ဆင်တွေ ဘဝမချုပ်ငြိမ်းခင် အရောက်သွားတတ်တယ်ဆိုတဲ့ ဆင်သင်္ချိုင်းတွေ အကြောင်း

Knowledge Nature

လူသားတွေဟာ ကောင်းမွန်တဲ့ ရတနာသိုက် ပုံပြင်တွေကို သဘောကျ နှစ်သက်ကြပါတယ်။

ဥရောပ နဲ့ အမေရိကတစ်ခွင်ရှိ ရတနာရှာဖွေသူများဟာ ဒဏ္ဍာရီလာ El Dorado သို့မဟုတ် ရွှေမြို့တော် အကြာင်း ပုံပြင်များ ပြောပြခဲ့ကြပါတယ်။

အာရှနဲ့ အာဖရိက ဒေသများတွင် အဖိုးတန် ဆင်စွယ်များကို ရှာ​ဖွေတွေ့ရှိရတဲ့ ဒဏ္ဍာရီလာ ဆင်သင်္ချိုင်း​တွေ အကြောင်းကို ပုံပြင်များ အဖြစ် ပုံဖော် ပြောပြ လေ့ ရှိကြပါတယ်။

ဒဏ္ဍရီလာအရ အဆုံးသတ်နဲ့ နီးတဲ့အခါ ဆင်တွေဟာ သိကြပါတယ်။ တိရစ္ဆာန်အုပ်ကို ထိန်းကျောင်းတာထက် ပိုမို နှေးကွေးတဲ့ အလား အ လာရှိတဲ့ ပုံစံဖြင့် ဆင်ခေါင်းများက ဆင်သင်္ချိုင်းဆီ ဦးဆောင်သွားပါတယ်။

ဒီ​နေရာမှာ သူဟာ ငြိမ်းချမ်းစွာ ဘဝချုပ်ငြိမ်း သွားရုံ သာမက သူ၏ သားစဉ် မြေးဆက်တို့ကလည်း သူ့ကို အလွယ်တကူ ရှာဖွေနိုင်ပြီး အနာ ဂတ် မှာ သူ၏ ရုပ်ကြွင်းများဆီကို လာရောက် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

ဆင်များဟာ ဘဝချုပ်ငြိမ်းဖို့ရာ အဆင်သင့်ဖြစ်သည့်အခါ သတ်မှတ်ထားသော ဆင်သင်္ချိုင်းများကိုရှာဖွေနေကြောင်း အထောက်အထားမရှိသော်လည်း မြေနေရာငယ်တခု အတွင်းမှာ စုစည်းလေ့ရှိတဲ့ ဆင်ရုပ်ကြွင်း အမြောက်အများကို တွေ့နိုင်ပါတယ်။

အတိတ်မှာ ဆင်ရုပ်ကြွင်းများ စုစည်း ကျန်ရှိနေခြင်းဟာ သဘာဝဖြစ်စဥ်တစ်ခုဖြစ်ခဲ့ပါတယ်။

ဆင်များဟာ မျိုးဆက် အဆက်ဆက် တူညီသော သီးခြား ရွှေ့ပြောင်းနေထိုင်မှု လမ်းကြောင်းများကို လိုက်တတ်ကြပါတယ်။

ဒဏ်ရာရသူများ သို့မဟုတ် အသက်ကြီးလွန်းပြီး သွားလာရန် ငြီးငွေ့နေသော ဆင်များဟာ အစာ​ရေစာကို လွယ်ကူစွာ ရရှိနိုင်သော နေရာများတွင် စတည်းချ​ နေထိုင်ကြပါတယ်။

သို့သော် သူတို့ဟာ အနိစ္စရောက်ရန် အဆင့်သင့်ဖြစ်သောကြောင့် ဆင်သင်္ချိုင်း​ နေရာတွေကို မရွေးချယ်တော့ပါဘူး။

အသက်​ကြီးပြီး ဒဏ်ရာရှိနေတဲ့ ဆင်တွေဟာ သူတို့ ရှင်သန်နိုင်ဖို့အတွက် အကောင်းဆုံး အခွင့်အလမ်းကို ဖန်တီး​ပေးတဲ့ စား ကျက် မြေနေရာတွေကိုဘဲ ရွေးချယ်​ကြပါတယ်။

