အချို့သော မြွေမျိုးစိတ်တွေ သဲကန္တာရမှာ အလွယ်တကူ ရှင်သန်နိုင်​​ရတဲ့ အကြောင်းအရင်း

Knowledge Nature

ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ တိရစ္ဆာန်တွေများပြားစွာ နေထိုင်လျက်ရှိပြီး ၎င်းတို့အနက် မြွေများဟာ စိတ်ဝင်စားစရာ အ ကောင်းဆုံးထဲမှ တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ကမ္ဘာပေါ်မှာ တွားသွားသတ္တဝါမျိုးစိတ် ၃,၆၃၁ မျိုးရှိကြောင်း သိရှိခဲ့ရပါတယ်။

တွားသွားသတ္တဝါတွေဟာ တစ်ကောင် နှင့်တစ်ကောင် မျိုးစိတ်၊ အရှည်၊ အဆိပ်သင့်မှု အတိုင်းအတာနှင့် ၎င်းတို့ရဲ့ နေထိုင်ရာအပေါ်မူတည်ပြီး ပုံစံတွေလည်း ကွဲပြားပါတယ်။

အထူးသဖြင့် မိုးနည်းတဲ့ သဲကန္တာရတွေမှာ နေထိုင်သူ​တွေအတွက် အသက်ရှင်ဖို့ဆိုရင် ရေရရှိဖို့က အလွန်ခက်ခဲပါတယ်။

ဒါပေမယ့် အချို့မြွေမျိုးစိတ်တွေက ခန္ဓာကိုယ်ထဲမှာ အရည်တွေ စုဆောင်းပြီးနောက် သားကောင်ကို စောင့်ဆိုင်းဖို့ အချိန်အတော်ကြာအောင် ​နေနိုင်ကြပါတယ်။

ခလောက်မြွေ

မြွေတွေက ရေကို ဘယ်လို စုဆောင်းကြတာလဲ။

၎င်းတို့ရဲ့ခန္ဓာကိုယ်အတွင်း ရေကို ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ မြွေမျိုးစိတ်များထဲမှ တစ်မျိုးကတော့ ဆိုနိုရန် သဲကန္တာရမှာ နေထိုင်ပါတယ်။

အမေရိကန်နှင့် မက္ကဆီကိုကြားရှိ အဆိုပါ ဒေသဟာ ကမ္ဘာပေါ်မှာ ​ရေအရှားဆုံး ဒေသများထဲမှ တစ်ခု ဖြစ်တဲ့အတွက်ကြောင့် ၎င်းဒေသရှိ ရေဟာ အထူးတန်ဖိုးကြီးပါတယ်။

ဒီကိစ္စနှင့် ပတ်သက်ပြီး ဆင့်ကဲဖြစ်စဉ်အရ ခလောက်မြွေ ကဲ့သို့သော ဒေသခံမြွေအချို့ဟာ ရေကို စုဆောင်းထိန်းသိမ်းဖို့ အလွန်ထူးခြားတဲ့နည်းလမ်းကို ကျွမ်းကျင်စွာ အသုံးပြုလာကြပါတယ်။

မိုးရေထဲမှာ ၎င်းတို့အပေါ် ကြွေကျနေတဲ့ မိုးစက်တွေအောက်မှာ ခန္ဓာကိုယ်ကို ထိတွေ့စေပါတယ်။ ရေမှုန်တွေက ၎င်းတို့ ခန္ဓာကိုယ်ပေါ်သို့ ကပ်သွားပြီး နောက်ပိုင်းမှာ မြွေတွေဟာ ခန္ဓာကိုယ်မှ အစိုဓာတ်ကို လျှာဖြင့် စုပ်ယူကြပါတယ်။

ဆိုနိုရန်သဲကန္တာရဟာ ကမ္ဘာပေါ်တွင် အခြောက်သွေ့ဆုံးနေရာများထဲမှ တစ်ခုဖြစ်ပါတယ်။

မြွေတွေက သဲကန္တာရထဲမှာ နေထိုင်သလား။

မြွေတွေဟာ အကြေးခွံအတွင်းမှ ရေကို စုဆောင်းကာ ရေငတ်တဲ့အခါမှသာ လျှာဖြင့် လျက်ကြပါတယ်။

