ခွေးလေးတွေက TV ကြည့်တတ်ကြသလား

Knowledge Nature

အစ္စရေးမှာ ခွေးလေးတွေ ကြည့်ရှုဖို့အတွက် အတိအလင်း ရည်ရွယ်ပြီး တီဗီရုပ်သံလိုင်း တစ်ခုကို အောင်မြင်စွာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒါပေမယ့် ခွေးလေးတွေက တီဗီမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကို မြင်နိုင်​ကြရဲ့လား။

BBC ဟာ British Columbia တက္ကသိုလ်မှ စိတ်ပညာဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခ Stanley Coren နှင့် ခွေးနှင့် လူသား ဆက်ဆံရေး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတို့ကို အဆိုပါ မေးခွန်းကို ဖြေဆိုဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

ဟုတ်ပါတယ်။ တကယ်တော့ ​ခွေးလေးတွေဟာ တီဗီ ကြည့်နိုင်ပေမယ့် ခွေးတစ်ကောင်ချင်းစီရဲ့ စိတ်နေစိတ်ထားနဲ့ အမြင်အာရုံဆိုင်ရာ အချက်အနည်းငယ်ပေါ်မှာ မူတည်ပါတယ်ဟု ဆိုပါတယ်။

Refresh Rate ဟာ ဒီနေရာမှာ အရေးကြီးဆုံး အချက်ဖြစ်ပြီး ၎င်းဟာ မျက်နှာပြင်ပေါ်ရှိ နောက်ပုံတစ်ခုနဲ့ ပုံတစ်ခုကို အစား ထိုးတဲ့အမြန်နှုန်းကို ရည်ညွှန်းတာပါ။

Image: Courtesy of sq lim on Unsplash

ပထမဦီးဆုံး ပြောရရင်တော့ HDTV တွေမှာဆိုရင် refresh rate 60Hz ရှိပါတယ်။

ဆိုလိုတာက screen ဟာ တစ်စက္ကန့်ကို ပုံပေါင်း 60 ပုံ ပြောင်းလဲနေတာကို ဆိုလိုတာပါ။

ကျွန်ုပ်တို့လူသားတွေရဲ့ မျက်လုံးတွေကို 50Hz ခန့်ဖြင့် ဖမ်းစားနိုင်တဲ့အတွက်ကြောင့် စဉ်ဆက်မပြတ်ရွေ့လျားနေတဲ့ ရုပ်ပုံတစ်ပုံကို ကျွန်ုပ်တို့တွေ့မြင်ရခြင်းပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့မျက်လုံးရဲ့ ဖမ်းစားနိုင်တဲ့ အောက်ကို ထပ်ချလိုက်မယ် ဆိုရင် လှန်ထားတဲ့ စာအုပ်ထဲကလို တုန်လှုပ်ခြောက်ခြားစရာတွေ တွေ့ရမှာ ဖြစ်ပါတယ်။

ခွေးလေးတွေ ၊ ကြောင်လေးတွေမှာဆိုရင် ကျွန်ုပ်တို့ထက် ပိုပြီးစူးရှတောက်ပတဲ့ မျက်လုံးတွေ ရှိကြပါတယ်။

75Hz လောက်အထိ တုန်ခါမှုတွေကို ခွေးလေးတွေက ကောင်းကောင်းမြင်ရပါတယ်။

ကံကောင်းတာတစ်ခုက ​ယခု နောက်ပိုင်း တီဗီ အသစ်တွေမှာ ဆန်းသစ်တီထွင်မှုနှုန်း ပိုမို မြင့်မား လာတဲ့ အတွက်ကြောင့် 120Hz၊ 240Hz သို့မဟုတ် ပိုမိုမြင့်မားတဲ့ refresh rate ရှိတဲ့ TV ​တွေကို ထုတ်လုပ်လာနိုင်ကြပါတယ်။

Screen

မြင့်မားလာတဲ့ refresh rate တွေကြောင့် ရုပ်ပုံဟာ ရွေ့လျားနေပြီး အငြိမ်ရုပ်ပုံတွေ ကဲ့သို့မဟုတ်ဘဲ ခွေးတစ်ကောင်ကို ကောင်းစွာခွဲခြားမြင်​စေဖို့အတွက် ပိုမိုကောင်းမွန်လာခဲ့ပါတယ်။

နေရာချထားခြင်းဟာလည်း ခွေးလေးတွေအတွက် အရေးကြီးပုံရပါတယ်။

လူတွေရဲ့ မျက်လုံးအဆင့်မှာ ထားရှိထားတဲ့ တီဗီတွေကို ခွေးလေးတွေက သိပ်အာရုံစိုက်မှာ မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ အဲဒီကို မျှော်ကြည့်နေရလို့ ဖြစ်ပါတယ်။

ခွေးလေးတွေအတွက် တီဗီတွေကို ပုံမှန်အားဖြင့် စူးစမ်းကြည့်ရှုဖို့ မြေပြင်ပေါ်မှာ ထားရှိရမှာ ဖြစ်ပါတယ်။

အချို့သော တိရိစ္ဆာန်ရိုက်ချက်တွေ ( ကာတွန်း တိရိစ္ဆာန် မဟုတ်သော) သို့မဟုတ် ဗီဒီယိုပုံစံတွေဟာ ခွေးလေးတွေအတွက်လည်း စိတ်ဝင်စားမှု ပိုများပြီး အာရုံစူးစိုက်မှုကို ပိုရရှိစေပါတယ်။

တကယ်လို့ ကျွန်ုပ်တို့ အိမ်မွေးခွေးလေးတွေရဲ့ အာရုံစိုက်မှုကို ရရှိချင်တယ်ဆိုရင် အဆိုပါ နည်းလမ်းအတိုင်း လုပ်ဆောင်သင့်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First published 18/2/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *