ခွေးတွေဟာ အိမ်မွေး တိရိစ္ဆာန်များ အဖြစ် ကျွန်တော်တို့ လူသားများနှင့် အတူ ရှိနေသည်မှာ နှစ်ထောင်ပေါင်း များစွာ ရှိခဲ့ ပြီ ဖြစ်ပါတယ်။
Nature Communications ဂျာနယ်တွင် ဖော်ပြထားချက်အရ ခွေးတွေကို လူတွေ မွေးမြူလာတာ အနည်းဆုံး လွန်ခဲ့သည့် နှစ် ၁၄,၀၀၀ လောက်က ဖြစ်နိုင်တယ်လို့ သက်တမ်း အကြာဆုံး ရုပ်ကြွင်းတခုကို ကိုးကားပြီး သိရပါတယ်။
ဒါပေမယ့် ဒါဟာ ရုပ်ကြွင်းကို အခြေခံတာ ဖြစ်လို့ ခွေးတွေကို မွေးမြူလာတာ ဒီထက် သက်တမ်း ၂ ဆ လောက်တောင် ရှိ နိုင်မယ်လို့လည်း ယူဆကြပါတယ်။
ထိုကဲ့သို့ နှစ်ပေါင်းများစွာ လူများနှင့် အတူ ရှိလာခဲ့တဲ့ ခွေးတွေဟာ လူသားတွေနှင့် တနည်းမဟုတ် တနည်း ဆက်သွယ်နိုင် သည့် စွမ်းရည်တွေ ရှိသည့် အပြင် လူသားများကို နားလည်နိုင်ကြပါတယ်။
ကျွန်ုပ်တို့ရဲ့ အိမ်မွေးခွေးလေးတွေက ကျွန်ုပ်တို့သခင်တွေရဲ့ စိတ်ကျေနပ်သည်ဖြစ်စေ၊ စိတ်အနှောင့်အယှက်ဖြစ်စေသည်ဖြစ်စေ “ပြောပြနိုင်သည်” ဟူသော အထင်အမြင်ကို ခံစားမိကြမှာပါ။
လေ့လာမှုအသစ်တစ်ခုအရ ခွေးလေးတွေက ပျော်ရွှင်နေသော သို့တည်းမဟုတ် ဒေါသထွက်နေသော သခင်တွေရဲ့ မျက်နှာတွေကို အမှန်တကယ်ပင် ခွဲခြားဆက်ဆံနိုင်ကြောင်း တွေ့ခဲ့ရပါတယ်။

သုတေသီများက ခွေး ၁၁ ကောင်ကို အုပ်စုဖွဲ့ကာ ပျော်ရွှင်နေသော သို့မဟုတ် ဒေါသထွက်နေသော မျက်နှာများကို ပြသကာ တူညီသောပုံများကြား ခွဲခြားနိုင်ဖို့ လေ့လာခဲ့ကြပါတယ်။
လေ့ကျင့်ရေးအဆင့်တွင် ခွေးတစ်ကောင်ချင်းစီကို လူမျက်နှာရဲ့ အပေါ်ပိုင်းကိုသာ ပြသခဲ့ပါတယ်။
ထို့နောက် စုံစမ်းရေးမှူးများက ခွေးလေးတွေကို လေ့ကျင့်ရေးတွင် အသုံးပြုသည့် ပုံများကို ပြသခဲ့ပြီး လူသားများရဲ့ မျက်နှာအမူအရာများအကြား ခွဲခြားဆက်ဆံနိုင်သည့် စွမ်းရည်ကို စမ်းသပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ခွေးလေးတွေရဲ့ လေ့ကျင့်ရေးတွင် အသုံးပြုသည့်ပုံများအပြင် အသုံးမပြုသည့် ပုံများအကြား ပျော်ရွင်နေသော သို့မဟုတ် ဒေါသထွက်နေသော မျက်နှာများရဲ့ ခွဲခြားနိုင်စွမ်းကိုပါ ဆက်လက်လေ့လာခဲ့ကြပါတယ်။
ခွေးလေးတွေက ကြုံရာကျပန်းမျှော်လင့်ထားတာထက် မကြာခဏဆိုသလို ဒေါသ သို့မဟုတ် ပျော်ရွှင်သောမျက်နှာကို ၎င်းတို့ရဲ့နှာခေါင်းဖြင့်ထိခြင်းဖြင့် ရွေးချယ်နိုင်တာကို သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။
လေ့လာမှုတွင် ခွေးလေးတွေဟာ စမ်းသပ်မှုအဆင့်တွင် လေ့ကျင့်နေစဉ် အတွင်း ၎င်းတို့ဟာ လူသား မျက်နှာ အမူအရာများကို ဖတ်နိုင်ကြကြောင်း တွေ့ရှိခဲ့ရတယ်ဟု သုတေသီများက ပြောကြားခဲ့ပါတယ်။