ဒါဟာ နားလည်ရခက်ပေမယ့် သိပ္ပံပညာရှင်တစ်ယောက်ကတော့ မြွေရဲ့ခန္ဓာကိုယ်ထဲက ရေစက်လေးတွေ ဘာကြောင့် လွတ်ထွက်မသွားအောင် အချိန်အကြာကြီး ထိန်းထားနိုင်သလဲဆိုတာကို လေ့လာခဲ့ပါတယ်။

Lampropeltis

Royal snake (Lampropeltis) ကဲ့သို့သော မြွေတွေကတော့ ​ရေအမှုန် အမွှားတွေကို ခန္ဓာကိုယ်မှ လျင်မြန်စွာ ထွက်စေပါတယ်။

ဒါ့ကြောင့် တွားသွားသတ္တဝါတွေရဲ့ အကြေးခွံတွေက အလွန် ကွာခြားနေပါသလား ဆိုတာ မေးစရာဖြစ်လာပါတယ်။

သိပ္ပံပညာ ဂျာနယ်မှာ တွေ့ရှိချက်အရ ပြင်းထန်တဲ့ ကွဲပြားမှုတွေက တကယ်ရှိပါတယ်။

အဏုကြည့်မှန်ပြောင်းအောက်ရှိ ခလောက်မြွေရဲ့ အကြေးခွံတွေကို လေ့လာပြီးနောက် ၎င်းတို့မှာ အကျယ် 100 naneters နှင့် အနက် 300 nanometers ခန့်ရှိသော သေးငယ်တဲ့ လမ်းကြောင်းများ ပါ၀င်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြ ပါတယ်။

အဆိုပါလမ်းကြောင်းတွေ ပေါင်းစပ်ခြင်းဟာ အရေပြားအောက်မှာ ရေအားလျှပ်စစ် ဂုဏ်သတ္တိများ ပေးစွမ်းသည့် ရှုပ်ထွေးတဲ့ ဝင်္ကပါတစ်ခုလို ဖြစ်လာပါတယ်။

ဆိုလိုတာက အကြေးခွံတွေထဲမှာ ရေဟာ အမှန်အတိုင်း စိမ့်ဝင်သွားပြီး လိုအပ်တဲ့အချိန်မှာ သောက်သုံးနိုင်တဲ့ အခွင့်အရေး ရရှိလာစေတာကို ဆိုလိုပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက် အရ ခလောက်မြွေရဲ့ ခန္ဓာကိုယ် အင်္ဂါရပ်ဟာ ၎င်းတို့ကို အမဲလိုက်ဖို့နှင့် ကြမ်းတမ်းတဲ့ အခြေအနေတွေမှာ အသက်ရှင်နိုင်ဖို့ ကူညီပေးပါတယ်။

ခလောက်မြွေ

ခလောက်မြွေတွေဟာ အလွန်အထိုင်များတဲ့ နေထိုင်မှုပုံစံဖြစ်ပြီး အထူးကောင်းမွန်တဲ့ ဖွဲ့စည်းပုံ နှင့် ခံနိုင်ရည်မရှိတဲ့အတွက်ကြောင့် လူသိများပါတယ်။

ထို့အတွက်ကြောင့် ၎င်းတို့ဟာ ဖြစ်နိုင်ချေရှိတဲ့ သားကောင်တွေရဲ့ အခြေအနေတွေကို အချိန်အတော်ကြာအောင်လေ့လာပြီး အပိုင် အ​ခြေအနေမှသာ ခုန်အုပ်ဖို့အတွက် စွမ်းအင်ကို သုံးစွဲကြပါတယ်။

၎င်းတို့ရဲ့စွမ်းအင်ကို ချွေတာသလိုပဲ အဆိုပါ မြွေမျိုးစိတ်တွေဟာ ရေငတ်နေချိန်မှာတောင် ရေဆာတာကို ထိန်းသိမ်းဖို့ ၎င်းတို့ရဲ့ ကြေးခွံတွေထဲမှာ ရေကို စုဆောင်းကြပါတယ်။

ဘာပဲပြောပြော ယေဘုယျအားဖြင့်တော့ မြွေတွေက လေ့လာဖို့ အလွန် စိတ်ဝင်စားဖွယ် ကောင်းတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 29/3/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published.