ညဘက်တွေမှာ သဲကန္တာရတွေ အရမ်းအေးရတဲ့ အကြောင်း

Article Nature

မြောက်အာဖရိကရှိ ဆာဟာရ သဲကန္တာရကို တစ်ရက် ခရီးထွက်ရင် ရေအများကြီးနဲ့ နေရောင်ကာ ခရင်မ်တွေ အများကြီး ယူလာချင်ပါလိမ့်မယ်။

ဒါပေမယ့် ညအိပ်ဖို့ စီစဉ်ထားရင်တော့ သပ်သပ်ရပ်ရပ် အိပ်စက်လို့ရတဲ့ အိတ်ယာလိပ်တခု ဆောင်ထားရင်တော့ ပိုကောင်းမှာ သေချာပါတယ်။

ဘာလို့လဲဆိုတော့ ဆာဟာရရဲ့ အပူချိန်က နေ့ဘက်မှာ ပျမ်းမျှ ၁၀၀ ဒီဂရီ ဖာရင်ဟိုက် ( ၃၈ ဒီဂရီဆဲလ်ဆီးယက် ) မှ ညအချိန်ဆိုရင်တော့ ပျမ်းမျှ အနိမ့်ဆုံး ၂၅ ဒီဂရီ ဖာရင်ဟိုက် ( အနုတ် ၄ ဒီဂရီ ဆဲလ်ဆီးယက် ) အထိ ကျဆင်းသွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါဆို၊ ဆာဟာရလို ခြောက်သွေ့တဲ့ သဲကန္တာရတွေမှာ ဒီလို သိသိသာသာ အပူချိန် အပြောင်းအလဲ ဘာကြောင့် ဖြစ်ရတာလဲ။

ပြီးတော့ ဒီလိုဒေသတွေမှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ အပင်တွေက ဘယ်လိုမျိုး ရှင်သန်နေထိုင်ကြသလဲဆိုတာ စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။

အပူနှင့် စိုထိုင်းဆ

ကမ္ဘာမြေရဲ့ ၃၅ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားသည့် ခြောက်သွေ့သောဒေသများဟာ အလွန်ပူလာပြီးနောက်ပိုင်း အလွန် အေးလာရခြင်းရဲ့ အဓိကအကြောင်းရင်း နှစ်ချက်မှာ သဲနှင့် စိုထိုင်းဆ ပေါင်းစပ်မှုဖြစ်ပါတယ်။

သဲဟာ အပူကို ကောင်းစွာမထိန်းနိုင်ပါဘူး။ နေရဲ့အပူနှင့်အလင်းရောင်ဟာ သဲကန္တာရသို့ဝင်ရောက်လာတဲ့အခါ၊ သဲကန္တာရရဲ့အပေါ်ဆုံး အလွှာရှိ သဲစေ့များက အပူကို စုပ်ယူကာ လေထဲသို့ အပူ ပြန်ထုတ်ပေးတယ် ဟု ကယ်လီဖိုးနီးယား၊ Pasadena ရှိ Jet Propulsion Laboratory ရဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာအရ သိရပါတယ်။

နေ့ခင်းဘက်တွင် နေစွမ်းအင်ကြောင့် လေကို ပိုပူစေပြီး အပူချိန်ကို မြင့်စေပါတယ်။ သို့သော် ညဘက်တွင် သဲရဲ့အပူအများစုဟာ လေထဲသို့ လျင်မြန်စွာ ဖြာထွက်ပြီး ၎င်းကို ပြန်လည် အပူပေးဖို့ အတွက် နေရောင် မရှိတာကြောင့် သဲနှင့် ၎င်းရဲ့ပတ်ဝန်းကျင်ကို ယခင်ကထက် ပိုအေးစေပါတယ်။

သို့သော်လည်း ဒီဖြစ်စဉ်တစ်ခုတည်းကြောင့် အပူချိန် အလွန်အမင်း ကျဆင်းသွားခြင်းအတွက် ထည့်တွက်ခြင်း မရှိပါဘူး။

ပြင်းထန်တဲ့အပူချိန်ပြောင်းလဲမှုရဲ့ အဓိကအကြောင်းရင်းက ကန္တာရလေထုဟာ အလွန်ခြောက်သွေ့ခြင်းကြောင့်ဖြစ်ပါတယ်။

Sahara နှင့် ချီလီနိုင်ငံရှိ Atacama သဲကန္တာရကဲ့သို့ ခြောက်သွေ့တဲ့ သဲကန္တာရတွေမှာ စိုထိုင်းဆ (လေထုထဲတွင် ရေခိုးရေငွေ့ပမာဏ)ဟာ လက်တွေ့တွင် သုညဖြစ်ပါတယ်။

