ယခုအခါ နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကို ထိန်းသိမ်းနိုင်ဖို့နှင့် ဆောက်လုပ်ရေးလုပ်ငန်းအနာဂတ်အတွက် ပိုမို စိမ်းလန်းတဲ့ ပစ္စည်းများကို အသုံးပြုနိုင်စေဖို့ သုတေသီတွေက ကွန်ကရစ် အသစ်ကို အဓိက ပစ်မှတ်ထား တီ ထွင် ဖန်တီးလိုက်ပြီပဲ ဖြစ်ပါတယ်။
လေ့လာမှုများစွာအရ ရော်ဘာ တာယာ အဟောင်းများကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ ကွန်ကရစ်တွေဟာ ပိုမိုခိုင်ခံ့၊ အပူဒဏ်ခံနိုင်ကာ လမ်းတွေမှာ အသုံးပြုဖို့ လုံလောက်တဲ့ လိုက်လျောညီထွေဖြစ်စေအောင် ပြုလုပ်ထားပြီး မည်ကဲ့သို့အသုံးပြုနိုင်ကြောင်း ပြသထားပါတယ်။
ဒါ့အပြင် တာယာဟောင်းများပါရှိတဲ့ ကွန်ကရစ်များကို လူနေအိမ်တွေမှာအသုံးပြုနိုင်ဖို့ သမားရိုးကျကွန်ကရစ်ကို နည်းလမ်း များစွာဖြင့် ကျော်လွန်ကာ နှစ်ပေါင်းများစွာ အတွင်း ၎င်းတို့ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့် လေ့လာခြင်းအားဖြင့် အကဲ ဖြတ်ခဲ့ကြပါတယ်။
၎င်းတီထွင်ထားတဲ့ ကွန်ကရစ်ကို crumb rubber concrete ဟုလူသိများပြီး ၎င်းရဲ့ထုတ်လုပ်မှုတွင် ရော်ဘာ တာယာကို သဲနှင့်အချိုးချ ရောသမပြီး အတုံးများ ဖြစ်အောင် ကြိတ်ခြင်းတို့လည်း ပါဝင်ပါတယ်။

ထို့နောက် အဆိုပါ ကြိတ်ချေထားတဲ့အရာတွေကို ဘိလပ်မြေ၊ ရေနှင့် အခြားပါဝင်ပစ္စည်းများဖြင့် ရောစပ်ကာ ပြုလုပ်ထားပါတယ်။
ပုံမှန်အားဖြင့် သဲရဲ့ အချိုးအစား အချို့ကို ကွန်ကရစ်အဖြစ် ပြုလုပ်ဖို့ နှင့် သဘာဝပစ္စည်းအပေါ် မှီခို အားထားမှုကို လျော့ပါးစေအောင် စွန့်ပစ်ထားတဲ့ ရော်ဘာရဲ့ ဒုတိယသက်တမ်းကို အသုံးပြုထားတာ ဖြစ်ပါတယ်။
University of South Australia နှင့် Melbourne`s RMIT University မှ သိပ္ပံပညာရှင်တွေဟာ ကွန်ကရစ် အသစ်ကို ဓာတ်ခွဲ ခန်းစမ်းသပ်မှုများစွာပြသထားသော်လည်း လက်တွေ့ ကမ္ဘာ တည်ဆောက်မှုမှာ ၎င်းရဲ့ ယုံကြည်စိတ်ချရမှုကို ထပ်မံရှာဖွေဖို့ လိုအပ်ကြောင်း သတိပြုမိသဖြင့်
အဆိုပါ ပစ္စည်းကို “ဓာတ်ခွဲခန်းမှ လက်တွေ့ကမ္ဘာဆီသို့” ယူဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
လူနေအိမ်ရာနေရာတွေမှာ လက်တွေ့အသုံးချမှုကို စုံစမ်းစစ်ဆေးဖို့အတွက် သိပ္ပံပညာရှင်တွေက ၂၀၁၈ ခုနှစ်တုန်းက University of South Australia ကျောင်းဝင်း အတွင်းမှာ ရာဘာ အရောအနှော ခိုင်ခံ့သည့် ကွန်ကရစ်ပြား နှစ်ချပ်ကို သ မားရိုးကျကွန်ကရစ်ပြားနှစ်ချပ်နှင့်အတူ ယှဥ်တွဲလေ့လာခဲ့ပါတယ်။

