ခွေးများ၏ အစားအစာနှင့် ပတ်သက်သည့် ဇီဇာကြောင်မှုတွေကို မသိရပေမယ့် တချို့ ခွေးပေါက်လေးများဟာ ပုံမှန် အမှိုက် သရိုက်တွေကို ရှာဖွေ စားသောက်တာကနေ ၎င်းတို့ အပေါင်းအဖော်များနှင့် ဖြစ်စေ ကိုယ်တိုင်ပဲ ဖြစ်စေ မစင်များကို စားသောက်တတ်လာကြပါတယ်။
ခွေးတွေမှာ ဘာလို့ ဒီလိုအလေ့အထ ရှိလဲဆိုတာကတော့ သိပ္ပံနည်းကျ အတိအကျတော့ ပြောပြလို့ မရသေးပါဘူး။
အကြောင်းကတော့ သုတေသီများဟာ ဒီလို ခွေးတွေ ပြုမူဖို့ ဘယ်ဟာက တွန်းအားပေးနေတာလဲ သေချာ မသိကြသေးလို့ ဖြစ်ပါတယ်။
ဒီလို အတိအကျ မပြောနိုင်ပေမယ့် လေ့လာထားတဲ့ လေ့လာမှု အချို့တော့ ရှိနေပါသေးတယ်။
တကယ်လို့ သင်မွေးထားတဲ့ ခွေးဟာ မစင်ကို စားနေပြီ ဆိုရင်တော့ သင်ဟာ သင့်ခွေးကို သူ့ရဲ့ အကြိုက်ဆုံး အစာဖြစ်တဲ့ မစင်ကို မစားဖို့ ဘယ်လိုမှ သင်လို့ရမှာ မဟုတ်တော့ပါဘူး။

ဝါရှင်တန် သတင်းစာတွင် ပါရှိခဲ့သည့် တိရိစ္ဆာန်ဆေးပညာနှင့် သိပ္ပံနှင့်ဆိုင်သည့် လေ့လာမှု တခုတွင် canine conspecific coprophagy လို့ခေါ်တဲ့ ခွေးများ မစင်စားရတဲ့ အကြောင်းအရင်း၏ သီအိုရီတစ်ခုကို ဖော်ပြခဲ့ပါတယ်။
အွန်လိုင်း စစ်တမ်းကောက်မှုများအရ ခွေးပိုင်ရှင် ထောင်ပေါင်းများစွာဟာ ၎င်းတို့ခွေးများ မစင်စားခဲ့ကြကြောင်း ပြောပြခဲ့ပါတယ်။
သုတေသီတွေဟာ ဒီလို အညစ်အကြေးစားသုံးမှုဟာ မိတ်လိုက်ခြင်း၊ အိမ်မှာလေ့ကျင့် ခံရခြင်း၊ အတင်း အကျပ်စေခိုင်းခံခြင်း ဒါမှမဟုတ် ခွေးပေါက်လေးများ မွေးလာခြင်း တို့နှင့် ဆက်စပ်မှု မရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် ၎င်းတို့ဟာ မစင်စားခြင်းနှင့် ဆက်စပ်ပြီး ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဆက်နွယ်မှု တခုကိုတော့ ရှာတွေ့ခဲ့ပါတယ်။
အဲဒါကတော့ ခွေးများဟာ မစင်စွန့်ပြီး ၂ ရက်အောက် ကြာချိန်သာ ရှိသေးတဲ့ မစင်ကိုသာ စားသုံးကြကြောင်း တွေ့ရပါတယ်။

သုတေသီများ၏ အချက်အလက်များအရ ၈၅ ရာခိုင်နှုန်းသော မစင်စားတဲ့ ခွေးတွေဟာ လတ်ဆတ်တဲ့ မစင်များကိုသာ စားသုံးကြတာကို လေ့လာ တွေ့ရှိရပါတယ်။
ဒီအချက်ဟာ အရေးကြီးပြီး ၎င်းတို့၏ မစင်တွင် ပါဝင်လာမယ့် ကပ်ပါးကောင်များ၏ သက်တမ်းကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။
မစင်စားတဲ့ အလေ့အထဟာ ဝံပုလွေများမှာလည်း ရှိပါတယ်။
ဝံပုလွေများဟာ မစင်တွင် အူလမ်းကြောင်းဆိုင်ရာ ကပ်ပါးကောင်တွေ ပါနိုင်တဲ့အတွက် ၎င်းတို့၏ သားရဲတွင်းနှင့် ဝေးရာမှာ မစင် စွန့်လေ့ရှိပါတယ်။
တကယ်လို့ နေမကောင်းတဲ့ ဝံပုလွေ တကောင်ဟာ သားရဲတွင်း အနီးမှာ မစင်စွန့်ခဲ့ပါက ကျန်းမာတဲ့ ဝံပုလွေ က အဲဒီ့ မစင်တွေကို စားပစ်ပါတယ်။

ကပ်ပါးကောင်တွေဟာ မစင်စွန့်ပြီး ၁ ရက်မှ ၂ ရက်အတွင်း ပေါက်ဖွားလေ့ မရှိသေးပါဘူး။ ဒါ့ကြောင့် ကျန်းမာတဲ့ ဝံပုလွေဟာ ကပ်ပါးကောင် အန္တရာယ်နဲ့ ကင်းဝေးအောင် ၎င်းတို့ မပေါက်ဖွားခင် စားပစ်ကြတာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်များ၏ အယူအဆအရ မစင်စားသုံးခြင်းဟာ ခွေးတွေရဲ့ ဘိုးဘေး ဘီဘင် များထံမှာ ဆုပ်ကိုင်ထားတဲ့ အမူ အ ကျင့်တခု (မျိုးရိုးလိုက်ခြင်း) ဖြစ်နိုင်တယ်လို့ သိရပါတယ်။
အိမ်မွေးခွေးတွေကိုတော့ ဒီလို အပြုအမူမျိုး မပြုအောင် အစောကတည်းက အမူအကျင့်ကို အကျင့် လုပ်ပေး ထားနိုင်ပေမယ့် အစားသောင်း ကျန်းတဲ့ လူသားတွေ အတွက်တော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဟုတ်ပါတယ်။ စစ်တမ်းများအရ အစားလောဘကြီးသူများဟာ ၎င်းတို့ အစားအသောက်နှင့် ပတ်သက်ပြီး စိတ်ဓာတ် ပြင်းပြလာတဲ့အခါ မ စင် ကိုပါ စားလာနိုင်ခြေ ရှိတယ်လို့ သိရပါတယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။