သဲနှင့်မတူဘဲ၊ ရေဟာ အပူကို သိုလှောင်နိုင်စွမ်း ကြီးမားပါတယ်။ စိုထိုင်းဆ မြင့်မားသော လေတွေဟာ အပူချိန်တက်ဖို့ စွမ်း အင် ပိုမို လိုအပ်ပြီး အဓိပ္ပါယ်မှာ ထိုစွမ်းအင်များ ပြေပျောက်စေဖို့နှင့် ပတ်ဝန်းကျင်ကို အေးစေဖို့အတွက် အချိန်ပိုလိုအပ်ပါတယ်။

ဒါ့ကြောင့် သဲကန္တာရများတွင် စိုထိုင်းဆ မရှိခြင်းဟာ ဒီမိုးနည်းတဲ့ နေရာများကို လျင်မြန်စွာ အပူတက် စေရုံသာမက လျှင်မြန်စွာ အေးစေပါတယ်။

လွန်ကဲသော အပူချိန်နှင့် လိုက်လျောညီထွေ ဖြစ်စေမှု

အဆိုပါ အရှိန်အဟုန်ဖြင့် အပူချိန်ပြောင်းလဲနေသော်လည်း သဲကန္တာရ တိရစ္ဆာန်များဟာ သဲကန္တာရရဲ့ အလွန်အမင်း အပူချိန် ပြောင်းလဲမှုများအတွက် ကောင်းစွာလိုက်လျောညီထွေရှိကြပါတယ်။

“ဒါဟာ သူတို့အတွက် အတော်လေး သေးငယ်တဲ့ ပြဿနာ တစ်ခုသာ ဖြစ်နိုင်တယ်” ဟု အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဇီဝကမ္မဗေဒ ပညာရှင် Dale DeNardo က ဆိုပါတယ်။

၎င်းတို့အတွက် ပိုကြီးမားတဲ့ စိန်ခေါ်မှုက အသက်ရှင် ရပ်တည်ဖို့အတွက် အစာနှင့် ရေ လုံလောက်စွာ ရရှိရေးပဲ ဖြစ်ပါတယ်။

သဲကန္တာရတွင် အပေါများဆုံးနှင့် အမျိုးစုံကွဲပြားတဲ့ တိရစ္ဆာန် အုပ်စု ဖြစ်သော တွားသွားသတ္တဝါများဟာ လွန်ကဲသော အပူ ချိန် ပြောင်းလဲမှုနှင့် ကောင်းစွာ လိုက်လျောညီထွေ ရှိတဲ့အတွက်ကြောင့် ၎င်းတို့ဟာ ပုံမှန် ကိုယ်အပူချိန်ကို ထိန်းသိမ်းဖို့ အ တွက် စွမ်းအင်ကို အသုံးပြုဖို့ မလိုအပ်ပါဘူး။

တစ်နည်းဆိုရသော် တွားသွားသတ္တဝါများဟာ အမဲလိုက်ခြင်းကဲ့သို့ အခြားနေရာများတွင် ဒီစွမ်းအင်ကို အသုံးပြုကြပါတယ်။

တွားသွား သတ္တဝါများစွာဟာ သေးငယ်သည့် အတွက်လည်း နေ့ဘက်တွင် အရိပ်ရနေသော ချောင်များ သို့မဟုတ် ညဘက်တွင် ပိုနွေးသော ကျောက် ဆောင်များကို ရှာဖွေနိုင်စေ​သည့် အကျိုးကျေးဇူးများလည်းရှိပါတယ်။

ကုလားအုတ်များကဲ့သို့ သွေးနွေး နို့တိုက်သတ္တဝါကြီးများဟာ နေနှင့် ဝေးဝေးရှောင်ဖို့ ကြီးမားလွန်းပြီး ၎င်းတို့ရဲ့ ကိုယ်အပူ ချိန် ကျဆင်းသွားအောင် မလုပ်နိုင်ပါဘူး။

သို့ပေမည့်လည်း ကုလားအုတ်များဟာ အပူအအေး နှစ်မျိုးလုံးတွင် ခန္ဓာကိုယ်အပူချိန်ကို ထိန်းထားခြင်းဖြင့် ရှင်သန်နိုင်ကြပါတယ်။

