတယ်။
ထင်မြင်ချက်များအရတော့ ဒရုန်းဟာ မိုင် ၂,၄၈၅ မိုင် (၄,၀၀၀ ကီလိုမီတာ) လောက် အကွာအဝေအထိ စစ်ဆင်နိုင်ဖွယ်ရှိပြီး အမြန်နှုန်းဟာ တနာရီလျှင် ၆၂၁ မိုင် (၁,၀၀၀ ကီလိုမီတာ) အမြန်နှုန်းဖြင့် ပျံသန်းနိုင်ကာ ရေဒါပျောက်နိုင်စွမ်း ရှိမယ်လို့ သိရပါတယ်။

မည်သို့ပင် ဆိုစေကာမူ ဒါဟာ တရုတ်နိုင်ငံရဲ့ ဒီ ဒရုန်းသစ် GJ-11 ကို ကမ္ဘာက ပထမဆုံး အကြိမ် အဖြစ် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒရုန်း၏ အဆင်းဂီယာကြားတွင် လက်နက် ၄ ခုလောက်အထိ ထည့်သွင်းနိုင်သည့် လက်နက် သိုလှောင် စနစ် ၂ ခု ပါဝင်ပြီး အဆိုပါ လက် နက်များဟာ တိကျစွာ လွှတ်ချနိုင်တဲ့ glide ဗုံးများ ဖြစ်နိုင်တယ်လို့ Gloabl Times သတင်းဌာနက ပြောပါတယ်။
လက်နက်များ ပစ်ခတ်မည့်အစား အတု အယောင် လက်နက် လမ်းလွှဲ စနစ်များ အဖြစ်ဆောင်ရွက်ခြင်း၊ ကုန်းရေ နှစ်သွယ် စစ်ဆင်ရေး သင်္ဘောပေါ်မှ ပျံတက်နိုင်ခြင်းနှင့် အခြား စွမ်းဆောင်ရည်များကြောင့် အဆိုပါ ဒရုန်းဟာ အဆင့်မြင့် ဒရုန်း တစင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။
၎င်း၏ တခုထဲသော အားနည်းချက်မှာ အရွယ်အစားဖြစ်ပြီး ၎င်းဟာ ရန်သူ သင်္ဘော တစင်းကို အပြီးသတ် နှစ်မြှုပ်နိုင်လောက်အောင် လုပ်လောက်သည့် လက်နက်တော့ သယ်ဆောင်နိုင်စွမ်း မရှိပါဘူး။
အကဲခတ်သူများ ခန့်မှန်းထားသည့် ဒရုန်းတွင် ပါဝင်နိုင်သည့် နောက်ထပ် စနစ်များကတော့ အချက်ပြလှိုင်းများကို ဖိဖျက်သည့် Jammer များ သို့မဟုတ် တိုက်ရိုက် စွမ်းအင်သုံး လက်နက်များ တပ်ဆင်ထားဖွယ် ရှိနေပါတယ်။

အဆိုပါ စနစ် ၂ ခုစလုံးဟာ ဒရုန်းကို ပြိုင်ဖက်ကင်းစေတဲ့ စွမ်းဆောင်ရည်ကို ရရှိစေမှာ ဖြစ်ပါတယ်။
အဆိုပါ ဒရုန်းများ ဖွံ့ဖြိုးတိုးတက်လာမှုဟာ တရုတ်နိုင်ငံ၏ အာရှ ကောင်းကင်ယံတွင် ကြီးစိုးလိုသည့် ဆန္ဒကို ဖော်ပြနေပြီး အမေရိကန်၏ တည်ရှိမှုတွေကို ဟန့်တားနိုင်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေတာကိုလည်း ပြသနေပါတယ်။
ဒရုန်းနည်းပညာတွင် တရုတ်ဟာ အမေရိကန်၏ နောက်တွင် ရှိနေပြီး နိုင်ငံပိုင် မီဒီယာများတွင် တခါတရံ နည်းပညာနှင့် ပတ်သက်သည်များကို ပိုမို ပြောဆိုလေ့ ရှိသောကြောင့် GJ-11 ဟာ တကယ်ပဲ စွမ်းဆောင်ရည်မြင့် ဒရုန်းဖြစ်လားဆိုတာ စစ်မြေပြင် လက်တွေ့ ပြသနိုင်စွမ်း မရှိမခြင်း စောင့်ကြည်ရမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။