“ခွေးလေးတွေက လူသားမျက်နှာအမူအရာရဲ့ ရိုးရှင်းသော ထင်ရှားသည့်အချက်ကို အခြေခံပြီး ပုံများကြားတွင် ခွဲခြား ဆက် ဆံခြင်းဖြစ််တယ်” ဟု
တိရစ္ဆာန်ဆေးပညာတက္ကသိုလ် Messerli Research Institute မှ တိရစ္ဆာန်အမူအကျင့်ဆိုင်ရာ သုတေသီ Corsin Muller က ဆိုပါတယ်။
ယခင်က သုတေသီများက ခွေး ၂၄ ကောင်ကို လေ့လာမှုအတွက် စုဆောင်းခဲ့သော်လည်း ၎င်းတို့အနက် ၁၃ ကောင်က သုတေသီများက ၎င်းတို့အား လေ့ကျင့်မှု မစတင်မီ အကြောင်း အမျိုးမျိုးကြောင့် ထွက်သွားခဲ့ကြတယ်ဟု Muller က ဆိုပါတယ်။
ယခင်က သုတေသနပြုချက်များအရ ခွေးလေးတွေက မျက်လုံးနေရာကဲ့သို့သော မျက်နှာရဲ့ အစိတ်အပိုင်းများကိုသာ ပြသထားသော်လည်း ၎င်းတို့နှင့်ရင်းနှီးသော လူများကို ခွဲခြားနိုင်တာကို သက်သေပြခဲ့ပါတယ်။
ဒါ့ကြောင့် သုတေသီများက ခွေးလေးတွေက လူ့မျက်နှာရဲ့ စိတ်ခံစားမှုဆိုင်ရာ အမူအရာများကြား ခြားနားချက်ကို ပြောပြနိုင်မလားဆိုတာကို ဆက်လက်လေ့လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

“ယခင်ကြိုးစားမှုများကြောင့် လှုံ့ဆော်ခံရသော ကျွန်ုပ်တို့ရဲ့လေ့လာမှုအရ၊ အနည်းဆုံး ခွေးအချို့ဟာ လူ့မျက်နှာအမူအရာကို ခွဲခြားနိုင်တာကို ယခုယုံကြည်စိတ်ချစွာ ကောက်ချက်ချနိုင်ပြီ” ဟု Muller က ပြောကြားခဲ့ပါတယ်။
ယခု အချိန်အထိ ခွေးလေးတွေဟာ လူသားများရဲ့ မတူညီသော မျက်နှာ အမူအရာများကို မှတ်မိနိုင်စွမ်း ရှိပုံ ပေါ်သည့် အ ကြောင်း ရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သုတေသီများက ပြောကြားခဲ့ပါတယ်။
ကျွန်ုပ်တို့အတွက် ဖြစ်နိုင်ခြေအရှိဆုံး ရှင်းလင်းချက်မှာ ခွေးလေးတွေဟာ လူသားများနှင့် တစ်သက်တာလုံး အတူနေထိုင်သည့် ကာလတွင် လူ့မျက်နှာအမူအရာနှင့် ထိတွေ့မှု အများအပြား ရရှိသည့်အပေါ် အခြေခံမူတည်နေတယ်ဟု Muller က ဆက်လက်ပြောကြားခဲ့ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။