၎င်းတို့ဟာ အဆီနှင့် ထူထဲသော သားမွေးပုံစံဖြင့် ကာရံကာ နေ့ခင်းဘက် အပူလွန်ကဲပြီး ညဘက်တွင် အလွန်အကျွံ အေးခြင်းမှ ကာကွယ်နိုင်တယ်ဟု DeNardo က ဆိုပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ သဲကန္တာရ ငှက်များဟာ အငွေ့ပျံမှုူမှ ရရှိတဲ့ အအေးဓာတ်ကို အသုံးပြုကြပါတယ်။ လူများ ချွေးထွက်ခြင်း နှင့် ခွေးများ ဟောဟဲ ဖြစ်ကဲ့သို့ သူတို့ရဲ့ကိုယ်ခန္ဓာမှ အပူကို ဖယ်ရှားဖို့အတွက် ရေကိုအသုံးပြုကြပါတယ်။

မတူညီသော နည်းလမ်း များစွာဖြင့် လင်းတအချို့ကလည်း ၎င်းတို့ရဲ့ ခြေထောက်များကို အေးစေဖို့ ဆီးသွားကြပါတယ်။

ဒါ့ကြောင့် အခြားသော သဲကန္တာရ တိရစ္ဆာန်များကဲ့သို့ ရေဓာတ် ထိန်းသိမ်းခြင်း အတွက် စိတ်ပူစရာ မလိုဘူး လို့ DeNardo က ဆိုပါတယ်။

အခြားတစ်ဖက်မှာလည်း အပင်တွေက အပူချိန်လွန်ကဲတဲ့အတွက်ကြောင့် ပို၍ ခံနိုင်ရည်ရှိကြပါတယ်။

“သူတို့က မလှုပ်နိုင်လို့ ပိုကြီးတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရတယ်” ဟု DeNardo က ဆိုပါတယ်။ ဒါ့ကြောင့် ရှားစောင်းပင်များကဲ့သို့ အထင်ကရ သဲကန္တာရအပင်များဟာ ၎င်းတို့ရဲ့ အဖိုးတန်ရေများကို သားကောင်များ ရန်မှ ကာကွယ်ဖို့ ဆူးများနှင့် အဆိပ်များ ရှိကြပါတယ်။

သို့သော်၊ ညအချိန်တွင် အေးခဲသောအပူချိန်ဟာ အပင်များအတွက် ရေများအေးခဲပြီး တစ်ရှူးများအတွင်း ချဲ့ထွင်လာတဲ့အတွက်ကြောင့် အပင်များအတွက် ပျက်စီးစေနိုင်ပါတယ်။

ဒါ့ကြောင့် ကန္တာရရှိ အပင်တွေဟာ နာရီ အတော်ကြာလောက် အထိ ရေခဲမှတ်ကို မကျရောက်နိုင်သည့် နေရာများတွင်သာ ပေါက်ရောက်ကြပါတယ်။

ရာသီဥတုပြောင်းလဲခြင်းရဲ့ သက်ရောက်မှုများ

သုတေသီတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးနည်းသော နေရာများနှင့် သက်ရှိများကို မည်ကဲ့သို့ အကျိုး သက်ရောက် နိုင်သလဲ ဆိုတာကို ရှာဖွေနေကြဆဲဖြစ်သော်လည်း “အပြောင်းအလဲများကို ကျွန်ုပ်တို့ သေချာပေါက်မြင်တွေ့ရလိမ့်မည်” ဟု DeNardo က ပြောကြားခဲ့ပါတယ်။

“သဲကန္တာရအများစုအတွက်၊ ပျမ်းမျှအပူချိန် ၃ မှ ၄ ဒီဂရီဖာရင်ဟိုက် [၁.၇ မှ ၂.၂ ဒီဂရီဆဲလ်ဆီးယက် ] မြင့်တက်လာမည်ဟု ခန့်မှန်းထားကြပါတယ်။

သို့သော်လည်း သုတေသနပြုချက်များအရ “ညအချိန်တွေမှာ ပိုမို ပူနွေးလာမှာ ဖြစ်သော်လည်း နေ့အပူချိန် များသလောက်တော့ မဆိုးပါဘူး” ဟု DeNardo က မှတ်ချက်ပြုခဲ့ပါတယ်။

တကယ့်ပြဿနာက ရာသီဥတုပြောင်းလဲမှုဟာ ကန္တာရမှ သတ္တဝါများ အားကိုးအားထားပြုရသော နှစ်စဉ် မိုးရွာသွန်းမှု ပမာ ဏအပေါ် သက်ရောက်မှုရှိလာနိုင်တယ် DeNardo က ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.