ညစ်ပေနေတဲ့ ပန်းကန်တွေကို ပန်းကန်ဆေးစင်ထဲမှာ မစိမ်ထားသင့်တဲ့အကြောင်း

Knowledge Lifestyle

လူတော်တော်များများက စားသောက်ပြီးသား ပန်းကန်ခွက်ယောက်တွေကို ပန်းကန်ဆေးစင်မှာ ထားကြတာကို အမြဲလိုလိုပြုလုပ်တက်ကြပါတယ်။

စိတ်ကူးကတော့ ပန်းကန်ပြားတွေကို ရေနွေးနဲ့စိမ်ထားတဲ့အတွက်ကြောင့် ကပ်နေတဲ့အစာတွေကို ချေဖျက်နိုင်မှာဖြစ်ပြီး နောက်ဆုံး စိတ်ပါလာမှ သန့်ရှင်းရေးလုပ်တဲ့အခါ ပိုမိုလွယ်ကူစေမှာ ဖြစ်တယ်ဟု ထင်ကြပါတယ်။

အချိန်ဆွဲခြင်းအတွက် အကြောင်းပြချက်တစ်စုံတစ်ရာက ပန်းကန်ဆေးရတာလွယ်ကူတယ်ဟု ထင်ရသော်လည်း အဆိုပါ အလေ့အထက ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။

Australian Broadcasting Corporation အစီရင်ခံစာအတိုင်းဆိုရင် ကျွန်ုပ်တို့ရဲ့ ပန်းကန်တွေကို ပန်းကန်ဆေးကန်ထဲ ​စိမ်ခြင်းက အမှန်တကယ်ပဲ ၎င်းတို့ကို ပိုညစ်ပတ်စေပါတယ်။

မဆေးရသေးတဲ့ပန်းကန်တွေကို ရေဆေးဇလုံထဲမှာ ကြာကြာထားလေလေ ၎င်းတို့မှာ ရောဂါပိုးမွှားများ ပေါက်ပွားဖို့ အချိန် ရလေလေ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့မီးဖိုချောင်သုံး ပစ္စည်း​တွေကို ရေနွေးပူပူတွင် နှပ်ထားမယ်ဆိုရင် ဘက်တီးရီးယား ပိုးမွှားတွေ မနေနိုင်အောင် လျင်မြန်စွာ ပြောင်းလဲသွားနိုင်သည့်အချက်ကတော့ အထူးသဖြင့် မှန်ပါတယ်။

ကျွန်ုပ်တို့ ပန်းကန်ဆေးစင်မှ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေဟာ အရင်းအမြစ်များစွာမှ လာနိုင်ပါတယ်။

အကယ်၍ ကျွန်ုပ်တို့အနေနဲ့ အသားစိမ်း သို့မဟုတ် ပင်လယ်စာတွေ ချက်ပြုတ်စားသုံးပါက E. coli သို့မဟုတ် salmonella ကဲ့သို့သော ဘက်တီးရီးယားပိုးမွှားတွေက မီးဖိုချောင်သုံးဓားနှင့် စဉ်းနှီတုံးတွေမှာ ရှိနေနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ရောဂါပိုးမွှားတွေ ဖြစ်နိုင်ချေရှိတဲ့ ပန်းကန်တွေကို ချက်ချင်း ဆေးကြောတာ အကောင်းဆုံးပါပဲ။

ပိုးမွှားတွေက သစ်သီး​တွေ၊ ဟင်းသီးဟင်းရွက်​တွေ၊ နို့ထွက်ပစ္စည်း​တွေ၊ ကျွန်ုပ်တို့ရဲ့ လက်တွေနှင့် ပန်းကန်ဆေး ရေမြှုပ်မှ စတင်ပေါက်ဖွားနိုင်ပါတယ်။

ပန်းကန်ဆေး ရေမြှုပ်များနှင့် ပတ်သက်ပြီး “မီးဖိုချောင်သုံး ရေမြှုပ်များနှင့် ဘတ်တီးရီးယား ပြဿနာ” ခေါင်းစဉ်ဖြင့် ဖော်ပြ ခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့မီးဖိုချောင်သုံး ဇလုံမှာ ဘက်တီးရီးယားအနည်းငယ်လောက် မြန်မြန်ပွားနိုင်ပါတယ်။

သို့ပေမယ့်လည်း ပန်ကန်ဆေးရေမြှုပ်တွေကတော့ ဘတ်တီးရီးယားပိုးမွှားတွေအတွက် နေထိုင်ဖို့အကောင်းဆုံးနေရာဖြစ်သလို စားကြွင်းစားကျန်တွေကပ်ငြိနေတဲ့အတွက်ကြောင့် အာဟာရဓာတ်များ ပြည့်ဝနေပါတယ်။

တစ်နည်းဆိုရသော် ၎င်းတို့ဟာ ရောဂါပိုးမွှားများရဲ့ ပေါက်ဖွားရာ အဓိကနေရာလည်း ဖြစ်ပါတယ်။

ညစာစားပြီးနောက် မည်မျှပင် ပင်ပန်းနွမ်းနယ်နေပါစေ ဘက်တီးရီးယားပိုးမွှားများ မကြီးထွားစေဖို့အတွက် ပန်းကန်များကို အမြန်ဆုံးဆေးကြောသင့်ပါတယ်။

အကယ်၍ ကျွန်ုပ်တို့အနေနဲ့ ပန်းကန်ဆေးစက် မသုံးပါက ဘုံဘိုင်ရေကို ရေနွေးပူပူဖြင့် လောင်းချပြီး ပန်းကန်များကို ဆပ် ပြာ များများဖြင့် ပွတ်တိုက်ပေးသင့်ပါတယ်။

ဒါ့အပြင် ပန်းကန်ဆေးရေမြှုပ်တွေကနေလည်း ပိုးမွှားများ လျင်မြန်စွာ​ ပေါက်ဖွားနိုင်တာကြောင့် တတ်နိုင်သမျှ မကြာခဏ အစားထိုးသင့်ပါတယ်။

ဒီအကြောင်းအရာတွေက ကျန်းမာရေးအတွက်ကော ၊ သန့်ရှင်းသပ်ရပ်မှုအတွက်ကော ကောင်းမွန်တဲ့ အကြံပြုပြောဆိုချက်တွေပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.