ခွေးလေးတွေ အူရတဲ့အကြောင်း

Knowledge Nature

ခွေးလေးတွေဟာ အချင်းချင်း ဆက်သွယ်ဖို့ သို့မဟုတ် လူတွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ၎င်းတို့ရဲ့ ဟောင်သံတွေ၊ အူသံ​တွေ အပါအဝင် နည်းလမ်းများစွာကို အသုံးပြုကြပါတယ်။

ခွေးလေးတွေ အူတယ်ဆိုတာ ဘာလဲ

ခွေးလေးတွေဟာ မတူညီတဲ့ အသံများစွာကို ပြုလုပ်တက်ကြပြီး အူခြင်းဟာ လူအများနှင့် အရင်းနှီးဆုံးဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သို့သော်လည်း ကနေဒါနိုင်ငံ၊ Ontario ရှိ Kingston Veterinary Clinic မှ တိရစ္ဆာန်ဆေးကုဆရာဝန် Ryan Llera က အူခြင်းနှင့် ညည်းတွားခြင်းဟာ တခြား ထူးခြား စိတ်ခံစားမှုလည်း ဖြစ်နိုင်တယ် ဟုဆိုပါတယ်။

“ဟောင်သံကတော့ အူသံထက် ပိုမို လျင်မြန်ပြီး ဆက်သွယ်နိုင်တဲ့ အသံဖြစ်တယ်” ဟု Llera ကဆိုပါတယ်။

“ဟောင်တဲ့အသံက ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု၊ ရန်လိုမှု သို့မဟုတ် အာရုံစူးစိုက်မှုကို ရှာဖွေခြင်းတို့ အတွက် ဆက်သွယ်တာ ဖြစ်ပြီး အူသံကိုတော့ နားလည်မှု နည်းပြီး ဝမ်းနည်းမှု သို့မဟုတ် စိတ်ပျက်မှုကို ဖော်ပြခြင်းတို့အတွက် ဆက်သွယ်တာဖြစ်တယ် ဟု ဆိုပါတယ်။

တကယ်တော့ အူသံဟာ ခွေးအချင်းချင်း ဆက်သွယ်တဲ့ နေရာမှာ ပိုအရေးပါပါတယ်။

ခွေးတွေမှာ အူသံဟာ မွေးရာပါ ဖြစ်ပြီး မြေခွေးတွေ ၊ တောခွေးတွေနဲ့ နှိုင်းစာရင် အိမ်မွေးခွေးတွေက “တကယ်မအူတတ်​ကြဘူး” ဟု North Carolina State University မှ တိရစ္ဆာန်ဆေးကုသရေး ပညာရှင် Barbara Sherman က ဆိုပါတယ်။

Sherman က စစ်မှန်တဲ့ အူသံဟာ ရေရှည် ဆွဲငင်တဲ့ အသံ ဖြစ်တယ်ဟု ဆိုပါတယ်။

သို့သော် အချို့သော အိမ်မွေးခွေးမျိုးစိတ်တွေက အခြား ခွေးမျိုး​စိတ်တွေထက် ပိုပြီး အူလေ့ရှိပုံရပါတယ်။

မျိုးစိတ်​တွေရဲ့အသွင်အပြင်ကို ကြည့်ပြီး မတူညီတဲ့ မျိုးရိုးဗီဇကွဲပြားမှုတွေကြောင့် အချို့မျိုးစိတ်တွေဟာ အဘယ်ကြောင့် အခြား မျိုးစိတ်​​တွေထက် ပိုအူကြသလဲ ဆိုတာကို ရှင်းပြနိုင်တယ်ဟု Llera က ဆိုပါတယ်။

အချို့သောခွေးမျိုးစိတ်တွေ ဖြစ်တဲ့ beagles၊ coonhounds၊ bloodhounds နှင့် basset hounds တွေဟာ baying ဟုခေါ်တဲ့ ထူးခြားတဲ့အသံကို ထုတ်ပေးတက်ကြပါတယ်။

Huskies တွေကလည်း ညည်းတွားအူတတ်ကြပြီး ၎င်းတို့မျိုးရိုးရဲ့ DNA ဟာ ရှေးဆိုက်ဘေးရီးယားဝံပုလွေနှင့် တိုက်ရိုက် ချိတ်ဆက်နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ် ဟု အချို့က ယူဆကြပါတယ်။

