ငယ်ငယ်က လက်ရေး မသေသပ်ပါက ဆရာဝန်လက်ရေးနဲ့ တူတယ်လို့ ပြောကြပေမယ့် ဆရာဝန်တွေရဲ့ လက်ရေးဟာ ပဲပင်ပေါက် လက်ရေးဖြစ်ရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။
ဉာဏ်အမြော်အမြင်အရှိဆုံး၊ အသေးစိတ်ကို အသားပေးသူတွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ခံထားရတဲ့ ဆရာဝန်တွေဟာ မကြာခဏ ရှုပ်ထွေးတဲ့ လက်ရေးတွေ ရေးတက်ကြတာနှင့် ပတ်သတ်ပြီး ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
လူနာတစ်ဦးရဲ့ ရှုထောင့်မှ ကြည့်မယ်ဆိုရင် အတွေးလွန်တဲ့ အခါမှာတော့ အလွန် ကြောက်စရာ ကောင်းပုံရပါတယ်။
အကယ်၍ ကျွန်ုပ်တို့ရဲ့ ယုံကြည်ရသော ဆေးဝါးပညာရှင်တွေ ၊ ဆရာဝန်တွေက ကြောင်ခြစ်ရာ လက်ရေးကို လွဲမှားစွာ အဓိ ပ္ပာယ် ဖွင့်ဆိုပါက၊ ကျွန်ုပ်တို့အနေနဲ့ အန္တရာယ်ရှိတဲ့ ဆေးပမာဏ သို့မဟုတ် မှားယွင်းတဲ့ ဆေးဝါးကိုပင် သုံးစွဲပြီး အသက် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
National Academies of Science’s Institute of Medicine ၏ ၂၀၀၆ ခုနှစ်တုန်းက လေ့လာမှုတွေအရ ဆရာဝန်တွေဟာ ကြောင်ခြစ် သကဲ့သို့ ရှုပ်ထွေးတဲ့ လက်ရေးကြောင့် တစ်နှစ်လျှင် လူ ၇,၀၀၀ ကျော် ဆုံးရှုံးခဲ့ရပြီး ဆေးမှားယွင်းမှုတွေဟာ နှစ်စဉ် အမေရိကန် နိုင်ငံသား ၁.၅ သန်းခန့် ကို ထိခိုက်စေကြောင်း ခန့်မှန်းခဲ့ပါတယ်။

နောက်ပိုင်းတွင် အမေရိကန်ရှိ ဆေးဘက်ဆိုင်ရာ နေရာ အများအပြားဟာ အီလက်ထရွန်းနစ် ဆေးမှတ်တမ်းများနှင့် ဆေး ညွှန်းများဆီသို့ ပြောင်းလဲ အသုံးပြုလာခဲ့ကြပြီး အချို့ ပြည်နယ်များတွင်လည်း ထိုသို့ ပြုလုပ်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတခုက ဆရာဝန်တွေဟာ ကျွန်ုပ်တို့ သဘောပေါက် ထားတာထက် များစွာ ပို၍ ရေးရတဲ့ အ တွက်ကြောင့် ဖြစ်နိုင်ပါတယ်။
“ဆေးဘက်ဆိုင်ရာ နယ်ပယ်မှာတော့ မှတ်တမ်း မတင်ထားရင် မှားယွင်းမှုတွေ ဖြစ်နိုင်တယ် ” ဟု ParaDocs Worldwide မှ ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး Celine Thum က The Healthy သို့ ပြောကြားခဲ့ပါတယ်။
တကယ်လို့ ကျွန်ုပ်ဟာ တစ်နေ့တာရဲ့ ပထမဆုံး လူနာဖြစ်ပါက ဆေးမှတ်တမ်းနှင့် ရရှိသော ဆေးစာ ဖြတ်ပိုင်းများကို လုံးဝ နားလည်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆယ်နာရီနဲ့ ဒါဇင်နဲ့ချီတဲ့ ရက်ချိန်းတွေ ကြာတော့ ဆရာဝန်ရဲ့ လက်ကြွက်သားတွေက အတော်လေး ကျဉ်း မြောင်း သွားနိုင်ပါတယ်။

ထိုအချိန်မှာ ဆရာဝန်တွေ ရေးတဲ့ အကြောင်းအရာက စာလုံးပေါင်းဖို့ အတော်လေးကို မလွယ်ပါဘူး။
ဒါ့ကြောင့် စာလုံးများ အားလုံးကို မှန်ကန်စွာ မရေးတော့တာ ဖြစ်ပြီး တစ်ခါတစ်ရံတော့ အလောတကြီး လုပ်မိတာတွေလည်း ရှိပါတယ်။
“ကျွန်တော်တို့မှာ ရေးလို့ မရနိုင်တဲ့ နည်းပညာဆိုင်ရာ အသုံးအနှုန်းတွေ အများကြီးရှိတယ်” ဟု Thum က ဆိုပါတယ်။
အဆင်မပြေတဲ့ အကြောင်းအရာ တခုက တစ်ခါတစ်လေ အမှားကို ဖုံးကွယ်ဖို့လည်း ရေးခြစ်တတ်ပါတယ်။
ဒီလို ဖြစ်စဉ်မျိုးကြောင့် ဆရာဝန်များ လက်ရေးကြောင့် ဆိုပြီး စောဒက တက်နိုင်ချေ ပိုများလာပါတယ်။
ဆေးစာတစ်ခုက ကျွန်ုပ်တို့ အတွက် အဓိပ္ပါယ်ဖော်၍ မရပါက ဆရာဝန်က ချက်ချင်း နားလည်နိုင်စေမည့် အတိုကောက်ကို အသုံးပြုနေခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲပြောပြော ကျွန်ုပ်တို့ရဲ့ ဆေးမှတ်တမ်း စာအုပ်တွင် ဆရာဝန်မှ ရေးထားတာကို နားမလည်ပဲ စိတ်ရှုပ်နေပါက၊ ၎င်းတို့အား ရှင်းရှင်းလင်းလင်း သိအောင် အမြဲတမ်း တောင်းဆိုရမှာဖြစ်ပြီး ဆေးစာပုလင်းပေါ်တွင် ရိုက်နှိပ်ထားသည့်အရာနှင့် ကိုက်ညီမှု ရှိမရှိကို နှစ်ကြိမ် တိုင်တိုင် စစ်ဆေးသင့်ပါတယ်။
လက်ရှိ အချိန်မှာ အင်တာနက်ပေါ်တွင် ဆေးစာအုပ်များမှ အချက်အလက်များကို ရှာဖွေပြီး ဒီပြဿနာကို ကြိုတင် ဖြေရှင်းထားနိုင်ပါတယ်။
ကိုယ့်အတွက် နားမလည်နိုင်မယ့် စာလုံးပေါင်းများ ရှိရင်လည်း အပြုသဘောဆောင်တဲ့ မေးခွန်းဖြင့် ဆရာဝန်အား တိုင်ပင်ပြီး အဖြေရှာပါက မလိုလားအပ်တဲ့ ပြဿနာများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။