ခွေးလေးတွေကတော့ သူတို့ရဲ့ပိုင်ရှင်တွေ စားသောက်သမျှ မြင်တာ အကုန် တောင်းရမ်း စားသောက်မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် စားသောက်သမျှ အကုန်ကျွေးမိမယ်ဆိုရင် အဆိပ်သင့်အောင် တမင်လုပ်နေသလိုဖြစ်မှာပါပဲ။
တစ်ခါတစ်ရံ ကျွန်ုပ်တို့ မနက်ခင်းမိုးလင်းသောက်နေကြ ကော်ဖီတစ်ခွက်ကလည်း ခွေးလေးတွေကို အန္တရာယ်ဖြစ်စေတက်ပါတယ်။
ကဖိန်းဓာတ်ကို နေ့စဉ် သောက်သုံးခြင်းဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးအတွက် မကောင်းတာဟုတ်ပေမယ့် ကျွန်ုပ်တို့ရဲ့ အဖော် ခွေးလေးတွေအတွက်လည်း အလားတူ အန္တရာယ်မရှိဘူးလို့ ပြောလို့မရပါဘူး။
ကျွန်ုပ်တို့ရဲ့ ခွေးလေးတွေအနေနဲ့ ကော်ဖီကို အစေ့ဖြစ်ဖြစ် ၊ အရည်ဖြစ်ဖြစ် နှင့် အမှုန့်ဖြစ်ဖြစ် တစ်ခုခုကို စားမိမယ်ဆိုရင် အမြန် ဂရုတစိုက်ကြည့်ရှုပေးဖို့ လိုအပ်မှာ သေချာပဲ ဖြစ်ပါတယ်။

American Kennel Club ရဲ့ပြောကြားချက်အရ လူတွေကို ဆွဲဆောင်နိုင်တဲ့ ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ အိမ်မွေးတိရစ္ဆာန်များအတွက်လည်း ဘေးဥပဒ်ဖြစ်စေနိုင်တယ်ဟု ဆိုပါတယ်။
ခွေးလေးတွေဟာ ကဖိန်းဓာတ်ကို အထူးသတိထားရပြီး ကော်ဖီသောက်ခြင်းကြောင့် ၎င်းတို့ရဲ့ နှလုံးခုန်နှုန်းကို အန္တရာယ်ရှိတဲ့ အဆင့်အထိ မြှင့်တက်သွားစေနိုင်ပါတယ်။ အထူးသဖြင့် ခွေးအငယ်လေးတွေအတွက်ဆို ပိုမှန်မှာပါ။
ခွေးတွေမှာဆိုရင် ကဖိန်းဓာတ် အဆိပ်သင့်ခြင်း ကြောင့်ဖြစ်တက်တဲ့ အချို့သော လက္ခဏာတွေကတော့ မောပန်းခြင်း၊ အော့အန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ခန္ဓာကိုယ် အပူချိန် မြင့်တက်ခြင်းနှင့် ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ခွေးလေးတွေအတွက် အဆိပ်ဖြစ်စေတဲ့ အချို့သော အရာတွေကဲ့သို့ ကော်ဖီပမာဏ အနည်းငယ်ကတော့ သူတို့ကို အန္တရာယ်မဖြစ်စေပါဘူး။

ဒါကြောင့် ကျွန်ုပ်တို့ရဲ့ခွေးတွေက မတ်ခွက်ထဲက ကော်ဖီ ခိုးသောက်တာကို နှစ်ကြိမ်လောက် ဖမ်းမိမယ်ဆိုရင် တိရစ္ဆာန်ဆရာဝန်ဆီ ချက် ချင်း မပို့ပဲ ရောဂါလက္ခဏာတွေကို အရင်စောင့်ကြည့်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
တကယ်လို့ ကျွန်ုပ်တို့ရဲ့ခွေးတွေက ကော်ဖီစေ့တွေ သို့မဟုတ် ကဖိန်းဓာတ်ပါဝင်မှု ပိုမိုများပြားတဲ့ ကော်ဖီစေ့တွေကို အလွန်အကျွံစားသုံးမိတဲ့ အခြေအနေမှာဆိုရင်တော့ ဆရာဝန်ဆီကို အမြန်ပြေးသင့်ပါတယ်။
ပြင်းထန်တဲ့ အခြေအနေမှာဆိုရင် ကော်ဖီသောက်ခြင်းဟာ ခွေးလေးတွေကို မေ့မြောခြင်း၊ တက်ခြင်း ဒါမှမဟုတ် အသက်ဆုံးရှုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ ခွေးလေးတွေ အနေနဲ့ ကော်ဖီကို သောက်သုံးတက်အောင် အကျင့်မလုပ်မိဖို့လည်း အလွန်အရေးကြီးပါတယ်။
မတော်တဆ အလွန်အကျွံ သောက်သုံးမိစေမယ်ဆိုရင်တောင် အခြေအနေစောင့်ကြည့်ပြီး ဆိုးရွားမလာခင် တိရစ္ဆာန်ဆေးကုဆရာဝန်ကို ဖုန်းဆက်မေးမြန်းပြီး အကူအညီတောင်းသင့်ပါတယ်။

ခွေးပိုင်ရှင်တိုင်းဟာ ၎င်းတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို လုံခြုံစွာ ထိန်းသိမ်းထားလိုသော်လည်းး အန္တရာယ်ရှိတဲ့ အဆိပ်တွေကိုတော့ တစ်ခါတစ်ရံ သတိမထားမိတက်ကြပါဘူး။
ဒါဟာ ကျွန်ုပ်တို့ရဲ့ခွေးလေးတွေအတွက် မဖြစ်မနေ သတိထားရမည့် အရာတွေထဲကမှ တစ်ခုပဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။