ကီလိုမီတာ ၈,၅၀၀ လောက် အထိ စစ်ဆင်နိုင်မယ်ဆိုတဲ့တရုတ်ရဲ့ Xian H-20 အကြောင်း သိသလောက်

Knowledge Military

တရုတ်ရဲ့ ရေဒါပျောက် ဗုံးကြဲလေယာဉ်သစ် Xian H-20 ဟာ သမားရိုးကျ နှင့် နျူကလီးယား လက်နက်များကို တင်ဆောင်နိုင်ပြီး အကွာအဝေး ၈,၅၀၀ ကီလိုမီတာလောက်အထိ စစ်ဆင်နိုင်ဖွယ် ရှိတယ်လို့ သိရှိရပါတယ်။

ဘေဂျင်းဟာ ဒီ H-20 ဗုံးကြဲလေယာဉ်သစ်ကို အမေရိကန် လေတပ်၏ အသစ်တည်ဆောက်နေတဲ့ B-21 Raider ဗုံးကြဲလေယာဉ်ကို ယှဉ် ပြိုင် နိုင်ဖို့ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ လေယာဉ် ၂ စင်းဟာ တကယ်ပဲ ယှဉ်ပြိုင်နိုင်မှာလား ဆိုတဲ့ နှိုင်းယှဉ်စရာ အချက်အလက်တွေကတော့ မရှိသေးပါဘူး။

အမေရိကန် ကာကွယ်ရေး ဌာန၏ အဆိုအရ တရုတ်၏ H-20 ဗုံးကြဲလေယာဉ်သစ်ဟာ ပဥ္စမ မျိုးဆက် နည်းပညာများ နှင့် တွဲဖက် လုပ် ဆောင် နိုင်ပြီး ရေဒါပျောက် တိုက်လေယာဉ်များနှင့် အတူတကွ စစ်ဆင်နိုင်ဖွယ် ရှိပါတယ်။

Wind Tunnel တွင် ပုံစံငယ်ဖြင့် စမ်းသပ်ထားသည့် H-20 ဖြစ်လာနိုင်သည့် လေယာဉ်ပုံစံ

H-20 တွင် ပဥ္စမ မျိုးဆက် နည်းပညာနှင့်ဆိုင်တဲ့ အာရုံခံ စနစ်တွေ နဲ့ ဥာဏ်ရည်တုကို ထိန်းချုပ်ခွင့်ပေးထားတဲ့ တွက်ချက်မှု စနစ်တွေ ပါဝင်တဲ့အတွက် ဒီ အချက်ကတော့ ဖြစ်နိုင်ပါတယ်။

တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များဟာ မတူညီတဲ့ စစ်ဆင်ရေးများကို ဆောင်ရွက်ရတာ ဖြစ်ပေမယ့် ၎င်းတို့ဟာ ပစ်မှတ်ရှာ အာရုံ ခံ ကိရိယာများ၊ အချက်အလက် တွက်ချက်မှုများ၊ အဆင့်မြင့် ဆော့ဖ်ဝဲလ်များနှင့် ကွန်ပျူတာစနစ်သုံး လက်နက်စနစ်များကို မှီခိုနေရပါတယ်။

ရရှိထားသည့် ကွန်ပျူတာနှင့် ဒီဇိုင်းထုတ်ထားသည့် H-20 ဗုံးကြဲလေယာဉ်၏ အပြင်ပိုင်း ပုံများကတော့ ၎င်းတွင် ရေဒါပျောက်နည်းပညာများ ထည့်သွင်းထားတာ ပေါ်လွင်နေပါတယ်။

H-20 တွင် ကိုယ်ထည်တွင် မြှုပ်ထားသည့် အင်ဂျင်၊ တောင်ပံနှင့် တဆက်ထဲ တည်ဆောက်ထားသည့် ကိုယ်ထည်၊ ဒေါင်လိုက် တပ်ဆင်ထားသည့် အတောင်များ မပါရှိခြင်း နှင့် လေပြွန်ဟာ ကိုယ်ထည်အောက်မှ လိမ်ကောက်တပ်ဆင်ထားခြင်းတို့ဟာ ရေဒါပျောက် နည်းပညာရဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။

၎င်းနှင့် ဆန့်ကျင်ဘက်အားဖြင့် B-2 Spirit ဗုံးကြဲလေယာဉ်၏ လေဝင်ပြွန်ပေါက်များကတော့ ကိုယ်ထည်၏ အထက်ပိုင်းတွင် ထားရှိထားတာ ဖြစ်ပါတယ်။ B-21 ကတော့ B-2 နဲ့ ဆင်တူ နိုင်ဖွယ် ရှိပါတယ်။