ခွေးလေးတွေ အူတဲ့အခါ ဘာတွေ ပြောတတ်ကြသလဲ

ခွေးကလေးတွေ အူတဲ့အခါကျတော့ လူသားတွေကော၊ ခွေးအချင်းချင်းကော နှစ်မျိုးစလုံး ဆက်သွယ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ခွေးလေးတွေက တစ်ခါအူပြီး ရပ်လိုက်တယ်ဆိုရင် ၎င်းတို့ရဲ့ပတ်ဝန်းကျင်ကို သိရှိကြောင်း ၎င်းတို့ရဲ့ပိုင်ရှင်ကို အသိပေးရုံသာ ဖြစ်ပါတယ်။

ခွေးလေးတွေဟာ ၎င်းတို့ရဲ့နေရာကို တခြားခွေးတွေနှင့် သခင်ကို ပြချင်တဲ့အခါမှာလည်း အူလေ့ရှိပါတယ်။ ဥပမာ ခွေးလေးတွေကို လှောင်အိမ်ထဲ ထားခဲ့တဲ့အခါ လူသံကြားတဲ့အခါမျိုးမှာ အူတဲ့အသံကို ပြုလုပ်လေ့ရှိကြပါတယ်။

ဒါ့အပြင် ခွေးလေးတွေကလည်း ကြောက်ရွံ့တဲ့အခါ ညည်းတွားကာ အူတက်ကြပါတယ်။

ခွဲခွာခြင်းဆိုင်ရာ စိုးရိမ်ပူပန်မှုရှိတဲ့ ခွေးကလေးတွေဟာ ၎င်းတို့ရဲ့လူသားသခင်တွေနှင့် ဝေးကွာသည့်အခါ သို့မဟုတ် နာကျင်ခံစားရတဲ့အခါ အော်ဟစ် အူတက်ကြပါတယ်။

ကျွန်ုပ်တို့ပြောခဲ့တဲ့အတိုင်း ခွေးအူသံဖြစ်ရတဲ့ အကြောင်းရင်းများစွာရှိပြီး ကျွန်ုပ်တို့ရဲ့ခွေးလေးဟာ ဝမ်းနည်းနေသလား ၊ပျော်နေသလား၊ငိုနေတာလား ဆိုတာနဲ့ပတ်သတ်ပြီး ယေဘူယျအားဖြင့် ခွဲခြားလို့မရဘူး ဟု Llera က ဆိုပါတယ်။

ကျွန်ုပ်တို့ရဲ့ခွေးလေးတွေ အူနေတာကို နားလည်ဖို့အတွက် အကြောင်းအရာသဲလွန်စတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ အနီးနားမှာ အခြားခွေးရှိသလား။ အခြားရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာလက္ခဏာတွေ ပြသနေသလား။

ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အနီးနားမှာ ကျယ်လောင်တဲ့ အမြင့်သံတွေ ရှိသလား ဆိုတာကို သတိပြုမိဖို့ လိုပါတယ်။

ကျွန်ုပ်တို့ခွေးလေးတွေရဲ့ အူသံက အနှောက်အယှက် ဖြစ်လာရင်ကော

တကယ်တော့ ခွေးလေးတွေဟာ စိတ်အားငယ်တာဖြစ်ဖြစ်၊ အထီးကျန်တာဖြစ်ဖြစ် ၊ အနှောက်အယှက်ဖြစ်စေတဲ့ အမြင့်သံတွေကို ကြားတာဖြစ်ဖြစ် အူတက်ကြပြီး ၎င်းအူသံကို ရပ်တန့်ဖို့ဆိုရင် အစားအစာနဲ့ ဂရုစိုက်ဆော့ကစားပေးဖို့ လိုပါတယ်။

ကျွန်ုပ်တို့ခွေးလေးဟာ ခွဲခွာရတဲ့ စိတ်ပူပန်မှုတွေနဲ့ အိမ်မှာတစ်ယောက်တည်း အူနေရတယ်ဆိုရင် ဝါးစရာ အရုပ်တွေဖြစ်ဖြစ် ၊ သို့မဟုတ် ပို၍ဆိုးရွားတဲ့အခြေအနေတွေမှာ ဆိုရင်တော့ ဆေးဝါးကို အသုံးပြုဖို့ လိုအပ်လာနိုင်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *