Elon Musk သည် နည်းပညာ နယ်ပယ်ကို နှစ်ပေါင်းများစွာ အခြေခံကျကျ ပြောင်းလဲစေပါတယ်။
Musk ဟာ မယုံကြည်နိုင်လောက်အောင် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းများ ရှိတာတောင်မှ သူဟာ ကမ္ဘာမြေကြီးနှင့် သဘာဝ ပတ် ဝန်းကျင်ကိုကူညီရာတွင် မျက်ကွယ်မပြုခဲ့ပါဘူး။
ဒါကိုအလေးထားဖို့ Elon Musk ဟာ တက္ကသိုလ်ဘွဲ့ရပြီးတဲ့အခါမှာ ဗွီဒီယိုဂိမ်းဖွံ့ဖြိုးရေးတွင် အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းပညာကိုသင်ယူဖို့ အခွင့်အရေးရခဲ့ပါတယ်။
သို့သော် သူဟာ ကျန်ရှိနေတဲ့ကမ္ဘာကို အကျိုးရှိစေပြီး တည်တံ့သောအထင်အမြင်ကိုထားခဲ့မယ့် ကမ်းလှမ်းမှုတစ်ခု ရပြီးနောက် ရွေးချယ်ရန်စီစဉ်ခဲ့ပါတယ်။
သူလုပ်ခဲ့တဲ့အရာအချို့ကို အပြည့်အဝအသိအမှတ်ပြုဖို့၊ Elon Musk ရဲ့ထိပ်တန်း အောင်မြင်မှုတွေကို လေ့လာကြည့်ရအောင်။
၁။ Tesla
Elon Musk ဟာ ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။ ထို့ကြောင့် သူဟာ ၂၀၀၃ ခုနှစ်တွင် သူရဲ့ကိုယ်ပိုင် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။
Musk ဟာ ကမ္ဘာကြီးကစွမ်းအင်တွေကို ဘယ်လိုမြင်သလဲဆိုတာကို အမြဲပြောင်းလဲချင်ခဲ့ပြီး သာမန်လူအများစုလက်လှမ်းမီနိုင်တဲ့ လျှပ်စစ်ကားများကို ထုတ်လုပ်နေပါတယ်။

အစမှာ သူရဲ့မော်တော်ယာဉ်တွေဟာ အနိမ့်ဆုံးဒေါ်လာ ၈၀၀၀၀ ဖြင့် အထက်တန်းစားတွေ အတွက်သာ တတ်နိုင်ပါတယ်။
သို့ရာတွင် Elon Musk ဟာ လူများစွာက လျှပ်စစ်ကားများ ပိုပြီးတော့အသုံးပြုခွင့်ရလေလေ ကမ္ဘာကြီးတစ်ခုလုံးအတွက် ပိုကောင်းလေလေဆိုတာကို သိခဲ့ပါတယ်။
ယခုအချိန်ထိ သင်၀ယ်ယူနိုင်သော ဈေးအသက်သာဆုံး Tesla ကားဟာ လူလတ်တန်းစားများ တတ်နိုင်ပြီး ဒေါ်လာ ၃၁၀၀၀ သာကျတဲ့ Model 3 ဖြစ်ပါတယ်။
အမေရိကန်မှာ Teslaကား မောင်းတဲ့သူတွေကြောင့် ကားတစ်စီးလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် ချွေတာမှု ပေါင် ၆၅၀ ခန့်ရှိပါတယ်။
အမေရိကန်မှာရောင်းချခဲ့တဲ့ Tesla ကား ၉၀၀၀၀ ရဲ့ ချွေတာမှုဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကာကွယ်ရေးမှာ ပေါင် ၃၃ သန်းခန့် ရှိပါတယ်။
၂။ Gigafactories များ
ကမ္ဘာကြီးကို ရေရှည်တည်တံ့ခိုင်မြဲစေသော စွမ်းအင်ရဲ့ ဦးတည်ချက်သို့ တွန်းအားပေးရန် နောက်ထ ပ်ကြိုးပမ်းမှုဟာ gigafactories ပုံစံဖြင့် ထွက်ပေါ်လာပါတယ်။