ထို့နောက် ၎င်းတို့ကို ခြေလျင် အသွားအလာများတဲ့ ဝင်ပေါက်တွေမှာ ထားရှိပြီး ပစ္စည်းများရဲ့ စွမ်းဆောင်ရည်ကို အချိန်နှင့်အမျှ အနီးကပ်စောင့်ကြည့်လေ့လာခဲ့ပါတယ်။
“အားဖြည့်ထားတဲ့ ရော်ဘာကွန်ကရစ် (ထုထည်အားဖြင့် သဲ 20 ရာခိုင်နှုန်းခန့်အထိ အစားထိုးခြင်း) ဟာ အချို့သော နည်းလမ်းတွေမှာ သမားရိုးကျကွန်ကရစ်ထက် သာလွန်ကောင်းမွန်ကြောင်း၊ သက်ရောက်မှုခံနိုင်ရည်ရှိမှု၊ ခိုင်ခံ့မှုနှင့် ပျော့ပျောင်းမှု၊ စိုစွတ်မှုအချိုးမြင့်မားမှု၊ ပိုမိုကောင်းမွန်တဲ့ အပူခံနိုင်ရည်ရှိမှုတို့အပြင် အလေးချိန်အားဖြင့်လည်း ပိုပေါ့တယ် ” ဟု လေ့လာမှုစာရေးဆရာ Dr Osama Youssf က ဆိုပါတယ်။
power trowel သုံးပြီး ကွန်ကရစ် မျက်နှာပြင်ကို အချောသတ်တဲ့ နေရာမှာလည်း ကန်ထရိုက်တာများက ရော်ဘာ ကွန်က ရစ်နှင့် သမရိုးကျကွန်ကရစ်ကို အသုံးပြုခြင်းကြားတွင် ခြားနားမှု မရှိကြောင်း အစီရင်ခံတင်ပြထားပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အာရုံစိုက်မှုကြောင့် သက်ရောက်မှု ခံနိုင်ရည်ရှိစေတဲ့အချက်တွေဟာ အဆိုပါ ကွန်ကရစ်အတွက် တာ ရှည်ခံမှုရဲ့ ကောင်းမွန်တဲ့ အချက် ဖြစ်ပါတယ်။

ကွန်ကရစ်ကို ကာဗွန်ဓာတ်ပါဝင်မှု အလွန်များတဲ့ အတွက်ကြောင့် အက်ကွဲခြင်း၊ ပြိုကွဲခြင်း သို့မဟုတ် ပျက်ယွင်းပြီး အ ဆောက်အဦးများ အတွက် အစားထိုးဖို့ လိုအပ်တဲ့အခါမှာ ၎င်းကို အသုံးပြုနိုင်ပါတယ်။
မပျက်စီးနိုင်တဲ့ တာယာများကို ဒီအတိုင်းထားမည့်အစား ၎င်းကို ပိုမို ကြာရှည်ခံသည့် ပုံစံပြုလုပ်ပြီး အသုံးပြုခြင်းဟာ များစွာ ကောင်းကျိုးရှိပါတယ်။
ရော်ဘာအရောအနှော ဘိလပ်မြေဟာဆိုရင် လူနေအိမ်ကွန်ကရစ်ဈေးကွက်တွင် သမားရိုးကျကွန်ကရစ်ထက် စျေးနည်းပြီး အလားအလာကောင်းတဲ့ အစားထိုးတစ်မျိုးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြသခဲ့တယ်ဟု လေ့လာမှုစာရေးဆရာ ပါမောက္ခ Yan Zhuge က ပြောကြားခဲ့ပါတယ်။
သြစတေးလျနိုင်ငံရှိ လူနေအိမ်အဆောက်အအုံများတွင် သမရိုးကျကွန်ကရစ်ထက် ရော်ဘာအရောအနှောကွန်ကရစ်တွေကို အသုံးပြုတာဟာ ကောင်းမွန်တဲ့ အစားထိုးပစ္စည်းတစ်ခုဖြစ်ကြောင်း ကွန်ကရစ်လုပ်ငန်းမှ အကြံပြုထားပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။