B-2 Spirit Bomber

ရေဒါပျောက် နည်းပညာရဲ့ အနှစ်သာရတွေကြောင့် Xian H-20၊ B-21 နှင့် B-2 Spirit လေယာဉ်များအကြားမှာ ဒီဇိုင်းဆင်တူမှု များစွာ ရှိပါသေးတယ်။

ပြီးခဲ့သည့်နှစ် အမေရိကန် ကာကွယ်ရေး ဌာနက တရုတ်နိုင်ငံနှင့် သက်ဆိုင်သည့် အစီရင်ခံစာ တခုတွင် “H-20 ဖြစ်နိုင်ချေရှိတဲ့ ရှေ့ပြေးပုံစံဟာ B-2 ဗုံးကြဲလေယာဉ်နှင့် X47B ရေဒါပျောက် မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ်နှင့် ဆင်တူသည့် တောင်ပံပုံစံကို အသုံးပြုထားတယ်” လို့ ဖော်ပြခဲ့ပါတယ်။

ဌာန၏ အကဲဖြစ်မှုများအရ ပိုမို စိုးရိမ်စရာ တခုကတော့ ဝေဟင် ဆီဖြည့်တင်းနိုင်စွမ်း ဖြစ်ကာ H-20 ကို တောင်တရုတ်ပင်လယ် အငြင်း ပွားရာ ဒေသများအထိ စစ်ဆင်နိုင်စေပြီး အဆိုပါနေရာများကို အန္တရာယ် ကျရောက်နိုင်စေမယ်လို့ သိရပါတယ်။

ဟုတ်ပါတယ်။ ဝေဟင်မှ လောင်စာဆီ ဖြည့်တင်းနိုင်စွမ်း ရရှိပါက အခြေအနေတွေကို သိသိသာသာ ပြောင်းလဲ သွားနိုင်ပါတယ်။

တရုတ်နိုင်ငံဟာ ၎င်း၏ ပထမဆုံး ဝေဟင်မှ ဆီဖြည့်တင်း နိုင်တဲ့ ဗုံးကြဲ လေယာဉ် အမျိုးအစားဖြစ်တဲ့ H-6N ကို တီထွင်နိုင်ခဲ့ပြီဖြစ်တယ် လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသေးတယ်။

ဒါ့ကြောင့် ဒီနည်းပညာကို အသုံးပြုပြီး H-20 ဗုံးကြဲလေယာဉ်ဟာ ဝေဟင်မှ လောင်စာဆီ ဖြည့်တင်းနိုင်ကာ ပိုမို ဝေးကွာတဲ့‌နေရာများ အထိ စစ်ဆင်နိုင်ဖွယ် ရှိနေပါတယ်။

H-6N ဗုံးကြဲလေယာဉ်များ

တကယ်တော့ H-6N မှာ စမ်းသပ် တီထွင် တပ်ဆင် လိုက်နိုင်တဲ့ ဝေဟင် ဆီဖြည့် နိုင်သည့် နည်းပညာဟာ H-20 တွေမှာ တပ်ဆင်နိုင်ဖို့ တရုတ် နိုင်ငံရဲ့ အဆုံးအစွန်သော စီမံချက် ဖြစ်နိုင်ပါတယ်။

ရေဒါပျောက် နည်းပညာ၏ ရည်မှန်းချက်များထဲမှ တခုဟာ ပျံသန်းနေချိန်တွင် ပတ်ဝန်းကျင်နှင့် လေယာဉ်အား ခွဲခြားသိမြင်နိုင်သည့် အနေ အထားကို ဖယ်ရှားရန် ပတ်ဝန်းကျင် လေထု အပူချိန်နှင့် အနီးစပ်ဆုံး ရှိအောင် တည်ဆောက်နိုင်ရန် ဖြစ်ပါတယ်။

ရေဒါပျောက်နည်းပညာ တီထွင်သူများဟာ လေယာဉ်မှ ထွက်လာတဲ့ မြင့်မားသည့် အပူချိန်ကို ၎င်းတို့၏ ရန်သူမှ ရှာဖွေနိုင်စွမ်းကို ရှောင်ကွင်းနိုင်ဖို့အတွက် နည်းလမ်းများကို ဖန်တီးကြံဆရတာ ဖြစ်ပါတယ်။

အမေရိကန် မဂ္ဂဇင်း The National Interest မှ China Claims New Stealth Bomber Will Reach Across Continents ဆောင်းပါးကို ဆီလျော်အောင် တင်ဆက်ထားတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.