ဒီစက်ရုံတွေကို နေရောင်ခြည်နဲ့လေစွမ်းအင်ကုန်ဆုံးမှုကို အပြည့်အဝဖူလုံစေရန် ဒီဇိုင်းထုတ်ထားပါတယ်။
ပထမဦးဆုံး gigafactory ဟာ Nevada, Reno ရဲ့အပြင်ဘက် သဲကန္တာရတွင် ၁.၉ သန်းစတုရန်းပေ နီးပါး ကျယ်ဝန်းပါတယ်။
ဒီစက်ရုံတွေကို တည်ဆောက်ရခြင်းရဲ့ရည်ရွယ်ချက်မှာ တူညီသောစွမ်းအင်ထိရောက်မှုရှိတဲ့ Tesla ယာဉ်များအတွက် လိုအပ်တဲ့ လီသီယံအက်ဆစ် ဘက်ထရီများ အမြောက်အများထုတ်လုပ်ရန်ဖြစ်ပါတယ်။
ဒီစက်ရုံများကို ပုံစံထုတ်ခြင်းအားဖြင့် Tesla ဘက်ထရီများအတွက် တပ်ဆင်စရိတ်ကို ၃၀ရာခိုင်နှုန်း လျှော့ချပါတယ်။

ဤဘက်ထရီကြီးတွေကို အများအပြားထုတ်လုပ်ခြင်းရဲ့အကျိုးကျေးဇူးဟာ Tesla ကားများ အမြောက်အမြားထုတ်လုပ်ရာတွင်လည်းအထောက်အကူပြုပါတယ်။
ထိုသို့ပြုလုပ်ခြင်းဟာ ကုန်ကျစရိတ်ကို များစွာကျဆင်းစေပြီး ၎င်းတို့ကို လူတွေဆီ ပိုရရှိစေ ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း ကူညီရာရောက်ပါတယ်။
နီဗားဒါး ပြည်နယ် တွင် ပထမဆုံး gigafactory ကို ဖွင့်နေစဉ် New York မှာ နောက်ထပ် လည်ပတ်စရာ gigafactory တစ်ခုရှိပြီး တစ်ကမ္ဘာလုံးမှာလည်း ပိုပြီး ဖွင့်လှစ်နိုင်ဖို့ အစီအစဉ်ရှိပါတယ်။
၃။ Space X
ကမ္ဘာကြီးပူနွေးလာမှုရဲ့ စိတ်ပျက်ဖွယ်ခြိမ်းခြောက်မှုနဲ့အတူ Elon Musk ဟာ ကမ္ဘာတစ်ဝန်းလုံး သဘာဝဘေးအန္တရာယ်ထဲသို့ ရောက်ရှိသွားပါက အခြားရွေးချယ်စရာ တစ်ခု ဖန်တီးရန် စီစဉ်ခဲ့ပါတယ်။
ထို့ကြောင့် လူသားတွေကို ဂြိုဟ်ပေါင်းများစွာ မျိုးစိတ်များ ဖြစ်လာစေရန် ဦးတည်သော ရည်ရွယ်ချက်ဖြင့် Space Xကို ၂၀၀၂ခုနှစ်မှာ စတင်ခဲ့ပါတယ်။
Musk ရဲ့အကြီးမားဆုံးမျှော်မှန်းချက်များထဲမှ တစ်ခုမှာ လူများကို အာကာသထဲသို့ စေလွှတ်ပြီး Mars ဂြိုဟ်ကို အောင်မြင်စွာ နယ်ချဲ့နိုင်စေရေးဖြစ်ပါတယ်။

Falcon 1 ဒုံးပျံကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ လွှတ်တင်ရန် အကြိမ် အနည်းငယ်ကျရှုံးခဲ့ပြီးနောက် စတုတ္ထမြောက်လွှတ်တင်မှုနဲ့အတူ SpaceX အဖွဲ့ဟာ နောက်ဆုံးတွင်အောင်မြင်ခဲ့ပါတယ်။
အောင်မြင်မှုရပြီးနောက် ဒေဝါလီခံလုနီးပါးဖြစ်နေသော ကုမ္ပဏီသည် အာရုံစိုက်မှုနှင့် ထောက်ခံမှုများရရှိခဲ့ပြီး ကုမ္ပဏီကို အောက်ဆုံးသို့ မရောက်ရှိအောင် ကယ်တင်နိုင်ခဲ့ပါတယ်။