အချိန်ကြာလာတာနှင့်အမျှ ဆင်တွေဟာ ဓာတ်စာချို့တဲ့ခြင်း၊ ဒဏ်ရာများနှင့် အသက်ကြီးရင့်လာမှုကြောင့် ဆင်တွေဟာ သေဆုံးကြပါတယ်။

ဒီလိုနဲ့ နေရာသေးသေးအတွင်း တိရစ္ဆာန်အရိုးစုတွေ အ​တော်လေးစုမိလာခြင်း ဖြစ်ပါတယ်။

မိုးခေါင်ခြင်း သို့မဟုတ် အဆိပ်သင့်ခြင်း ကဲ့သို့ ပတ်ဝန်းကျင် ဆိုင်ရာ အချက်များမှလည်း ဆင်သင်္ချိုင်း​များ ဖြစ်ပေါ်စေနိုင် ပါတယ်။

ဥပမာအားဖြင့် Kenya နိုင်ငံရှိ Rudolf ရေကန်အနီးတွင် ဆင်များစွာ၏ရုပ်ကြွင်းများကို တွေ့နိုင်ပါတယ်။

ရေကန်ဟာ အလွန်ငံပြီး ၎င်းကို ရေပေါက် အဖြစ်အသုံးပြုသော ဆင်အုပ်ကို အသက်အန္တရာယ် ဖြစ်စေပါတယ်။

အရှေ့ အာဖရိကမှ အဆိပ်ပြင်း ရေကန်များတွင် ဆက်တိုက် ဆိုသလိုဘဲ ဆင်များ သေဆုံးခဲ့တာကို တွေ့ရပါတယ်။

အတိတ်က သဘာဝ ဆင်သင်္ချိုင်းများသည် ယနေ့တွေ့ရှိသော လူလုပ်များနှင့် နှိုင်းယှဉ်လျှင် အရောင် ဖျော့နေတာ တွေ့ရပါတယ်။

မုဆိုးများဟာ ဆင်​တွေရဲ့ အဖိုးတန် ဆင်စွယ်များကိုရယူရန် ဆင်အမြောက်အများကို ဆုံးရှုံးစေပါတယ်။

၂၀၁၂ ခုနှစ်တွင် ဆူဒန် မှ မုဆိုးများဟာ တစ်လ အတွင်း ဆင်​ကောင်ရေ ၃၀၀ ကို ဆုံးရှုံးစေပြီး Cameroon နိုင်ငံရှိ Bouba Ndjida အမျိုးသားဥယျာဉ်ကို ဝမ်းနည်းဖွယ် ဆင်သင်္ချိုင်းတစ်ခုအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။

အလားတူ ဖြစ်ရပ်အနေနဲ့ ဇင်ဘာဘွေ နိုင်ငံ Hwange အမျိုးသားဥယျာဉ်၌ ဆင်မုဆိုးများဟာ ဆင် ၄၁ ကောင်ထက် မနည်းကို ဆုံးရှုံးစေခဲ့ပါတယ်။

ဒါဆိုဆင်တွေဟာ ပျောက်ဆုံး ကွယ်ပျောက်သွားတဲ့ ချစ်ရတဲ့ သူတွေအတွက် ဆင်သင်္ချိုင်းကို ပြန်လာကြတဲ့ ဒဏ္ဍာရီလာ အ ကြောင်းအရာတွေက မှန်ကန်ပါရဲ့လား။

ဒီအယူအဆကို ထောက်ခံရန်အထောက်အထားမရှိသော်လည်း သုတေသီများက ဆင်များဟာ ၎င်းတို့နှင့်တွေ့သောအခါ ၎င်းတို့၏ မျိုးကွဲအကြွင်းအကျန်များ နှင့် အပြန်အလှန် ဆက်သွယ်မှုရှိကြောင်း သုတေသီများကတွေ့ရှိခဲ့ကြပါတယ်။

ဆင်တွေဟာ ပုံမှန်သွားလာနေရင်း ဒီရုပ်ကြွင်းတွေကို တွေ့တဲ့အခါ ရုပ်ကြွင်းတွေကို အာရုံစိုက်ဖို့ ရပ်တန့်သွားတာ တွေ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *