လမ်းသွားရင်းဖြစ်စေ၊ သင့်မှာ ခွေးတကောင် ပိုင်ဆိုင်ထားသည်ဖြစ်စေ ၎င်းတို့၏ ပြုလုပ်နေကျ လှုပ်ရှားမှု အချို့ကို သတိ ထားမိမှာပါ။
အချို့အပြုအမူများဟာ မလိုအပ်ဘဲ ပြုမူတာမျိုး ဖြစ်တဲ့အတွက် ဘာ့ကြောင့် လုပ်သလဲဆိုတာ အတွေးနယ်ချဲ့မိမှာပါ။
အထူးသဖြင့် ခွေးတွေဟာ ခန္ဓာဗေဒအရ မလိုအပ်ဘဲ မကြာခဏ ဆီးသွားဖို့အတွက် ခြေထောက်ကို မြှောက်ထားတာမျိုးပါ။
တကယ်တော့ ခွေးတွေဟာ ထိုင်လျက်လည်း ဆီးသွားနိုင်ပါတယ်။
ဒါဆို ဘာလို့ ခွေးတွေဟာ ခြေထောက်မြှောက်ပြီး ဆီးသွားတာလဲလို့ မေးလာရင် အကြောင်းတွေရှိပါတယ်။

အဖြေကတော့ ခွေးများအချင်းချင်း ဆက်သွယ်ပုံနှင့် များစွာ သက်ဆိုင်ပြီး သင်သိပြီးသား ဖြစ်နိုင်မယ့် အဖြေ ဖြစ်ပေမယ့် အခြား မှတ်သားစရာလေးတွေတော့ ရှိပါတယ်။
ဟုတ်ပါတယ်။ ခွေးတွေ ဆီးသွားတာဟာ ၎င်းတို့၏ နယ်မြေကို အမှတ်အသားပြုတဲ့ နည်းလမ်းလို့ သိထားရင် ဒီအဖြေဟာ မှန်ပါတယ်။
ဒါဟာ ခွေးတွေအတွက် အရေးအကြီးတဲ့ အမှတ်အသားဖြစ်တဲ့အတွက် ၎င်းတို့အနေဖြင့် အမြဲလိုလို လုပ်ဆောင်လေ့ ရှိတာပါ။
ခြေထောက်ကို မြှောက်ထားခြင်းဟာ ဆီးလမ်းကြောင်းကို ဒေါင်လိုက် အနေအထားဖြင့် ပိုမို ဖြောင့်ဖြူးစွာ ရှိစေပါတယ်။
ထိုင်လျက်မသွားဘဲနဲ့ ခြေထောက်ကို မြှောက်ပြီး သွားရတာကတော့ ဆီးဟာ မြေကြီးမှ တဆင့် မြေဆီလွှာမှ စုပ်ယူသွားမှာကို ကာကွယ်တဲ့ အနေနဲ့ပါ။

ပိုမို သေးငယ်တဲ့ ခွေးများအတွက် ခြေထောက်ကို မြှောက်ပြီး သွားတာ ၎င်းတို့အတွက် ပိုအသုံးဝင်ပါတယ်။
အကြောင်းကတော့ အပေါ်ကို မြင့်မြင့်ရောက်အောင် သွားနိုင်ခြင်းက ၎င်းတို့ကို အမှန်တကယ် အရွယ်အစား ထက် ပိုမို ကြီးမားတယ်လို့ ထင်သွားစေနိုင်ပါတယ်။
ဒါဟာ ၎င်းတို့နယ်မြေအတွင်းမှာ ၎င်းထက် ပိုမိုကြီးမားတဲ့ ခွေးများကို မမြင်ရခင်မှာ တားဆီးရန်အတွက် အကူအညီသဘောမျိုးလည်း ဖြစ်ပါတယ်။
ခွေးထီးများစွာဟာ ငယ်ရွယ်စဉ်က ထိုင်လျက် ပေါက်ကြပေမယ့် စတင် အရွယ် ရောက်လာတာနဲ့ ခြေထောက်ကို မြှောက်ပြီး ပေါက်ကျပါတယ်။
နယ်မြေသတ်မှတ်ခြင်းဟာ ခွေးထီးများသာ ပြုလုပ်တာတော့ မဟုတ်ပါဘူး။

ခွေးမများဟာလည်း နယ်မြေကို သတ်မှတ်တတ် ကြပေမယ့် အထီးတွေလိုတော့ မြှင့်ပြီး မပေါက်ကြပါဘူး။
ခွေးများ၏ ဆီးတွင် အခြားခွေးများအတွက် အချက်အလက်များ ပြည့်နှက်နေပြီး ၎င်းမှတဆင့် ကျန်းမာရေး၊ အထီးအမ ကိုသိရှိနိုင်သည်သာမက စိတ်ဖိစီးမှု အနေအထားများကိုပါ သိရှိနိုင်ပါတယ်။
ဒါ့ကြောင့် ၎င်းတို့အတွက် ဆီးသွားတာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ တခု ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။