နောက်ထပ်ကြီးမားတဲ့အောင်မြင်မှုတစ်ခုကတော့ ၂၀၁၂ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာအာကာသစခန်းသို့ အသွားအပြန် ကုန်တင်ပို့ဆောင်နိုင်သော ပထမဆုံးပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
ယခင်က အဲ့ဒီဟာသည် အစိုးရများမှ ပြီးစီးခဲ့တဲ့အရာသာဖြစ်ပါတယ်။ SpaceX ၏ ဦးစားပေးအချက်များတွင် သူတို့အောင်မြင်ဖို့လမ်းစကောင်းရောက်နေတဲ့ အာကာသ ခရီးသွားလာရ လွယ်ကူမှုနှင့် ကုန်သွယ်မှု တိုးတက်ရေးတို့ ပါဝင်ပါတယ်။
၄။ The Boring Company
ဒီဟာက ဝါသနာတစ်ခုအနေနဲ့စတင်ခဲ့ပေမယ့် Elon Musk ရဲ့စွန့်စားမှု The Boring Company တွင် ကြီးမားသောဆန္ဒများရှိပါတယ်။
သယ်ယူပို့ဆောင်ရေး နည်းလမ်းသစ်များကိုအာရုံစိုက်ပြီး The Boring Company သည်မြေအောက် အခြားနည်းလမ်းများ ဖန်တီးခြင်းဖြင့် မြို့ကြီးများတွင် ယာဉ်ပိတ်ဆို့မှုကို မွမ်းမံပြင်ဆင်ရန် စီစဉ်ခဲ့ပါတယ်။
ရာသီဥတု၊ ဆူညံသံ၊ လမ်းသွားလမ်းလာများရဲ့လုံခြုံရေးစတဲ့ ပြဿနာများနှင့် ကြုံတွေ့ရမယ့် ကားပျံများနှင့် အနာဂတ်ကို မျှော်မှန်းတာထက် ဥမင်လိုဏ်ခေါင်းတွေဟာ ပိုမိုကောင်းမွန်သော အဖြေတစ်ခု ဖြစ်တယ်လို့ Muskက ပြောခဲ့ပါတယ်။
ဒီလမ်းကြောင်းကိုလိုက်နာခြင်းဟာ တည်ဆောက်မှုအားလုံးသည် မြေအောက်တွင်ဖြစ်သောကြောင့် ရပ်ရွာလူထုကိုမထိခိုက်စေဘူးလို့ဆိုလိုပါတယ်။
ထို့အပြင် ဒါဟာ လက်ရှိမြို့တည်ဆောက်ပုံများအပေါ် သက်ရောက်မှုများစွာရှိလိမ့်မှာမဟုတ်ပါဘူး။

ဒီအိပ်မက်ရဲ့တစ်စိတ်တစ်ပိုင်းမှာ Los Angeles နဲ့ San Francisco ကဲ့သို့ မြို့ကြီးများ အချင်းချင်း နီးကပ်စွာ ဆက်သွယ်နိုင်ခြင်းများ ပါဝင်ပါတယ်။
ဒါဟာ ကျွန်တော်တို့ကို hyperloop စနစ်ဆီသို့ ပို့ဆောင်ပေးပါတယ်။ အချို့သိပ္ပံပညာရှင်များက ၎င်းဟာလက်တွေ့မကျတဲ့ပန်းတိုင်လို့ဆိုပါတယ်။
သို့သော် Elon Musk က သံသယဝင်သူတွေမှားတယ်ဆိုတာကို အကြိမ်ကြိမ်သက်သေပြခဲ့ပါတယ်။
Hyperloop သည် ပြွန်များမှတဆင့် တစ်နာရီမိုင် ၇၀၀ နှုန်းဖြင့် ချဲ့နိုင်သည့် pods များပါဝင်တဲ့ မြန်နှုန်းမြင့် ခရီးဝေး သယ်ယူပို့ဆောင်ရေးနည်းလမ်းဖြစ်ပါတယ်။
ဒါ့အပြင် Musk က Hyperloop ကိုနေရောင်ခြည်စွမ်းအင်သုံးဖို့ရည်ရွယ်ထားပါတယ်။
အဲ့တာဟာ ပျံသန်းခြင်းထက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရာတွင် ပိုမို ထိရောက်မှုရှိစေပြီး မြို့ကြီးများအကြားသွားလာရေးစရိတ်ကို သိသိသာသာလျော့ကျစေပါတယ်။
အကောင်းဆုံးကတော့ မြန်နှုန်းမြင့်ရထားတစင်းသည် ဒေါ်လာ ၆၈ ဘီလီယံဝန်းကျင်ကုန်ကျနေစဉ် Hyperloop ဟာ ဒေါ်လာ ၆ ဘီလီယံသာ ကုန်ကျပါလိမ့်မယ်။
၅။ Musk Foundation
အရာအားလုံးထက် Elon Musk မှာ သူ့ရဲ့ကိုယ်ပိုင် ဖောင်ဒေးရှင်းရှိပါတယ်။ သူ့ရဲ့လုပ်ငန်းခွဲတွေကို လူသိမများသော်လည်း ၎င်းဟာကမ္ဘာကြီးကို ကူညီရန် အတတ်နိုင်ဆုံးလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
နှစ်စဉ် တစ်နှစ်လျှင် ဒေါ်လာ သန်း ၂၀၀ မှ ၆၀၀ ရှိ အလှူငွေအများစုသည် သဘာဝဘေး ကယ်ဆယ်ရေးအတွက် ဦးတည်ပါတယ်။
ပုံမှန်အားဖြင့် Musk ဖက်ရှင်ပုံစံတွင် အခြားလှူဒါန်းမှုများစွာသည် ကမ္ဘာတစ်ဝှမ်းလှူဒါန်းခဲ့သော နေရောင်ခြည် စွမ်းအင်သုံး စနစ်များကဲ့သို့သန့်ရှင်းသော စွမ်းအင်များနဲ့ သိပ္ပံပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပါတယ်။
အတတ်နိုင်ဆုံးအကျိုးရှိပြီး ကုန်ကျစရိတ်သက်သာစေရန် ကုမ္ပဏီဝက်ဘ်ဆိုက်သည်
- ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုတေသနနှင့်ထောက်ခံမှု
- လူသားအာကာသစူးစမ်းလေ့လာရေးသုတေသနနှင့် ထောက်ခံမှု
- ကလေးနှင့်ပတ်သတ်သော ဆေးပညာသုတေသန
- သိပ္ပံနှင့်အင်ဂျင်နီယာပညာရေး
- လူသားများအကျိုးအတွက်လုံခြုံစိတ်ချရသောဥာဏ်ရည်တုတည်ဆောက်ခြင်း
စတဲ့ ထောက်ပံ့ကြေးငွေများသွားသောနေရာ စာရင်းနဲ့ ရိုးရှင်းတဲ့ စာမျက်နှာပဲဖြစ်ပါတယ်။

တိုက်ရိုက် ကြေညာချက်နဲ့အတူ သင့်ရဲ့အလှူက ဘယ်ကို ရောက်မလဲဆိုတာ တွေးစရာမလိုပါဘူး။
ကုမ္ပဏီများစွာ လည်ပတ်နေတဲ့ကြားက လိုအပ်နေတဲ့ လုပ်ငန်းစဥ် တစ်ခုနဲ့တောင်မှ Elon Musk တစ်ခုချင်းစီ အောင်မြင်နေတာကို မြင်ရတာဟာ အထင်ကြီးစရာပဲဖြစ်ပါတယ်။
Musk ဟာ လျှပ်စစ်ကားများ တိုးတက်မှုကို ရှေ့ဆက်ရန် အတတ်နိုင်ဆုံး ငွေရှိဖို့ သူ့ရဲ့ Tesla လစာကို ငြင်းဆိုခဲ့ပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုကို ဆန့်ကျင်တဲ့ စုရုံးမှုကို ဦး ဆောင်တဲ့သူ တစ်ယောက် ရှိနေတာဟာ အရမ်းကောင်းပါတယ်။
ကျွန်တော်တို့ဟာ ရေရှည်တည်တံ့သော အနာဂတ်အတွက် လမ်းကြောင်းပေါ် မရောက်မီ ရှေ့ဆက်ရမယ့် ခရီးအဝေးကြီးရှိပါသေးတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရန် လှုံ့ဆော်မှုအဖြစ်သုံးဖို့ Elon Musk လို လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို အတုယူနိုင်ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။